ချက်ပြုတ်နည်းများ

Homemade ကြက်ဥ Cheesy Sandwich

ပါဝင်ပစ္စည်းများ

ဆန်းဝှစ်ပေါင်မုန့် (၁) ထုပ်
ထောပတ်
ချိစ်ပြား (၁)ထုပ်
ကြက်ဥ (၁) လုံး
ဂေါ်ဖီထုပ်
မုန်လာဥနီ
ဆား
သကြား
ငြုပ်ကောင်း

ပြုလုပ်နည်းအဆင့်ဆင့်

ဂေါ်ဖီ နှင့် မုန်လာဥနီကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ပြီးလျင် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ရောသမအောင်မွှေပေးပါ။

ပန်ပြားအား အပူပေးပြီးပါက ထောပတ်အနည်းငယ်ထည့်ပါ။ ရောမွှေထားသော ဂေါ်ဖီ၊ မုန်လာဥနီနှင့် ကြက်ဥတို့အားရောကြော်ပေးပါ။

ပေါင်မုန့်အား ထောပတ်သုတ်ပြီး မီးကင်ပြီးပါက ပေါင်မုန့်ပေါ်သို့ ချိစ်ပြား၊ ကြက်ဥကြော်တင်ပြီး ခရမ်းချဉ်သီးဆော့ဆမ်းပြီး သကြားအနည်းငယ်ဖြူးပြီးပါက အရသာရှိသော ချိစ်ဆန်းဝှစ်ပေါင်မုန့်ကို သုံးဆောင်နိုင်ပါပြီ (မိမိကြိုက်နှစ်သက်ရာ အသီးအရွက်နှင့် အသားတို့ကိုလဲ ပြင်ဆင်ထပ်ထည့်နိုင်ပါတယ်)

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top