အင်းဆက်ပိုးကောင်တွေကို စားသုံးတဲ့ အလေ့အထဟာ အာရှတစ်ခွင်မှာ တော်တော်လေးတွေ့ရပါတယ်။စာရေးသူတို့ မြန်မာမှာဆိုရင် ပိုးဟပ်စားတဲ့ အလေ့အထကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သမရိုးကျမဟုတ်တဲ့ အင်းဆက်တွေစားတဲ့ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကဲဘယ်နိုင်ငံမှာ ဘယ်အင်းဆက်တွေကို ဘယ်လိုစားကြလည်းဆိုတာ ဆက်ကြည့်ကြရအောင်နော်။
ဘန်ကောက်ညစျေးမှ အင်းဆက်အစုံကြော်
ဘန်ကောက်ရောက်ခဲ့ရင် ညစျေးတွေမှာ အင်းဆက်အစုံကို အကြွပ်ကြော် ပြီးရောင်းနေတာကိုတွေ့ရမှာပါ။ ဖားလေးတွေတောင်ပါတတ်ပါသေးတယ်။
ရေပိုး၊ ဓားခုတ်ကောင် အပြင် ပိုးစာအစရှိတာတို့ပါတတ်ပါတယ်။
ဗီယက်နမ်မှပိုးကောင်ပန်ကိတ်
ဗီယက်နမ်နိုင်ငံမှ ရာသီစာပါ ပိုးကောင်လေးတွေက ရေနေပိုးကောင်လေးတွေမို့ စားရင် အာဟာရရှိတယ်လို့လည်းဆိုကြပါတယ်။
ပန်ကိတ်ကြော်စားသလို မုန့်နှစ်နဲ့ကြော်စားရတာပါ။
အင်ဒိုနီးရှားမှ ပင့်ကူကြော်
တောပင့်ကူ အမဲရောင်ကြီးတွေကို ကြော်စားကြတာပါ။ အဆိပ်မရှိတဲ့ မျိုးနွယ်ကိုတော့ ရွေးစားရပါတယ်တဲ့။ အရှင်လက်လက်ဖမ်း ရေနဲ့ဆေးပြီး ဂျင်းနဲ့ကြက်သွန်ဖြူ ဆီသတ်ထားတဲ့ ဆီပူပူထဲကို ကြွပ်နေတဲ့အထိ ကြော်စားကြတာပါ။
ဖိလစ်ပိုင်မှ ကင်းမြီးကောက်ကင်
ဖိလစ်ပိုင်နိုင်ငံမှာတော့ ကင်းမြီးကောက်ကို သဘာဝအတိုင်း ကင်စားကြပါတယ်။ အဆိပ်မပါအောင် အမြီးထိပ်လေးတော့ချိူးရတာပေါ့နော်။
တရုတ်ပြည်မှ ဝါးပိုး
ရန်ကုန်က တရုတ်တန်းမှာတောင်တော်တော်နာမည်ကြီးပါတယ်။
လှုပ်လှုပ်နဲ့ စားရတာအသည်းယားဖို့ကောင်းပေမဲ့ တော်တော်လေးတော့ အရသာရှိပါတယ်။စျေးလည်းကြီးပါတယ်။
အညာဒေသက ခါချဉ်ကောင်
ပရိတ်သတ်ကြီးတို့တော့မသိ ။ စာရေးသူကတော့ တောဘက်မှာကြီးပြင်းခဲ့ရသူမို့ ခါချဉ်ကောင်အရှင်ကို မန်ကျဉ်းရွက်နဲ့ လုံးစားတာကမစိမ်းပါဖူး။ချဉ်ပြုံးပြုံးလေးပါနော်။
ကဲ ပရိတ်သတ်ကြီးတို့လည်း ခရီးတွေသွားလို့ ကြုံလာခဲ့ရင် မြည်းစမ်းစားဖို့ မမေ့ကြနဲ့နော်။
