ဒိုးမယ်ကိုအမြဲ အားပေးနေကြတဲ့သူများအတွက် မီးဖိုချောင်ကို မပျင်းမရိ ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲဆိုတဲ့အကြံညဏ်လေးပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ မြူးမြူးကြွကြွသီချင်းလေးကို ဖွင့်ပေးပါ ။
သီချင်း မြူးမြူးလေးက စိတ်ကို လဲလန်းဆန်းသလို မြူးမြူးကြွကြွနဲ့အလုပ် အမြန်ပြီးနိုင်ပါတယ်။
ညစ်ပေနေတဲ့နေရာတွေကို ချေးချွတ်ဖို့အတွက် Dettol ဆပ်ပြာတဗူးကိုဝယ်ပါ
အဝတ်စုတ်တခုကိုယူပါ ပြီးလျင်လက်အိတ်စွပ်ပြီး ညစ်ပေနေတဲ့နေရာတွေကို စပြိး သန့်ရှင်းရေးလုပ်ပါ ။ Dettol ဆပ်ပြာက ချေးပြောင်ယုံသာမက ပိုးတွေလဲသေစေနိုင်တာကြောင့် အလွန်အသုံးဝင်ပါတယ်။
ရေခဲသေတ္တာထဲမှာ ရှိနေတဲ့ ပစ္စည်းအားလုံးကိုထုတ်ပါ
ကိုယ့်အတွက်အသုံးမဝင်တဲ့ မကောင်းတော့တဲ့ အစားအသောက်တွေကို မနှမြောပဲ ပစ်ထုတ်ပါ။ အသီးအနှံများကို ပလတ်စတစ်အိတ်အပါးနဲ့ ပြန်ပြီးတော့ ထုတ်ပိုးပါ။ မီးဖိုချောင်ကိုသန့်ရှင်းအောင်ထားခြင်းဖြင့် စိတ်လည်းကြည်လင်လန်းဆန်းနိုင်သလို မညစ်ပတ်နေတော့တဲ့ မီးဖိုချောင်က ကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ် ။
