Lifestyle

အခွံ ခွှာထားတဲ့ ဟာတွေကို မလွှတ်ပစ်ဘဲ ဘယ်လို ပြန်သုံးကြမလဲ

ဒိုးမယ်ကိုအားပေးနေကြတဲ့ထဲမှာ အိမ်ထောင်ရှင်မမ တွေကိုကိုတွေပါမယ်ထင်တယ် ။

အိမ်ထောင်ရှင် တွေအတွက် အလွန်အသုံးဝင်တဲ့ မီးဖိုချောင် မှာအသုံးပြုပြီးသားပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့နည်းကို share ချင်ပါတယ်နော် ။

အိမ်မှာ ပန်းအိုးလေးတွေ စိုက်နေတဲ့သူဆိုရင် အသီးတွေနွာပြီးလို့ပိုတဲ့အခွံတွေကို မြေသြဇာအဖြစ်ပြန်လည်အသုံးပြုလို့ရပါတယ်နော် ။ အသုံးပြုနည်းလေးကတေ့ာနွာ ပြီးသား အခွံတွေကို အရင်ဆုံး အခြောက်ခံလိုက်ပါ ပီးရင် စိုက်ထားတဲ့ ပန်းအိုးထဲမှာ မြေဆွေးတွေနဲ့ရောပီး ပြန်လည်အသုံးပြု ပေးပါ အခွံမှာပါဝင်တဲ့ protein ဓါတ်တွေက စိုက်ထားတဲ့အပင်ကို ပိုပြီးကြီးထွားဖို့အားပြုစေမှာဖစ်ပါတယ်။

ဒုတိယအနေနဲ့ အသုံးပြုပြီးသားသံပုရာခွံတွေကို ပန်းကန်ဆေးတဲ့နေရာမှာ ပြန်လည်အသုံးပြု နည်းလေးပဲဖြစ်ပါတယ်။ အသုံးပြုနည်းလေးကတော့ မိမိ အသုံးပြုနေကျဆပ်ပြာခွက်ထဲပဲဖြစ်ဖြစ် ဗူးထဲပဲဖြစ်ဖြစ် ရေနဲ့ဆပ်ပြာအနည်းငယ်ရောပြီး သံပုရာခွံတွေ ထည့်ပြီးပြန်လည်အသုံးပြုနည်းပဲဖြစ်ပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ soft acid က ပိုးတွေကိုသေစေနိုင်တဲ့အပြင် သံပုရာအနံကလဲ မွေးနေတာကြောင့် ပြန်လည်အသုံးပြုဖို့ အလွန်သင့်တော်ပါတယ်နော်။ ဒါ့အပြင် အသားစိမ်းငါးစိမ်း ကိုင်လာပြီးလို့ လက်တွေ အနံစွဲနေရင်လဲ အသုံးပြုပြီးသား သံပုရာသီးနဲ့ပွတ်ပေးယုံဖြင့် အနံစွဲနေတာတွေကိုပျောက်စေပါတယ်နော်။ ဒိုးမယ် ကိုအားပေးနေတဲ့ အိမ်ထောင်ရှင်ကိုကိုမမတွေ အသုံးပြုဖို့မမေ့ကြနဲ့နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top