Lifestyle

ဘန်ကောက်ရောက်ရင် မဖြစ်မနေ စားရမဲ့အစားအစာ (၅) မျိူး


အခုဆိုရင် ကမ္ဘာကြီးက နည်းပညာတိုးတက်မှုတွေကြောင့် ရွာတစ်ရွာလိုတောင်ကျဉ်းလို့နေပါပြီ။
မြန်မာနိုင်ငံ ကနေ ထိုင်းနိုင်ငံကိုတောင် အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာလို့ရအောင် အကုန်အကျ သက်သာတဲ့ အပြင် သွားလာရတာကလည်း မခက်ခဲတော့ပါဖူး။
အခုနောက်ပိုင်းဆိုရင် ဘန်ကောက်ကို အလည်သွားတဲ့ သူတွေ တော်တော်များများ တွေ့ရပါတယ်။
ဒီဆောင်းပါးလေးမှာတော့ ဘန််ကောက်မြို့ကို ရောက်ရင် မဖြစ်မနေ စားရမဲ့ ဟင်းလျာ (၅) မျိူးကို ဖော်ပြပေးထားပါတယ်။
၁။ကွေ့တီယို


လမ်းမတွေ အထက်မှာလှည်းလေးတွေနဲ့ ရောင်းပြီးတော့ တကယ့် ကွေ့တီယို အရသာစစ်စစ်ကို ခံစားရစေမှာပါ။ စျေးလည်းသက်သာပြီး အများကြီးလည်းပါတာမို့ လုံးဝတန်ပါတယ်။

၂။မူပင်း နဲ့ ကောက်ညှင်းပေါင်း


မူပင်းဆိုတာကတော့ ဝက်သားပြားကို အချိူရည်စမ်းပြီး ကင်ထားတာပါ။ အဲ့ဒီ ဝက်သားပြားကင်ကို ကောက်ညှင်းပေါင်းနဲ့စားရတာပါ။ လမ်းဘေးစာဆိုပေမဲ့ အရသာကတော့ လုံးဝကိုလျာလည်စေမှာပါ။

၃။သင်္ဘောသီးထောင်း


ယိုးဒယားသင်္ဘောသီးထောင်း စစ်စစ်ကိုခံစားလို်က်ပါ။ ကိုယ်ကြိုက်ရင်ကြိုက်သလို အသားငါးတွေထည့်လို့ရပါသေးတယ်။ ကဏန်းနဲ့ကတော့ အလိုက်ဖက်ဆုံးပါပဲ။

၄။အစိမ်းရောင်ဟင်း


ယိုးဒယားအစိမ်းရောင်ဟင်း ( Green Curry ) ကတော့ လုံးဝကိုမြည်းသင့်ပါတယ်။ မြန်မာ့ဟင်းတွေနဲ့ တူတယ်လို့ထင်ရပေမဲ့ တကယ့်အရသာမှာတော်တော်လေးကွာခြားပါတယ်။

၅။ယိုးဒယားရွှေရင်အေး


အချိူကြိုက်တဲ့သူတွေ အတွက်ကတော့ တော်တော်ပနံသင့်မှာပါ။
အရမ်းကို အချိူအစိမ့်တွေ များလို့ပါပဲ။ အစပ်တွေစားပြီးရင်တော့ အချိူတည်းလို့ရမှာပါ။

ဘန်ကောက်များရောက်ခဲ့လို့ရှိရင်တော့ ဒီ ၅ မျိူးကို မရှောင်လိုက်ပါနဲ့နော်။
အချိန်ပေးပြီးလည်းပတ်စားဖိို့မလိုတဲ့အပြင် စျေးလည်းသက်သာလို့ မြည်းစမ်းကြည့်ကြပါလို့
မှာကြားရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top