Lifestyle

သီတင်းကျွတ်မှာ ဘယ်လိုလက်ဆောင်တွေနဲ့ လူကြီးတွေကို ကန်တော့မလည်း

ဝါလကင်းလွတ် သီတင်းကျွတ်လည်းရောက်ပြီဆိုတော့ မြန်မာလူမျိူးတို့ရဲ့ ဓလေ့ရိုးရာအတိုင်း လူကြီးမိဘတွေကို ဂါရဝပြုဖို့ အချိန်ကျရောက်လို့လာပါပြီ။
ဒီလိုအချိန်မှာ ဘာဝယ်ပြီးကန်တော့ရမလည်းလို့တွေးနေရတာ ခေါင်းကိုက်ပါတယ်။ ခေါင်းကိုက်မခံပါနဲ့။ အောက်မှာသာ ဆက်ပြီးဖတ်လိုက်ပါ။လမ်းညွှန်လေးရေးပေးထားပါတယ်။
လူကြီးမိဘတွေအတွက်လက်ဆောင်ဝယ်တဲ့နေရာမှာ-
၁။မိမိရဲ့ သုံးနိုင်တဲ့ငွေအတိုင်းအတာပမာဏကိုကြည့်ပါ။ လူကြီးတွေဟာ နှမြောတတ်ကြပါတယ်။ စျေးကြီးပြီး သူတို့အတွက် အသုံးမဝင်ရင်အလကားပါပဲ။ အိုဗာတင်း၊ ကြက်ပေါင်းရည် နဲ့ Ensureကဲ့သို့ အာဟာရဖြည့်စွက်စာတွေဟာ ကျန်းမာရေးအတွက်တကယ်အထောက်အကူဖြစ်စေတဲ့အတွက် ဦးစားပေး တွေးစေလိုပါတယ်။
၂။ကို်ယ်တိုင်မုန့်လုပ်သွားပါ။ မြန်မာမုန့်လေးတွေကို ကိုယ်တိုင်ကြိုးစားလုပ်သွားသင့်ပါတယ်။ ဝယ်လို့ရတာမှန်ပေမဲ့ လူကြီးမိဘတွေရဲ့ ရင်ထဲက ခံစားချက်ကတော့တူမယ်မထင်ပါဖူး။
၃။ ကြာရှည်ခံတဲဲ့ အခြောက်အခြမ်းလေးတွေဝယ်ပေးရင်လည်း အဆင်ပြေပါတယ်။
ဆန် နှင့် ဆီဆိုရင် တန်ဖိုးအရလည်းမနည်းသလို နေ့စဉ်အသုံးဝင်မှာပါ။
၄။စာအုပ်လေးတွေတော့မပါမနေ ကန်တော့ပါ။ ခေတ်လူငယ်တွေကတော့ စာဖတ်အားနည်းပေမဲ့ လူကြီးတွေကတော့ စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ ဆောင်ပုဒ်ကို ရင်ဝယ်ပို်က်နေကြတုန်းပါပဲ။
၅။ ငွေသားလည်းထည့်ကန်တော့ပါ။ လူကြီးတွေမှာ လိုချင်တာလေးတွေရှိပေမဲ့ သားသမီးတွေအပေါ် ဝန်ပိမှာစိုးတဲ့ အတွက် ထုတ်ပြောလေ့မရှိပါဖူး။
၆။မုန့်ဖိုးပြန်တောင်းဖို့ မမေ့ပါနဲ့။ ရိုးရာမပျက်ရလေအောင် နည်းနည်းတော့ပြန်တောင်းပါ။ စာရေးသူလုပ်နေကျပါရှင်။
ကဲ….. သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့
စာဖတ်ပရိသတ်ကြီးတို့ကို ဆုမွန်ကောင်းတောင်းပေးရင်း……။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top