မြန်မာ

တောင်ပေါ်မြေက ရှမ်းဟင်းထုပ်

ချက်ပြုတ်နည်းအဆင့်ဆင့်

– ဝက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်းပေးပါ။ (ဝက်သားအစား မိမိကြိုက်နှစ်သက်ရာ အသားကိုလဲ ရွေးချယ်လို့ရပါတယ်)
– ပန်ကန်းလုံးထဲ၌ ဝက်သား၊ ကော်မှုန့်၊ ဆား၊ ကြက်သားမှုန့် ၊ ခရုဆီ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ဆီ (အနည်းငယ်)၊ ရေ (အနည်းငယ်) ထည့်ပြီး သမအောင်နယ်ပြီး ၁၅ မိနစ်ခန့် အရသာဝင်အောင်နှပ်ပေးထားပါ။ (အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းထည့်နိုင်ပါတယ်)
– ငှက်ပျောရွက်ကို မီကင်ထားပါ။ ပြီးလျင် ငှက်ပျောရွက်ထဲကို မိမိစိတ်ကြိုက် အရွယ်တော် ထုပ်ပြီး မိနစ် (၃၀) ခန့် ပေါင်းအိုးထဲထည့်ပေါင်းပေးပါ။
– ဆီချက်အတွက် ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ထားပါ။
– ပေါင်းထားသော ဟင်းထုပ်များကျက်လျှင် အပေါ်မှ ကြက်သွန်ဖြူ ဆီချက်မွှေးမွှေးလေးကို လောင်းထည့်ုုပြီး အရသာရှိတဲ့ ရှမ်းဟင်းထုပ်လေးကို သုံးဆောင်လို့ရပါပြီ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top