ချက်ပြုတ်နည်းများ

ထူးထူးခြားခြားကြက်သားကင်နည်းများ


ကြက်သားကို ဘယ်လိုများ ထူးထူးခြားခြားကင်လည်း တွေးနေကြပြီလား။
အမှန်တော့ စာရေးသူလည်းတော်တေ်ာလေး အံ့ဩခဲ့ရတာပါ။
အမှန်တကယ်ကို ထူးခြားပါတယ်။ကင်နည်းကတော့ နှစ်မျိူးပါ။ ထိုင်းလူမျိူးတွေကင်တဲ့နည်းနဲ့ ဗီယက်နမ်လူမျိူးတွေကင်တဲ့နည်းပါ။
ထိုင်းတွေကင်တဲ့နည်းလေးကို စာရေးသူခေါ်တာကတော့ ကြက်သားသံပုံး ကင်နည်းပါ။ ကြက်တစ်ကောင်လုံးကို သန့်ရှင်းပြီး အတွင်းထဲကို အစာသွပ်ရပါတယ်။ အစာကတော့ စပါးလင်၊ ဂျင်း ၊ နံနံပင် နဲ့ ရှမ်းနံနံတို့ ပဲ ဖြစ်ပါတယ်။ ဆားနဲ့ ငရုတ်ကောင်းပဲ ဖြူးပါတယ်။ နောက်မြေကြီးပေါ်မှာ သံငုတ်စိုက်ပါ။ သံငုတ်က မြေပြင်ထက် ကိုးလက်မလောက်တက်နေရင် ရပါပြီ။ မြေပြင်ပေါ်က ငုတ်မှာ ကြက်အကောင်လိုက်ကို ထိုးစိုက်လိုက်ပါ။ အရေးကြီးတာက ကြက်ခြေထောက်နှစ်ချောင်းကို ဖင်အပေါက်ထဲ ပြန်ထိုးထည့်ပြီး တစ်ကိုယ်လုံးကို ပြန့်မထွက်သွားအောင် ကြိုးတုပ်ပါ။ နောက်ပြီး လေးထောင့်သံပုံးနဲ့အုပ်ပြီး အပေါ်ကနေ ကောက်ရိုးခြောက်တွေနဲ့ အုပ်ရပါတယ်။ပြီးတာနဲ့ ကောက်ရိုးတွေကို မီးမြိုက်ရပါတယ်။ ကောက်ရိုးကုန်တာနဲ့ ထပ်ဖြည့်ပါ။ ၄၅မိနစ်ကျော်ကျော်တောက်လျောက်ကင်ပေးပါ။ ထို့နောက် သံပုံးကိုလှန်လိုက်ပါက အရမ်းကိုနူးညံ့ပြီး အရသာရှိတဲ့ ကြက်ကင်က ပရိသတ်ကြီးတို့ကို စောင့်နေပါတယ်။ သုံးဆောင်ပါတော့ရှင်။

နောက်တစ်နည်းကတော့ တောထဲတောင်ထဲမှာဆို တော်တော်လေး အဆင်ပြေစေမဲ့ နည်းပါ။ ကြက်အကောင်လိုက်ကို အမွှေးမနှုတ် အတွင်းကိုသန့်ရှင်းပြီး ရွှံနဲ့ လုံးရပါတယ်။ ပြီးတာနဲ့ ကောက်ရိုးမီးနဲ့ မြိုက်ရပါတယ်။ ရွှံတွေ မာလာရင်တော့ ကျက်ပါပြီ။ တစ်ခုရှိတာက ဘာမှလည်း အစာမသွပ်ရပါဖူး ၊ ဘာမှလည်း မဖြူးရပါဖူ။ ကြက်က လတ်ဆတ်နေဖို့တော့လိုပါတယ်။ ကျက်သွားပြီဆိုရင် ရွှံတွေခွာချရင် အမွှေးတွေပါ ကပ်ပါလာမှာပါ။ သံပုရာရည် ၊ ငရုတ်သီးထောင်း နှင့် ရှမ်းနံနံ ဖြူးထားတဲ့ အချဉ်နဲ့ စားသုံးလို့ရပါတယ်။
စာရေးသူကတော့ စမ်းသပ်ပြီးပါပြီ။ အောင်မြင်ပါတယ်။
ပရိတ်သတ်ကြီးလည်း စမ်းကြည့်ပြီး ပြန်လည်ဝေဖန်ပေးကြအုန်းနော်။
ကဲ ဒီမှာပဲ နားခွင့်ပြုပါနော်။
ပရိသတ်ကြီးတို့ အားအကောင်းဆုံးများပိုင်ဆိုင်စေရန်ဆုတောင်းလျက်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top