ပါဝင်ပစ္စည်းများ
ကြက်ခြေထောက် ( ၂၅ ကျပ်သားခန့်)
ကိုရီးယား ငရုတ်အနှစ် (ဗူးသေး ၁ ဗူး)
ကြက်သွန်ုဖြူ ( ရှမ်းတက် ၅ မွှာခန့်)
ကြက်သွန်နီ (၂ လုံး)
ကြက်သွန်မြိတ်
ကရဝေးရွက် (၂ ရွက်)
ရှာလကာရည် (အနည်းငယ်)
နနွင်းမှုန့် ( ထမင်းစားဇွန်း ၁ ဇွန်းခန့်)
ဂျင်း ( အနည်းငယ်)
နှမ်း (အနည်းငယ်)
ခရုဆီ ( အနည်းငယ်)
ချက်ပြုတ်နည်း အဆင့်ဆင့်
• ကြက်ခြေထောက်များကို ရေဆေးသန့််စင်ပြီးပါက ကြက်သွန်နီ (၂ ခြမ်း) ၊ ကရဝေးရွက် (၂)ရွက်ခန့်၊ ရှာလကာရည် ထည့််၍ နူးအိသွားသည်အထိပြုတ်ပေးပါ။
• ငရုတ်အနှစ်ထဲသို့ ဂျင်း၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)၊ ခရုဆီတို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။
• ကြက်ခြေထောက်များကို ဆယ်ထားပါ။
• ပြီးလျှင် နူးအိအောင်ပြုတ်ထားသော ကြက်ခြေထောက်များနှင့် ငရုပ်အနှစ်အား ရောနယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပေးပါ။
• ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်မြိတ်တို့အားရောပြီး ဆီသက်ပေးပါ။
• ကြက်သွန်များနွမ်းလာလျင် နှပ်ထားသော ကြက်ခြေထောက်များကို (၅) မိနစ်ခန့် ရောကြော်ပေးပါ။
• နောက်ဆုံးတွင် အပေါ်မှ နှမ်းအနည်းငယ်ဖြုးပြီးပါက အရသာရှိသော ကိုရီးယားကြက်ခြေထောက်အစပ်ကြော်လေး ရပါပြီ။
[Zawgyi]
ပါဝင်ပစ္စည်းများ
ကြက်သွန်နီ (၂ လုံး)
ကြက်သွန်မြိတ်
ကရဝေးရွက် (၂ ရွက်)
ရှာလကာရည် (အနည်းငယ်)
ဂျင်း ( အနည်းငယ်)
နှမ်း (အနည်းငယ်)
ခရုဆီ ( အနည်းငယ်)
- ကြက်ခြေထောက်များကို ရေဆေးသန့််စင်ပြီးပါက ကြက်သွန်နီ (၂ ခြမ်း) ၊ ကရဝေးရွက် (၂)ရွက်ခန့်၊ ရှာလကာရည် ထည့်၍ နူးအိသွားသည်အထိပြုတ်ပေးပါ။
