Uncategorized

အိမ္ရွင္မမ်ားအတြက္ မီးဖုိေခ်ာင္တြင္း အသုံးခ်နည္း (၈) မ်ိဴး

ဒီတစ္ပတ္မွာေတာ့ အိမ္ရွင္မမ်ားအတြက္ မီးဖုိေခ်ာင္ထဲမွ တခ်ိဴ႕ေသာအရာေလးေတြကုိ ဘယ္လုိတာရွည္ခံျပီး ေသေသသပ္သပ္သိမ္းဆည္းရမလဲ ဆုိတာေလးေတြကို ေျပာျပေပးပါမယ္ေနာ္။

၁။ ၾကက္သြန္နီ

ၾကက္သြန္နီ ဆီသတ္ဖို႔အတြက္ကေတာ့ ၾကက္သြန္နီကုိ နုတ္ႏုတ္စင္းျပီး ဆီထဲစိမ္ထားလုိ႕ရပါတယ္။ ခ်က္ခါနီးမွ ခပ္ယူကာဆီသတ္္လုိက္ရုံပါပဲ။

၂။ သံပုုရာသီး

သံပုရာသီးလွီးျပီးသားေလးေတြကုိ သိမ္းခ်င္ရင္ေတာ့ ေၾကြပန္းကန္ေလးေပၚတင္္ျပီး အေပၚကေန ဖန္ခြက္ေလးနဲ႕သာအုပ္ထားလုိက္ပါ။ တာရွည္အထားခံေနေစမွာပါ။

၃။ အသားငါးမ်ား

မသိမ္းခင္မွာ ေသခ်ာေရေဆး ကို္င္တြယ္ျပီး ခ်က္မဲ့အေနအထားကုိ ခုတ္ထစ္ထားပါ။ ထုိ႔ေနာက္ အစားအေသာက္ပတ္တဲ႔ ပလတ္စတစ္စနဲ႔ ပတ္ကာ ေလေကာေရေကာမက်န္ေအာင္ ေသခ်ာထုပ္ျပီးခဲပါ။ ခ်က္ခါနီး အုိးတစ္အိုးထဲေရစိမ္ျပီး အသင့္ခ်က္နုိင္ပါတယ္။

၄။ အရြက္မ်ား

အရြက္ေတြဟာ မသိမ္းတတ္ရင္ ႏြမ္းဖို႔ အရမ္းလြယ္ကူပါတယ္။ အရင္ဆုံးေရနဲ႔ စင္ေအာင္ေဆးေၾကာပါ။ ထို႕ေနာက္လွီးခၽြတ္ျပီး မီးဖုိေခ်ာင္သုံး တစ္ရွဴးနဲ႔ ေရေငြ႔မ်ားကုန္ေအာင္ ခဏအုပ္ထားပါ။ ထုိ႔ေနာက္ ပလတ္စတစ္ဗူးထဲထည့္ကာ သိမ္းဆည္းပါ။

၅။ မုန္႔ထုပ္မ်ား

ေဖာက္တဲ့အခါထဲက အနားကေနကတ္ေၾကးနဲ႔ ေသခ်ာညွပ္ေဖာက္ပါ။ သိမ္းခ်င္ရင္ မီးနဲ႔အပူေပးကာ ပိတ္လုိက္ရုံပါပဲ။

၆။ လက္ဖက္ေျခာက္ထုပ္မ်ား

သုံးျပီးသားလက္ဖက္ေျခာက္မ်ားကို ျပန္လည္သိမ္းဆည္းျပီး ေနပူလွန္းကာ သိမ္းဆည္းပါ။ ျပန္လည္ေသာက္သုံးလုိ႕ရပါတယ္။ တစ္ခါေလာက္ျပန္လည္ သုံးတာပါေနာ္။

၇။ ခရမ္းခ်ဥ္သီး

တကယ္လုိ႕မ်ား ခရမ္းခ်ဥ္သီးေတြပိုဝယ္မိရင္ေတာ့ သိပ္စိတ္မပူပါနဲ႔။ ေနပူျပင္းျပင္းထဲမွာေရေဆးျပီးလွန္းလုိက္ပါ။ ေရေဆးျပီးရင္ေရေျခာက္ေအာင္ သုတ္ဖုိ႔မေမ႔နဲ႔ေနာ္။ သုံးခါနီးက်ရင္ ေရေႏြးပူပူထဲစိမ္ျပီးထည့္ခ်က္လုိက္ရုံပါပဲ။

၈။ ထမင္းအက်န္မ်ား

ထမင္းေတြက်န္ျပီး ေကာင္းေနေသးရင္ ပစ္ဖုိ႕မၾကိဳးစားပါနဲ႔။ ထမင္းေတြကုိဖြျပီး ေနလွန္းလုိက္ပါ။ အခ်ိန္မေရြး ထမင္းဂ်ိဴးေၾကာ္ကုိ ေၾကာ္စားလုိ႕ရပါတယ္။

ဒီ (၈) မ်ိဴးေလာက္နဲ႔ဆုိ အိမ္မွာ အေလအလြင့္မ်ားမွာစိတ္မပူရေတာ့ဖူးေနာ္။

အစားအသာက္နဲ႕ပတ္သက္တဲ့ အေၾကာင္းအရာ ဗဟုသုတအစံုအလင္ကို ေလ့လာသိရွိခ်င္တယ္ဆိုရင္ေတာ့ Doemal Website မွာ ၀င္ေရာက္ဖတ္ရႈဖို႕ ဖိတ္ေခၚပါရေစေနာ္……

Doemal ကုိအားေပးဖတ္ရွဴတဲ႔အိမ္ရွင္မမ်ားအားလုံး က်န္းမာေစေၾကာင္း ဆုေတာင္းရင္း ဒီမွာပဲ ဒီေဆာင္းပါးေလးကုိ အဆုံးသတ္ပါရေစ။

[Unicode]

ဒီတစ်ပတ်မှာတော့ အိမ်ရှင်မများအတွက် မီးဖိုချောင်ထဲမှ တချိူ့သောအရာလေးတွေကို ဘယ်လိုတာရှည်ခံပြီး သေသေသပ်သပ်သိမ်းဆည်းရမလဲ ဆိုတာလေးတွေကို ပြောပြပေးပါမယ်နော်။

၁။ ကြက်သွန်နီ

ကြက်သွန်နီ ဆီသတ်ဖို့အတွက်ကတော့ ကြက်သွန်နီကို နုတ်နုတ်စင်းပြီး ဆီထဲစိမ်ထားလို့ရပါတယ်။ ချက်ခါနီးမှ ခပ်ယူကာဆီသတ််လိုက်ရုံပါပဲ။

၂။ သံပုုရာသီး

သံပုရာသီးလှီးပြီးသားလေးတွေကို သိမ်းချင်ရင်တော့ ကြွေပန်းကန်လေးပေါ်တင််ပြီး အပေါ်ကနေ ဖန်ခွက်လေးနဲ့သာအုပ်ထားလိုက်ပါ။ တာရှည်အထားခံနေစေမှာပါ။

၃။ အသားငါးများ

မသိမ်းခင်မှာ သေချာရေဆေး ကို်င်တွယ်ပြီး ချက်မဲ့အနေအထားကို ခုတ်ထစ်ထားပါ။ ထို့နောက် အစားအသောက်ပတ်တဲ့ ပလတ်စတစ်စနဲ့ ပတ်ကာ လေကောရေကောမကျန်အောင် သေချာထုပ်ပြီးခဲပါ။ ချက်ခါနီး အိုးတစ်အိုးထဲရေစိမ်ပြီး အသင့်ချက်နိုင်ပါတယ်။

၄။ အရွက်များ

အရွက်တွေဟာ မသိမ်းတတ်ရင် နွမ်းဖို့ အရမ်းလွယ်ကူပါတယ်။ အရင်ဆုံးရေနဲ့ စင်အောင်ဆေးကြောပါ။ ထို့နောက်လှီးချွတ်ပြီး မီးဖိုချောင်သုံး တစ်ရှူးနဲ့ ရေငွေ့များကုန်အောင် ခဏအုပ်ထားပါ။ ထို့နောက် ပလတ်စတစ်ဗူးထဲထည့်ကာ သိမ်းဆည်းပါ။

၅။ မုန့်ထုပ်များ

ဖောက်တဲ့အခါထဲက အနားကနေကတ်ကြေးနဲ့ သေချာညှပ်ဖောက်ပါ။ သိမ်းချင်ရင် မီးနဲ့အပူပေးကာ ပိတ်လိုက်ရုံပါပဲ။

၆။ လက်ဖက်ခြောက်ထုပ်များ

သုံးပြီးသားလက်ဖက်ခြောက်များကို ပြန်လည်သိမ်းဆည်းပြီး နေပူလှန်းကာ သိမ်းဆည်းပါ။ ပြန်လည်သောက်သုံးလို့ရပါတယ်။ တစ်ခါလောက်ပြန်လည် သုံးတာပါနော်။

၇။ ခရမ်းချဉ်သီး

တကယ်လို့များ ခရမ်းချဉ်သီးတွေပိုဝယ်မိရင်တော့ သိပ်စိတ်မပူပါနဲ့။ နေပူပြင်းပြင်းထဲမှာရေဆေးပြီးလှန်းလိုက်ပါ။ ရေဆေးပြီးရင်ရေခြောက်အောင် သုတ်ဖို့မမေ့နဲ့နော်။ သုံးခါနီးကျရင် ရေနွေးပူပူထဲစိမ်ပြီးထည့်ချက်လိုက်ရုံပါပဲ။

၈။ ထမင်းအကျန်များ

ထမင်းတွေကျန်ပြီး ကောင်းနေသေးရင် ပစ်ဖို့မကြိုးစားပါနဲ့။ ထမင်းတွေကိုဖွပြီး နေလှန်းလိုက်ပါ။ အချိန်မရွေး ထမင်းဂျိူးကြော်ကို ကြော်စားလို့ရပါတယ်။

ဒီ (၈) မျိူးလောက်နဲ့ဆို အိမ်မှာ အလေအလွင့်များမှာစိတ်မပူရတော့ဖူးနော်။

အစားအသာက်နဲ့ပတ်သက်တဲ့ အကြောင်းအရာ ဗဟုသုတအစုံအလင်ကို လေ့လာသိရှိချင်တယ်ဆိုရင်တော့ Doemal Website မှာ ဝင်ရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်……

Doemal ကိုအားပေးဖတ်ရှူတဲ့အိမ်ရှင်မများအားလုံး ကျန်းမာစေကြောင်း ဆုတောင်းရင်း ဒီမှာပဲ ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top