ကီတိုဝိတ်ချနည်းဆိုတာ အခုတစ်လော ခေတ်စားလာတာနဲ့ အမျှ စာရေးသူလည်း မနေနိုင်ပဲ စပ်စုပြီး လေ့လာပြုစုစမ်းသပ်ကာ ရေးသားလိုက်ရပါတော့တယ်။ ကို်ယ်တိုင် စမ်းသပ်ကြည့်သလောက်တော့ အာနိသင်ပြတာနှေးပေမဲ့ ကျန်းမာရေး ပြောင်းလဲလာတာကတော့ တော်တော်လေး သိသာပါတယ်။ လှုပ်ရရှားရတာတွေ နောက်ပြီး အိမ်သာနဲ့ ပတ်သတ်တဲ့ အလေ့အထတွေဟာ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲလာကြောင်း တွေ့ရပါတယ်။ နောက်တစ်ခုက အသားအရေတွေလည်း တော်တော်လေးပြောင်းလဲဲလာတာကိုတွေ့ရပါတယ်။ ကီတိုနည်းရဲ့ အဓိက အချက််လေးတွေကို သိသလောက် နဲ့ ကြုံတွေ့ရသလောက်လေး ပြောပြပေးထားပါတယ်။
၁။ ကစီဓာတ်ကိုရှောင်ပါ။
ကစီဓာတ်က လူကို တော်တော်လေးဝိတ်တက်စေပါတယ်။ အဓိကကတော့ ကစီဓာတ်ဟာ ပေါင်မုန့်၊ ခေါက်ဆွဲ နှင့့် ဆန် အစရှိတဲ့အစားအစာတွေမှာ ပါဝင်မှုအများဆုံးပါ။ကစီဓာတ်ကိုလုံးဝဖြတ်ရမှာပါ။ မနေနိုင်ရင်တော့ တစ်ပတ်တစ်ရက်အနည်းဆုံးစားပေါ့နော်။
၂။ အချိူရှောင်ပါ။
အချိူထက် သကြားဓာတ်များစွာပါဝင်တဲ့ ရေခဲမုန့်၊ ကိတ်မုန့် တွေ နှင့် မုန့်အချိူတော်တော်များများကို ရှောင်ပေးပါ။ သကြားဓာတ်ကလည်း အလေးချိန်တက်ဖို့များစွာ အထောက်အကူဖြစ်စေလို့ပါပဲ။
၃။ အဆီကို အနေတော်စားလို့ရပါတယ်။
အများကြီးတော့မဟုတ်ပါဖူးပေါ့နော်။ လိုအပ်သလောက် အနည်းငယ်စားပေးရမှာပါ။ မစားပဲနဲ့နေတာဟာ မှားယွင်းတဲ့နည်းဖြစ်ပါတယ်။
၄။ ကျည်ကာကော်ဖီမနက်တိုင်းသောက်ပေးပါ။
ကော်ဖီထဲကို အုန်းဆီ၊ ပန်းရောင်ဆား ၊ထောပတ် နှင့် ချီယာစေ့တို့ကိုထည့်ပြီး စက်နဲ့ မွှေသောက်ရတဲ့ ကော်ဖီမျိူးပါ။ ကျန်းမာရေးအတွက် အထူးသင့်တော်ပြီး လိုအပ်တဲ့ အာနိသင်တော်တော်များများကို ဖြည့်ဆည်းပေးမှာပါ။
၅။ ကိုယ်လက်လှုပ်ရှားခြင်းလုပ်ပေးပါ။
အထက်မှာရှောင်ခိုင်းတာတွေကို ရှောင်ပြီးစားသောက်နေရုံထက် ပိုပြီးထူးခြားခြင်ရင် အကောင်းဆုံးက လမ်းလျောက်ပါ။ မနက်မိုးလင်းတိုင်းလမ်း ကိုနာရီဝက်ကျော်ကျော်လျောက်ပေးပါ။
ပရိသတ်ကြီးတို့ရေ မပျင်းပါနှင့် ။ကိုယ်တိုင်လှပအောင်နေထိုင်ခြင်းက ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ယူ့ခြင်းပါပဲ။ ကို််ယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ်မှဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မှာလည်းနော်။
[Unicode]
ကီတုိဝိတ္ခ်နည္းဆုိတာ အခုတစ္ေလာ ေခတ္စားလာတာနဲ႕ အမွ် စာေရးသူလည္း မေနနုိင္ပဲ စပ္စုျပီး ေလ့လာျပဳစုစမ္းသပ္ကာ ေရးသားလိုက္ရပါေတာ့တယ္။ ကို္ယ္တုိင္ စမ္းသပ္ၾကည့္သေလာက္ေတာ့ အာနိသင္ျပတာေႏွးေပမဲ့ က်န္းမာေရး ေျပာင္းလဲလာတာကေတာ့ ေတာ္ေတာ္ေလး သိသာပါတယ္။ လႈပ္ရရွားရတာေတြ ေနာက္ျပီး အိမ္သာနဲ႕ ပတ္သတ္တဲ႔ အေလ႔အထေတြဟာ ေကာင္းမြန္တဲ့ဘက္ကုိ ေျပာင္းလဲလာေၾကာင္း ေတြ႔ရပါတယ္။ ေနာက္တစ္ခုက အသားအေရေတြလည္း ေတာ္ေတာ္ေလးေျပာင္းလဲဲလာတာကုိေတြ႕ရပါတယ္။ ကီတုိနည္းရဲ႕ အဓိက အခ်က္္ေလးေတြကုိ သိသေလာက္ နဲ႔ ၾကဳံေတြ႕ရသေလာက္ေလး ေျပာျပေပးထားပါတယ္။
၁။ ကစီဓာတ္ကုိေရွာင္ပါ။
ကစီဓာတ္က လူကုိ ေတာ္ေတာ္ေလးဝိတ္တက္ေစပါတယ္။ အဓိကကေတာ့ ကစီဓာတ္ဟာ ေပါင္မုန္႔၊ ေခါက္ဆြဲ ႏွင့့္ ဆန္ အစရွိတဲ႔အစားအစာေတြမွာ ပါဝင္မႈအမ်ားဆုံးပါ။ကစီဓာတ္ကုိလုံးဝျဖတ္ရမွာပါ။ မေနနုိင္ရင္ေတာ့ တစ္ပတ္တစ္ရက္အနည္းဆုံးစားေပါ႔ေနာ္။
၂။ အခ်ိဴေရွာင္ပါ။
အခ်ိဴထက္ သၾကားဓာတ္မ်ားစြာပါဝင္တဲ့ ေရခဲမုန္႔၊ ကိတ္မုန္႔ ေတြ ႏွင့္ မုန္႔အခ်ိဴေတာ္ေတာ္မ်ားမ်ားကုိ ေရွာင္ေပးပါ။ သၾကားဓာတ္ကလည္း အေလးခ်ိန္တက္ဖို႕မ်ားစြာ အေထာက္အကူျဖစ္ေစလုိ႔ပါပဲ။
၃။ အဆီကုိ အေနေတာ္စားလုိ႕ရပါတယ္။
အမ်ားၾကီးေတာ့မဟုတ္ပါဘူးေပါ့ေနာ္။ လုိအပ္သေလာက္ အနည္းငယ္စားေပးရမွာပါ။ မစားပဲနဲ႔ေနတာဟာ မွားယြင္းတဲ့နည္းျဖစ္ပါတယ္။
၄။ က်ည္ကာေကာ္ဖီမနက္တုိင္းေသာက္ေပးပါ။
ေကာ္ဖီထဲကုိ အုန္းဆီ၊ ပန္းေရာင္ဆား ၊ေထာပတ္ ႏွင့္ ခ်ီယာေစ့တုိ႕ကုိထည့္ျပီး စက္နဲ႔ ေမႊေသာက္ရတဲ႔ ေကာ္ဖီမ်ိဴးပါ။ က်န္းမာေရးအတြက္ အထူးသင့္ေတာ္ျပီး လုိအပ္တဲ႔ အာနိသင္ေတာ္ေတာ္မ်ားမ်ားကို ျဖည့္ဆည္းေပးမွာပါ။
၅။ ကုိယ္လက္လႈပ္ရွားျခင္းလုပ္ေပးပါ။
အထက္မွာေရွာင္ခုိင္းတာေတြကုိ ေရွာင္ျပီးစားေသာက္ေနရုံထက္ ပုိျပီးထူးျခားျခင္ရင္ အေကာင္းဆုံးက လမ္းေလ်ာက္ပါ။ မနက္မုိးလင္းတုိင္းလမ္း ကိုနာရီဝက္ေက်ာ္ေက်ာ္ေလ်ာက္ေပးပါ။
ပရိသတ္ၾကီးတုိ႔ေရ မပ်င္းပါႏွင့္ ။ကိုယ္တုိင္လွပေအာင္ေနထုိင္ျခင္းက ကုိယ့္ကိုယ္ကို ခ်စ္တတ္ဖို႕ သင္ယူ့ျခင္းပါပဲ။ ကို္္ယ္႕ရဲ႕ ခႏၶာကိုယ္ကို ကုိယ္မွဂရုမစုိက္ရင္ ဘယ္သူကဂရုစိုက္မွာလည္းေနာ္။
