ရွှေမြန်မာတို့ရေ နှစ်ဟောင်းကုန်လို့ နှစ်သစ််ကို ကူးပြောင်းခဲ့ပါပြီနော်။
နှစ်ဟောင်းက အညစ်အကြေးတွေကိုလည်း ဆေးကြောဖို့ အတာသင်္ကြန်ပွဲတော်က ရောက်ရှိလို့လာပါပြီ။
မြန်မာလူမျိူးများဟာ အလှူအတန်းရက်ရော ရုံတင်မကပါဘူး။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ အားလပ်ရက်များ ပွဲတော်ရက်များမှာ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး ပွဲတော်ရက် များမှာ ပွဲတော်စာတွေကို စဉ်းစားရင်း အမြဲ ခေါင်းခဲရပါတယ်။ မိိသားစုတွေ စုံတုုန်းလေး အတူတကွ မုန့်လုပ်စားရင်းပျော်ရွှင်စရာအချိန်တွေ ဖြတ်သန်းလို့ရပါတယ်။
နောက်တစ်ခုက သင်္ကြန်ရောက်ရင် သင်္ကြန်အစားအစာတွေမှာ ရွေးချယ်စရာတွေ အများကြီး ရှိတော့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလေးတွေ ပဲရွေးချယ်ပြီးဖော်ပြထားပါတယ်။
၁. မုန့်လုံးရေပေါ်
လုံးဝမေ့ထားလို့ မရတဲ့ အစားအစာပါ။ သင်္ကြန်ရဲ့ သင်္ကေတအစားအစာလို့တောင် ပြောလို့ရပါတယ်။ ငရုတ်သီးလေးလည်း ထန်းလျက်ခဲအစားထည့်ပြီး စနောက်လို့ရပါသေးတယ်နော်။
၂. ကျောက်ကျော
ပွဲတိုင်းကျော်ကြီးပါပဲ။ အုန်းနို့ကျောက်ကျောကတော့ သင်္ကြန်တွင်းမှာ လုပ်ရကိုင်ရလည်း လွယ်ကူပါတယ်။
၃. သာကူ
စတုဒီသာကျွေးမယ်ဆိုရင် အရင်ဆုံးစဉ်းစားသင့်ပါတယ်။ အကုန်အကျလည်းနည်းတယ်။ အလုပ်လည်းမရှူပ်ဘူး။ စားတဲ့သူလည်း ဗိုက်ဝပါတယ်။ အာလူးလေး သို့ ကန်စွန်းဥ လေးထည့်ထားရင် ပိုအရသာရှိပါတယ်။
၄. မုန့်လက်ဆောင်း
နည်းနည်းတော့ အလုပ်ရှူပ်စေမဲ့ အစားအသောက်ပါ။ ဒါပေမဲ့လည်း နေပူပူမှာ ရင်အေးစေပြီး ချိူချိူလေးဆိုတော့ သကြားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိင်မှာပါ။
၅.သင်္ကြန်ထမင်း
မော်လမြိုင်မှာတော့ နာမည်ကြီးပါပဲ။ ဖယောင်းရန့ံခတ်ထားတဲ့ ထမင်းကို ရေစမ်းပြီး ငါးခြောက်ကြော်တို့ သရက်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်စားသုံးရတာပါ။ ရန်ကုန်မှာတော့ တွေ့ရနည်းပါတယ်။
၆. မုန့်ကျွဲသဲ
ကျွဲတစ်ကောင်လို မဲမဲသဲသဲ အရောင်ရှိလို့ပါ။ ချိူချိူလေးနဲ့လုပ်ရလွယ်ကူပြီး အထုပ်ကလေးတွေထုပ်ပြီး ဝေလို့ရပါတယ်။
ဒီလောက်ဆို ပိတ်ရက်တွေမှာ အိမ်မှာ ငူငူငေါင်ငေါင်ဖြစ်မနေပဲ မုန့်တွေလုပ်စားပြီး ရေကစားလို့ရပါပြီရှင်။ အော်… ကြိုတော့စျေးဝယ်ကြအုန်းနော်။ စျေးတွေ ပိတ်မှာလေ။
တကယ်လို့ ဘာစားရမှန်း မသိဖြစ်နေခဲ့ ရင် ဒိုးမယ် ရှိနေတာကို သတိရလိုက်ပါနော်။
နှစ်ကူးမှာပျော်မြူးကြပါစေရှင်။
[Unicode]
ေရႊျမန္မာတုိ႕ေရ ႏွစ္ေဟာင္းကုန္လုိ႕ ႏွစ္သစ္္ကုိ ကူးေျပာင္းခဲ့ပါျပီေနာ္။
ႏွစ္ေဟာင္းက အညစ္အေၾကးေတြကိုလည္း ေဆးေၾကာဖုိ႔ အတာသၾကၤန္ပြဲေတာ္က ေရာက္ရွိလုိ႔လာပါျပီ။
ျမန္မာလူမ်ိဴးမ်ားဟာ အလွဴအတန္းရက္ေရာ ရုံတင္မကပါဘူး။ မိသားစု သုိက္သိုက္ဝန္းဝန္းနဲ႕ အားလပ္ရက္မ်ား ပြဲေတာ္ရက္မ်ားမွာ အခ်ိန္ျဖဳန္းေလ႔ရွိပါတယ္။ ဒါတင္မကေသးပါဘူး ပဲြေတာ္ရက္ မ်ားမွာ ပြဲေတာ္စာေတြကို စဥ္းစားရင္း အျမဲ ေခါင္းခဲရပါတယ္။ မိိသားစုေတြ စုံတုုန္းေလး အတူတကြ မုန္႕လုပ္စားရင္းေပ်ာ္ရႊင္စရာအခ်ိန္ေတြ ျဖတ္သန္းလုိ႕ရပါတယ္။
ေနာက္တစ္ခုက သၾကၤန္ေရာက္ရင္ သၾကၤန္အစားအစာေတြမွာ ေရြးခ်ယ္စရာေတြ အမ်ားၾကီး ရွိေတာ့ အသင့္ေတာ္ဆုံးနဲ႔ အေကာင္းဆုံးေလးေတြ ပဲေရြးခ်ယ္ျပီးေဖာ္ျပထားပါတယ္။
၁. မုန္႔လုံးေရေပၚ
လုံးဝေမ့ထားလုိ႔ မရတဲ့ အစားအစာပါ။ သၾကၤန္ရဲ႕ သေကၤတအစားအစာလုိ႕ေတာင္ ေျပာလုိ႕ရပါတယ္။ ငရုတ္သီးေလးလည္း ထန္းလ်က္ခဲအစားထည့္ျပီး စေနာက္လုိ႔ရပါေသးတယ္ေနာ္။
၂. ေက်ာက္ေက်ာ
ပြဲတုိင္းေက်ာ္ၾကီးပါပဲ။ အုန္းနုိ႕ေက်ာက္ေက်ာကေတာ့ သၾကၤန္တြင္းမွာ လုပ္ရကုိင္ရလည္း လြယ္ကူပါတယ္။
၃. သာကူ
စတုဒီသာေကၽြးမယ္ဆုိရင္ အရင္ဆုံးစဥ္းစားသင့္ပါတယ္။ အကုန္အက်လည္းနည္းတယ္။ အလုပ္လည္းမရွဴပ္ဘူး။ စားတဲ့သူလည္း ဗုိက္ဝပါတယ္။ အာလူးေလး သုိ႕ ကန္စြန္းဥ ေလးထည့္ထားရင္ ပုိအရသာရွိပါတယ္။
၄. မုန္႕လက္ေဆာင္း
နည္းနည္းေတာ့ အလုပ္ရွဴပ္ေစမဲ့ အစားအေသာက္ပါ။ ဒါေပမဲ့လည္း ေနပူပူမွာ ရင္ေအးေစျပီး ခ်ိဴခ်ိဴေလးဆိုေတာ့ သၾကားဓာတ္ကုိ ျပန္လည္ျဖည့္တင္းေပးနိင္မွာပါ။
၅.သၾကၤန္ထမင္း
ေမာ္လျမိဳင္မွာေတာ့ နာမည္ၾကီးပါပဲ။ ဖေယာင္းရန႔ံခတ္ထားတဲ႔ ထမင္းကုိ ေရစမ္းျပီး ငါးေျခာက္ေၾကာ္တုိ႕ သရက္ခ်ဥ္သုပ္ေလးေတြနဲ႕ တြဲဖက္စားသုံးရတာပါ။ ရန္ကုန္မွာေတာ့ ေတြ႔ရနည္းပါတယ္။
၆. မုန္႔ကၽြဲသဲ
ကၽြဲတစ္ေကာင္လုိ မဲမဲသဲသဲ အေရာင္ရွိလုိ႕ပါ။ ခ်ိဴခ်ိဴေလးနဲ႔လုပ္ရလြယ္ကူျပီး အထုပ္ကေလးေတြထုပ္ျပီး ေဝလုိ႕ရပါတယ္။
ဒီေလာက္ဆုိ ပိတ္ရက္ေတြမွာ အိမ္မွာ ငူငူေငါင္ေငါင္ျဖစ္မေနပဲ မုန္႕ေတြလုပ္စားျပီး ေရကစားလုိ႕ရပါျပီရွင္။ ေအာ္… ၾကိဳေတာ့ေစ်းဝယ္ၾကအုန္းေနာ္။ ေစ်းေတြ ပိတ္မွာေလ။
တကယ္လုိ႕ ဘာစားရမွန္း မသိျဖစ္ေနခဲ႔ ရင္ ဒိုးမယ္ ရွိေနတာကုိ သတိရလုိက္ပါေနာ္။
ႏွစ္ကူးမွာေပ်ာ္ျမဴးၾကပါေစရွင္။
