Lifestyle

ခရီးတိုထွက်ရင်း လည်ပတ်စားသောက်မယ်

ပိတ်ရက်မှာ မိသားစုတွေ စုံရင် အလည်အပတ်ထွက်တော့မယ်ဆိုတာ အသေအချာပါပဲ။ အဲ့တော့ ဘယ်တွေသွားပြီး ဘာတွေစားရမလည်းသိချင်ရင် အောက်မှာ ဆက်သာဖတ်ကြည့်ကြပါတော့ရှင်။

ဒီဆောင်းပါးလေးမှာတော့ တစ်နေ့တည်းနဲ့ သွားလို့ရမဲ့ ခရီးလေးတွေကို အသားပေးရေးပေးထားပါတယ်။ အကုန်အကျလည်းသက်သာပြီး လူကိုလည်း သိပ််မပင်ပန်းစေပါဘူး။

သန်လျင်မြို့ဆီသို့…..

သန်လျင်မြို့ကလည်း ရန်ကုန်ကနေမောင်းရင် တစ်နာရီလောက်ပဲမောင်းရတာပါ။ နောက်ပြီး နာမည်ကြီးတဲ့ ထန်းသီးမုန့်အပြင် မြန်မာထမင်းဟင်းကောင်းကောင်းလေး တွေရှိပါတယ်။ ကျိုက်ခေါက်ဘုရား ဝန်းကျင်မှာရောင်းတဲ့ အကြော်တို့၊ မြန်မာမုန့်လေး တွေကို မြည်းစမ်းသင့်ပါတယ်။

ဒလတစ်ဖက်ကမ်းဆီသို့ …

ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ water busလေးစီးပြီး တစ်ဖက်ကမ်းကူးလိုက်ရင် ဒလမြို့ကို အလည်သွားလို့ရပါပြီ။ ဒလဘက်ခြမ်းမှာ ဆိုက္ကားလေးငှားပြီး ဘုရားပတ်ဖူးလို့ ရသလို အသီးအနှံတွေကို စျေးသက်သက်သာသာနဲ့ ဝယ်စားလို့ရပါတယ်။

ပဲခူးကိုလည်လည်သွားမယ်…

ကိုယ်ပိုင်ကားနဲ့ သွားလို့ရသလို ဘက်စ်ကားတွေလည်းရှိပါတယ်။ ပဲခူးမှာ လည်ပတ်စရာတွေအပြင် ရွှေမောေ်ဓာဘုရားတစ်ဝိုက်က အစားအသောက်တွေကိုလည်း တစ်ဝကြီးစားလို့ ရပါတယ်။ လမ်းကျယ်မှာရှိတဲ့ ကွီး ဆိုတဲ့ဆိုင်က ကြာဇံကြော်နဲ့ လေးမျက်နှာဘုရားလမ်းထိပ်က ဆိတ်သားကင်က မေ့မရနိုင်မှာ အသေအချာပါပဲ။

 

လှည်းကူးမှာစားသောက်မယ်…

လှည်းကူးကိုရောက်ရင် လည်ပတ်စရာကတော့ သိပ်မရှိပါဖူး ။ ဒါပေမဲ့ လှည်းကူးမီးပွိုင့်မှာ ဘယ်ဘက်ကိုချိူးလိုက်ရင်တော့ ပခန်းကျော်ထန်းတော ရဲ့ အရသာရှိလှတဲ့ ထန်းရေ နဲ့ ထူးထူးဆန်းဆန်းဟင်း လတ်လတ်ဆက်ဆက်တွေက စောင့်မျှော်နေမှာပါ။ ဆတ်သားကအစ သင်းခွေချပ်ဟင်း အထိရတဲ့ဆိုင်ပါ။

မှော်ဘီကိုလည်းသွားဦး…

ကားလေးလူစုပြီးငှားပြီး သွားလို့ရပါတယ်။ မှော်ဘီဂျပန်ဘုရားလေးဖူးရင်း အရမ်း နာမည်ကြီးတဲ့ ကျွဲကောသီးတွေ ဝယ်စားဖို့ ပြောလိုက်ပါရစေ။

ဒီလောက်ဆိုရင် ပိတ်ရက်တွေ ပျင်းနေစရာ အကြောင်းမရှိတော့ပါဘူး။

ခုတည််းက ဘယ်သွားရင်ကောင်းမလဲ စဉ်းစားထားသင့်ပါပြီ။

စာရေးသူကတော့ ထန်းတောပဲသွားမှာပါရှင်။

တစ်နေ့တစ်နေ့ ဘယ်ဆိုင်မှာ ဘာအစားအစာတွေ စားရင်ကောင်းမလဲ စဉ်းစားရခက်နေရင် Doemal Application ထဲမှာ အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေလို့ရပြီး အစားအသောက်တွေကို Order မှာစားလို့ရနေပြီဆိုတဲ့ အကြောင်းလေးလဲ Doemal စာဖတ်ပရိတ်သက် ကြီးအတွက် သတင်းကောင်းလေးပါးလိုက်ပါချင်ပါတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top