တပေါင်းလရောက်လာပြီဆိုတော့ ရာသီစာ သရက်သီးစိမ်းလေးတွေ ကို စျေးထဲမှာ ပေါပေါများများ ရစပြုလာပြီပေါ့။ ဒီတော့ ရာသီစာ သရက်သီးစိမ်းကလေးတွေကို ထမင်းမြိန်အောင် ဘယ်လို စားလို့ ရသလဲဆိုတာလေးတွေကို ညွှန်းပေးပါရစေနော်။
သရက်သီးကြော်
ရာသီပေါ်သရက်သီးစိမ်းချဉ်ချဉ်လေးတွေကို ငပိ ကြက်သွန် ပုစွန်ခြောက် တို့နဲ့ ဆိီသပ်ပြီးရောကြော်လို့ရပါတယ်။ ချိုချို ချဉ်ချဉ် သရက်သီးစိမ်းကြော်လေးကို ထမင်းပူပူလေးနဲ့ ပဲဟင်းလေးနဲ့ တွဲစားလိုက်ရင်တော့ ထမင်းမြိန်နေမှာ အသေအချာပါ။
သရက်သီးသုပ်
သရက်သီးစိမ်းကို ခြစ်နဲ့ ခြစ်ပြီး ထန်းလျက်၊ သံပုရာရည်၊ ငံပြာရည်တို့နဲ့ ရောပြီး သမအောင်နယ်လိုက်ရင်တော့ ယိုးဒယားစတိုင် သရက်သီးသုပ်လးရပါပြီနော်။ ကိုယ်နှစ်သက်သလို ပုစွန်၊ ဂဏာန်းတို့ကိုပြုတ်ပြီးတော့ လည်း ရောပြီး သုတ်လို့ရပါသေးတယ်။
သရက်သီးငပိချက်
အညာစတိုင် သရက်သီးစိမ်းငပိချက်ကိုတော့ ကြက်သွန်ဆီသတ်ပြီး ငပိနဲ့ သရက်သီး၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ရောကြော်ရုံပါပဲနော်။ ကျက်ခါနီးမှာ ပင်စိမ်းလေးအုပ်လိုက်ရင်တော့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ပြည့်စုံပါပြီ။
သရက်သီးဆားစိမ်
သရက်သီး အရွယ်အသေးလေးတွေကို ဆားရည်ထဲ စိမ်ပြီး ဖန်ပုလင်းကို အဖုံးလုံအောင်ထားရပါမယ်။ ခုနစ်ရက်ပြည့်တာနဲ့ ငပိနဲ့ တို့စရာ အကောင်းဆုံး အမြှုပ်ဖြစ်တဲ့ ရာသီစာ သရက်သီးဆားစိမ်ကလေးရပါပြီနော်။
ခုလိုအရသာရှိတဲ့ ရာသီစာအစားအသောက် လေးတွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကနေ ဆိုင်တွေရှာဖွေပြီးတော့ Order မှာစားလို့ရနေပြီဆိုတာလေးကိုလဲ သတင်းကောင်းလေးပါးလိိုက်ပါရစေ။
[Unicode]
တေပါင္းလေရာက္လာၿပီဆိုေတာ့ ရာသီစာ သရက္သီးစိမ္းေလးေတြ ကို ေစ်းထဲမွာ ေပါေပါမ်ားမ်ား ရစျပဳလာၿပီေပါ့။ ဒီေတာ့ ရာသီစာ သရက္သီးစိမ္းကေလးေတြကို ထမင္းၿမိန္ေအာင္ ဘယ္လို စားလို႔ ရသလဲဆိုတာေလးေတြကို ညႊန္းေပးပါရေစေနာ္။
သရက္သီးေၾကာ္
ရာသီေပၚသရက္သီးစိမ္းခ်ဥ္ခ်ဥ္ေလးေတြကို ငပိ ၾကက္သြန္ ပုစြန္ေျခာက္ တို႔နဲ႕ ဆိီသပ္ၿပီးေရာေၾကာ္လို႔ရပါတယ္။ ခ်ိဳခ်ိဳ ခ်ဥ္ခ်ဥ္ သရက္သီးစိမ္းေၾကာ္ေလးကို ထမင္းပူပူေလးနဲ႕ ပဲဟင္းေလးနဲ႕ တြဲစားလုိက္ရင္ေတာ့ ထမင္းၿမိန္ေနမွာ အေသအခ်ာပါ။
သရက္သီးသုပ္
သရက္သီးစိမ္းကို ျခစ္နဲ႕ ျခစ္ၿပီး ထန္းလ်က္၊ သံပုရာရည္၊ ငံျပာရည္တို႔နဲ႕ ေရာၿပီး သမေအာင္နယ္လိုက္ရင္ေတာ့ ယိုးဒယားစတိုင္ သရက္သီးသုပ္လးရပါၿပီေနာ္။ ကိုယ္ႏွစ္သက္သလို ပုစြန္၊ ဂဏာန္းတို႔ကိုျပဳတ္ၿပီးေတာ့ လည္း ေရာၿပီး သုတ္လို႔ရပါေသးတယ္။
သရက္သီးငပိခ်က္
အညာစတုိင္ သရက္သီးစိမ္းငပိခ်က္ကိုေတာ့ ၾကက္သြန္ဆီသတ္ၿပီး ငပိနဲ႕ သရက္သီး၊ ငရုတ္သီးအၾကမ္းမႈန္႔တို႔ကို ေရာေၾကာ္ရံုပါပဲေနာ္။ က်က္ခါနီးမွာ ပင္စိမ္းေလးအုပ္လုိက္ရင္ေတာ့ ထမင္းပူပူေလးနဲ႕ တြဲစားဖို႔ ျပည့္စံုပါၿပီ။
သရက္သီးဆားစိမ္
သရက္သီး အရြယ္အေသးေလးေတြကို ဆားရည္ထဲ စိမ္ၿပီး ဖန္ပုလင္းကို အဖံုးလံုေအာင္ထားရပါမယ္။ ခုနစ္ရက္ျပည့္တာနဲ႕ ငပိနဲ႕ တို႔စရာ အေကာင္းဆံုး အျမႈပ္ျဖစ္တဲ့ ရာသီစာ သရက္သီးဆားစိမ္ကေလးရပါၿပီေနာ္။
ခုလိုအရသာရွိတဲ့ ရာသီစာအစားအေသာက္ ေလးေတြ စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application ထဲကေန ဆိုင္ေတြရွာေဖြျပီးေတာ့ Order မွာစားလို႔ရေနျပီဆိုတာေလးကိုလဲ သတင္းေကာင္းေလးပါးလိိုက္ပါရေစ။
