ဝင်ကြေးကကော ?
[Unicode]
တကယ်ကြီးကိုတည်ရှိတဲ့ ထူူးထူးဆန်းဆန်းပြတိုက်ပါ။ ဂျပန်နိုင်ငံဟာဆိုရင်ဖြင့် သူတို့ရဲ့ ရိုးရာ အစားအစာဖြစ်တဲ့ ရာမန်ခေါက်ဆွဲဟာ တကယ့်မ္ဘာ့နာမည်ကြီးပါပဲ။ အရသာလည်းတကယ်ရှိပြီး ဂျပန်လူမျိူးများ အဓိကထား စားတဲ့အစားအစာ ဖြစ်ပါတယ်။
အခုပြောပြမဲ့ပြတိုက်ရဲ့ အတွင်းမှာတော့ အသင့်စား ရာမန်ခေါက်ဆွဲဗူး များရဲ့ သမိုင်းကြောင်းများ၊ ပြုလုပ်ပုံ များနှင့် အသင့်စား ခေါက်ဆွဲဗူး များနဲ့ ပတ်သတ်ပြီး ဗဟုသုတ များကိုဖော်ပြထားပါတယ်။
ကဲ လေ့လာလိုက်ကြရအောင်နော်။
ဘယ်နေရာမှာ တည်ရှိလည်း?
တည်နေရာ က တော့ နာကာကုရပ်ကွက် ရှင်းကိုလမ်း၊ ယိုကိုဟားမားမြို့ ဂျပန်နိုင်ငံမှာတည်ရှိပါတယ်။
ဘယ်အချိန်တွေဖွင့်လည်းပိတ်လည်း?
ပိတ်ရက်မရှိ မနက် ၁၀နာရီကနေ ညနေ၆နာရီ အထိ ဖွင့်ပါတယ်။
ဘာအတွက် အဓိကထူထောင်ခဲ့တာလည်း?
ဂျပန်နိုင်ငံ ရဲ့ အသင့်စားခေါက်ဆွဲဗူးများရဲ့ ဖခင်ကြီးလို့ခေါ်ဆို ကြတဲ့ မိုမိုဖုကုအန်ဒို ကိုဂုဏ်ပြုတဲ့အနေနဲ့ တည်ထောင်ခဲ့ကြပါတယ်။
ပြတိုက် အတွင်းမှာလည်း မိုမိုဖုကုအန်ဒိုရဲ့ အကြောင်းးများနဲ့ သူ့ရဲ့ တီထွင်ခဲ့ ပုံများကိုလည်း ပြထားပါတယ်။
ဘာတွေလေ့လာလို့ရနိုင်လည်း?
ပြတိုက် အတွင်းမှာတော့ မိုမိုဖုကုအန်ဒိုရဲ့ အသင့်စားခေါက်ဆွဲဗူး များတီထွင်ခဲ့ ပုံတွေ၊ရာမန်ခေါက်ဆွဲခြောက်ပြုလုပ်ပုံအဆင့်ဆင့်၊ သိမ်းဆည်းပုံတွေ အဆင့်ဆင့်နဲ့ အရသာထည့်ပုံတွေ အဆင့်ဆင့်
တွေကို ဖော်ပြထားပါတယ်။
ဝင်ကြေးကကော ?
ဝင်ကြေးကတော့ ဂျပန်ငွေ ယန်း ၅၀၀ ဖြစ်ပါတယ်။
ဖော်ထုတ်ပုံလေ့လာချိန်ကဘယ်လောက်ကြာလည်း?
အသင့်စားခေါက်ဆွဲဗူးပြုလုပ်ပုံအဆင့်ဆင့်ကိုလေ့လာမယ်ဆိုရင် အနည်းဆုံးအချိန်တစ်နာရီကြာပါမယ်။
ကဲ ပရိတ်သတ်ကြီးတို့ရေ ဂျပန်နိုင်ငံ ကိုအလည်သွားမယ်ဆိုရင် တော့ ဒီပြတိုက်ကိုဝင်ရောက်လည်ပတ်ဖို့မမေ့နဲ့နော်။
Writer_Pyae