ယဉ်ကျေးမှု

စိတ္ဝင္စားဖြယ္ ေဂ်ာ္ဒန္ အစားအစာႏွင့္ ပတ္သတ္ေသာယဥ္ေက်းမႈမ်ား

ေဂ်ာ္ဒန္ ဟင္းလ်ာေတြဟာ လက္ဘႏြန္၊ ပါလက္စတိုင္းနဲ႔ ဆီးရီးယားဟင္းလ်ာေတြနဲ႔ အရသာ၊ ပံုစံေတြ ဆင္ၿပီး ကိုယ္ပိုင္ဟန္ ေပါင္းစပ္မႈေလးေတြပါဝင္ပါတယ္။

ျခံဳငံုၿပီးေျပာရမယ္ဆိုရင္ တူရကီအင္ပါယာ လက္ေအာက္ခံျဖစ္ဖူးတဲ့ ေဂ်ာ္ဒန္ရဲ႕ ဟင္းလ်ာေတြက တူရကီဟင္းလ်ာေတြနဲ႔ ပိုၿပီးဆက္ႏြယ္လ်က္႐ွိပါတယ္။ ေဂ်ာ္ဒန္မွာ ပ်ံ႕ႏွံ႔ ေနထိုင္ေနၾကတဲ့ အာေမးနီးယန္း၊ ဆာကတ္ဆီးယန္း၊ အီရတ္၊ ပါလက္စတိုင္းနဲ႔ ဆီးရီးယားလူမ်ိဳးေတြရဲ႕ ဟင္းလ်ာျပင္ဆင္မႈ ပံုစံေတြကလည္း ေဂ်ာ္ဒန္ဟင္းလ်ာအေတြအေပၚ လႊမ္းမိုးမႈျဖစ္ေစပါတယ္။

ဂျော်ဒန် ယဉ်ကျေးမှုမှာ

အစားအစာေတြက အေရးႀကီးတဲ့႐ႈေထာင့္ကေန ပါဝင္ေနပါတယ္။ ရြာေတြမွာဆိုရင္ မိသားစုေဆြမ်ိဳးေတြ ရင္းရင္းႏွီးႏွီးေတြ႔ဆံုပြဲေတြကို အစားအစာေတြနဲ႔ အဓိက က်င္းပၾကပါတယ္။

ေဂ်ာ္ဒန္ လူမ်ိဳးေတြက သူတို႔ရဲ႕ေဖာ္ေရြမႈနဲ႔ ရက္ေရာေပးကမ္းတတ္တာေတြကို အစားအစာ ေတြနဲ႔ ေဖာ္ျပၾကပါတယ္။ ဘယ္ေလာက္ပဲဆင္းရဲတဲ့ မိသားစုျဖစ္ပါေစ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္း ၊ ဧည့္သည္ေတြကို အစားအစာေတြနဲ႔ ဂုဏ္ယူစြာ ဧည့္ခံေလ့႐ွိၾကပါတယ္။

ေဂ်ာ္ဒန္လူမ်ိဳးတစ္ေယာက္က အိမ္ကိုလာလည္ဖို႔ဖိတ္ရင္ ဘာလက္ေဆာင္မွ ယူလာစရာမလိုဘဲနဲ႔ ႐ွိသမွ်အစားအစာေတြအကုန္ စားဖို႔သက္သက္သာလိုတယ္လို႔ဆိုပါတယ္။ (တစ္ေခါက္ေလာက္ ေဂ်ာ္ဒန္ကို ေရာက္ေအာင္သြားဖို႔ ဆံုးျဖတ္လိုက္ပါၿပီ xD)

ပြဲေတာ္ေတြအမ်ားစုက ပံုမွန္ထက္ ကြဲျပားေနၿပီး အလြန္ထူးျခားပါတယ္။ ပြဲေတာ္တစ္ခုစီကို ေဂ်ာ္ဒန္ ဟင္းလ်ာေတြထဲ ဟင္းပြဲေတြနဲ႔ ဧည့္သည္ေတြကို ဧည့္ခံၿပီးျပဳလုပ္ၾကပါတယ္။

ဂျော်ဒန်မှာ

ေတြ႔ဆံုပြဲေသးေသးေလးေတြ အမ်ားႀကီး႐ွိၿပီးေတာ့ ဒီလိုပြဲေသးေသးေလးေတြမွာေတာင္ ဟင္းလ်ာေတြ အမ်ားႀကီးနဲ႔ ဧည့္ခံၾကပါတယ္။ မဂၤလာေဆာင္၊ ကေလးေမြးဖြားျခင္း၊ အသုဘ၊ ေမြးေန႔စတဲ့ လူမႈေရးကိစၥပြဲေတြအျပင္ ဘာသာေရးနဲ႔ Ramandan ၊ လြတ္လပ္ေရးလို ႏိုင္ငံလံုးဆိုင္ရာပြဲေတာ္ေတြမွာပါ အရသာ႐ွိဆံုး  အေကာင္းဆံုးအစားအစာေတြကို ဧည့္ခံေကြၽးေမြးၾကပါတယ္။ ကေလးေမြးဖြားျခင္းအထိမ္းအမွတ္အတြက္ ျပဳလုပ္တဲ့ပြဲမွာေတာ့ ကရေဝးအနံ႔နဲ႔ အထူးျပဳလုပ္ထားတဲ့ ပူတင္းကို ဧည့္ခံၾကပါတယ္။

ဂျော်ဒန်မှာ

ထမင္းစားခ်ိန္ေတြက ကမာၻေပၚက တျခားႏိုင္ငံေတြနဲ႔ လံုးဝ ကြဲျပားပါတယ္။ ေဂ်ာ္ဒန္လူမ်ိဳးေတြက တစ္ေန႔ႏွစ္ႀကိမ္ပဲ စားၾကပါတယ္။ မနက္စာအေနနဲ႔ မနက္ ႐ွစ္နာရီေလာက္မွာ ေပါင္မုန္႔၊ ႏြားႏို႔၊ ခ်ိစ္တိုု႔လို ႏို႔ထြက္အစားအစာေတြနဲ႔ အသီးအရြက္ အနည္းငယ္ကိုသာ စားပါတယ္။ ေန႔လည္း သံုးနာရီေလာက္မွာ ေန႔လည္စာ စားပါတယ္။

ပံုမွန္အားျဖင့္ ေန႔လည္စာမွာေတာ့ မ်ားမ်ားနဲ႔ အဝစားၾကၿပီး ထမင္း၊ ၾကက္သား၊ ပဲနဲ႔ ေပါင္မုန္႔ေတြ အဓိကစားၾကပါတယ္။ က်န္တဲ့ တစ္ညေနလံုး တစ္ညလံုးမွာေတာ့ သြားရည္စာေတာင္ ထပ္မစားၾကပါဘူး။ (ဆိုးဆဒ္ပဲ x’))

ေဂ်ာ္ဒန္ေတြက ဇြန္းခရင္းေတြ သံုးခဲပါတယ္။ ခပ္စရာအေနနဲ႔ သံုးတဲ့ တစ္ခုတည္းေသာအရာက ေပါင္မုန္႔ျဖစ္ပါတယ္။ ေပါင္မုန္႔တစ္ဖဲ့ဖဲ့ၿပီး အဲ့ေပါင္မုန္႔နဲ႔ပဲ တျခားဟင္းေတြကိ ဇြန္းမလိုဘဲ တို႔စား ခပ္စားတာကို ၾကည့္ရတာ ေတာ္ေတာ္  အံ့ျသဖို႔ေကာင္းမွာပါ။ ကိုယ္ေတြႏိုင္ငံမွာေတာ့ ေပါင္မုန္႔ေတာင္မလိုပါဘူးေနာ္။ လက္နဲ႔ပဲ အပီအျပင္ႀကိတ္ၾကတာမလား xD

ေသာက္စရာေတြကို ထမင္းစားေနခ်ိန္မွာ ေသာက္ေလ့မ႐ိွၾကပါဘူး။ ထမင္းစားၿပီးမွ ေရ၊ ေကာ္ဖီ၊ လက္ဖက္ရည္ စသည္ျဖင့္ ေသာက္ၾကပါတယ္။ ထမင္းစားခ်ိန္ ဘာမွ မေသာက္ဘဲ စားၿပီးမွ ေသာက္တာက အစာေျခစနစ္ကို အေထာက္အကူ ျဖစ္ေစပါတယ္။

ေဂ်ာ္ဒန္ ေတြရဲ႕ အသီးအရြက္မ်ားကိုအေျခခံတဲ့ စားေသာက္မႈအျပင္ အစားအစာမ်ားကို ခ်က္ျပဳတ္ဖို႔အတြက္ ေဒသထြက္ သံလြင္ဆီကိုသာ အသံုးျပဳျခင္းက သူတို႔ရဲ႕ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ စားေသာက္မႈပံုစံကို ပိုၿပီးျပည့္စံုေစပါတယ္။ ေဂ်ာ္ဒန္႐ိုးရာစားေသာက္မႈပံုစံနဲ႔ အေလ့အက်င့္ ေတြက တကယ္ကို က်န္းမာေရးနဲ႔ ညီၫြတ္တာျဖစ္ပါတယ္။ တကယ္လို႔ စာဖတ္သူက အစားမေလွ်ာ့ဘဲ ဝိတ္က်ဖို႔ ဆႏၵ႐ွိေနတယ္ဆိုရင္ ေဂ်ာ္ဒန္လူမ်ိဳးေတြလို လိုက္စားဖို႔ ဒါမွမဟုတ္ ေဂ်ာ္ဒန္ကို တစ္လေလာက္ သြားလည္ဖို႔ အၾကံျပဳခ်င္ပါတယ္။

 

[Unicode]

ဂျော်ဒန် ဟင်းလျာတွေဟာ လက်ဘနွန်၊ ပါလက်စတိုင်းနဲ့ ဆီးရီးယားဟင်းလျာတွေနဲ့ အရသာ၊ ပုံစံတွေ ဆင်ပြီး ကိုယ်ပိုင်ဟန် ပေါင်းစပ်မှုလေးတွေပါဝင်ပါတယ်။

ခြုံငုံပြီးပြောရမယ်ဆိုရင် တူရကီအင်ပါယာ လက်အောက်ခံဖြစ်ဖူးတဲ့ ဂျော်ဒန်ရဲ့ ဟင်းလျာတွေက တူရကီဟင်းလျာတွေနဲ့ ပိုပြီးဆက်နွယ်လျက်ရှိပါတယ်။ ဂျော်ဒန်မှာ ပျံ့နှံ့ နေထိုင်နေကြတဲ့ အာမေးနီးယန်း၊ ဆာကတ်ဆီးယန်း၊ အီရတ်၊ ပါလက်စတိုင်းနဲ့ ဆီးရီးယားလူမျိုးတွေရဲ့ ဟင်းလျာပြင်ဆင်မှု ပုံစံတွေကလည်း ဂျော်ဒန်ဟင်းလျာအတွေအပေါ် လွှမ်းမိုးမှုဖြစ်စေပါတယ်။

ဂျော်ဒန် ယဉ်ကျေးမှုမှာ

အစားအစာတွေက အရေးကြီးတဲ့ရှုထောင့်ကနေ ပါဝင်နေပါတယ်။ ရွာတွေမှာဆိုရင် မိသားစုဆွေမျိုးတွေ ရင်းရင်းနှီးနှီးတွေ့ဆုံပွဲတွေကို အစားအစာတွေနဲ့ အဓိက ကျင်းပကြပါတယ်။

ဂျော်ဒန် လူမျိုးတွေက သူတို့ရဲ့ဖော်ရွေမှုနဲ့ ရက်ရောပေးကမ်းတတ်တာတွေကို အစားအစာ တွေနဲ့ ဖော်ပြကြပါတယ်။ ဘယ်လောက်ပဲဆင်းရဲတဲ့ မိသားစုဖြစ်ပါစေ မိသားစု၊ မိတ်ဆွေသူငယ်ချင်း ၊ ဧည့်သည်တွေကို အစားအစာတွေနဲ့ ဂုဏ်ယူစွာ ဧည့်ခံလေ့ရှိကြပါတယ်။

ဂျော်ဒန်လူမျိုးတစ်ယောက်က အိမ်ကိုလာလည်ဖို့ဖိတ်ရင် ဘာလက်ဆောင်မှ ယူလာစရာမလိုဘဲနဲ့ ရှိသမျှအစားအစာတွေအကုန် စားဖို့သက်သက်သာလိုတယ်လို့ဆိုပါတယ်။ (တစ်ခေါက်လောက် ဂျော်ဒန်ကို ရောက်အောင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ xD)

ပွဲတော်တွေအများစုက ပုံမှန်ထက် ကွဲပြားနေပြီး အလွန်ထူးခြားပါတယ်။ ပွဲတော်တစ်ခုစီကို ဂျော်ဒန် ဟင်းလျာတွေထဲ ဟင်းပွဲတွေနဲ့ ဧည့်သည်တွေကို ဧည့်ခံပြီးပြုလုပ်ကြပါတယ်။

ဂျော်ဒန်မှာ

တွေ့ဆုံပွဲသေးသေးလေးတွေ အများကြီးရှိပြီးတော့ ဒီလိုပွဲသေးသေးလေးတွေမှာတောင် ဟင်းလျာတွေ အများကြီးနဲ့ ဧည့်ခံကြပါတယ်။ မင်္ဂလာဆောင်၊ ကလေးမွေးဖွားခြင်း၊ အသုဘ၊ မွေးနေ့စတဲ့ လူမှုရေးကိစ္စပွဲတွေအပြင် ဘာသာရေးနဲ့ Ramandan ၊ လွတ်လပ်ရေးလို နိုင်ငံလုံးဆိုင်ရာပွဲတော်တွေမှာပါ အရသာရှိဆုံး အကောင်းဆုံးအစားအစာတွေကို ဧည့်ခံကျွေးမွေးကြပါတယ်။ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်အတွက် ပြုလုပ်တဲ့ပွဲမှာတော့ ကရဝေးအနံ့နဲ့ အထူးပြုလုပ်ထားတဲ့ ပူတင်းကို ဧည့်ခံကြပါတယ်။

ဂျော်ဒန်မှာ

ထမင်းစားချိန်တွေက ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ဂျော်ဒန်လူမျိုးတွေက တစ်နေ့နှစ်ကြိမ်ပဲ စားကြပါတယ်။ မနက်စာအနေနဲ့ မနက် ရှစ်နာရီလောက်မှာ ပေါင်မုန့်၊ နွားနို့၊ ချိစ်တို့လို နို့ထွက်အစားအစာတွေနဲ့ အသီးအရွက် အနည်းငယ်ကိုသာ စားပါတယ်။ နေ့လည်း သုံးနာရီလောက်မှာ နေ့လည်စာ စားပါတယ်။

ပုံမှန်အားဖြင့် နေ့လည်စာမှာတော့ များများနဲ့ အဝစားကြပြီး ထမင်း၊ ကြက်သား၊ ပဲနဲ့ ပေါင်မုန့်တွေ အဓိကစားကြပါတယ်။ ကျန်တဲ့ တစ်ညနေလုံး တစ်ညလုံးမှာတော့ သွားရည်စာတောင် ထပ်မစားကြပါဘူး။ (ဆိုးဆဒ်ပဲ x’))

ဂျော်ဒန်တွေက ဇွန်းခရင်းတွေ သုံးခဲပါတယ်။ ခပ်စရာအနေနဲ့ သုံးတဲ့ တစ်ခုတည်းသောအရာက ပေါင်မုန့်ဖြစ်ပါတယ်။ ပေါင်မုန့်တစ်ဖဲ့ဖဲ့ပြီး အဲ့ပေါင်မုန့်နဲ့ပဲ တခြားဟင်းတွေကိ ဇွန်းမလိုဘဲ တို့စား ခပ်စားတာကို ကြည့်ရတာ တော်တော် အံ့သြဖို့ကောင်းမှာပါ။ ကိုယ်တွေနိုင်ငံမှာတော့ ပေါင်မုန့်တောင်မလိုပါဘူးနော်။ လက်နဲ့ပဲ အပီအပြင်ကြိတ်ကြတာမလား xD

သောက်စရာတွေကို ထမင်းစားနေချိန်မှာ သောက်လေ့မရှိကြပါဘူး။ ထမင်းစားပြီးမှ ရေ၊ ကော်ဖီ၊ လက်ဖက်ရည် စသည်ဖြင့် သောက်ကြပါတယ်။ ထမင်းစားချိန် ဘာမှ မသောက်ဘဲ စားပြီးမှ သောက်တာက အစာခြေစနစ်ကို အထောက်အကူ ဖြစ်စေပါတယ်။

ဂျော်ဒန် တွေရဲ့ အသီးအရွက်များကိုအခြေခံတဲ့ စားသောက်မှုအပြင် အစားအစာများကို ချက်ပြုတ်ဖို့အတွက် ဒေသထွက် သံလွင်ဆီကိုသာ အသုံးပြုခြင်းက သူတို့ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ပိုပြီးပြည့်စုံစေပါတယ်။ ဂျော်ဒန်ရိုးရာစားသောက်မှုပုံစံနဲ့ အလေ့အကျင့် တွေက တကယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တာဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူက အစားမလျှော့ဘဲ ဝိတ်ကျဖို့ ဆန္ဒရှိနေတယ်ဆိုရင် ဂျော်ဒန်လူမျိုးတွေလို လိုက်စားဖို့ ဒါမှမဟုတ် ဂျော်ဒန်ကို တစ်လလောက် သွားလည်ဖို့ အကြံပြုချင်ပါတယ်။

Writer_Venus

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top