ယဉ်ကျေးမှု

ဘာေၾကာင့္ Starbucks ေကာ္ဖီတံဆိပ္ဟာ လူသိမ်ားလာရသလဲ

Starbucks လို႔ေျပာလိုက္တာနဲ႕ ကမာၻေပၚမွာ လူသိအမ်ားဆံုးေကာ္ဖီ brand တစ္ခုကို ေျပးျမင္ၾကမွာပါ။ Starbucks ထုတ္ကုန္နဲ႕ ေရာင္းခ်ႏႈန္းတို႔ဟာ ကမာၻေပၚမွာ က်ယ္ျပန္တဲ့ေစ်းကြက္အျဖစ္ေနရာယူထားၿပီး လက္လီလက္ကားျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ ထုတ္လုပ္ျဖန္႕ခ်ီလ်က္ရွိပါတယ္။

လက္ရွိမွာ ကမာၻေပၚရွိ ႏုိင္ငံေပါင္း ၃၀ေက်ာ္မွာရွိတဲ့ ေကာ္ဖီဆိုင္ေပါင္း ၈၄၀၀ ေက်ာ္မွာ ေရာင္းခ်လ်က္ရွိပါတယ္။ Starbucks ေကာ္ဖီကိုေတာ့ ၁၉၇၁ ခုႏွစ္က စတင္ထုတ္လုပ္ခဲ့တာပါ။ လက္ရွိမွာ ေလေၾကာင္းလိုင္းေတြ၊ စားေသာက္ဆိုင္၊ စီးပြားေရးလုပ္ငန္းေတြ၊ ဟိုတယ္ေတြ၊ ေကာ္ဖီနဲ႕ ဆက္စပ္တဲ႕ ဆိုင္ေတြနဲ႕ လက္လီလက္ကားဆိုင္ေတြမွာ Starbucks ရဲ႕ ပရီမီယမ္လက္ဖက္ရည္နဲ႕ ေကာ္ဖီေတြကို ေရာင္းခ်လ်က္ရွိပါတယ္။

Starbucks ဟာ လက္ရွိ ေကာ္ဖီေစ်းကြက္မွာ ထိပ္တန္းအျဖစ္ ရပ္တည္ေနတာ ႏွစ္ေပါင္း ၃၃ ႏွစ္ခန္႕ ရွိေနၿပီ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Starbucks ဟာ ကမာၻေပၚမွာ လူေျပာအမ်ားဆံုးနဲ႕ ေစ်းကြက္အျမင့္ဆံုးေကာ္ဖီ ျဖစ္လို႔ေနၿပီျဖစ္ပါတယ္။ Starbucks ေကာ္ဖီကုမၸဏီဟာ ထင္ရွားေက်ာ္ၾကားတဲ့ေအာင္ျမင္မႈကို ဘယ္လိုထိမ္းသိန္းထားသလဲ ဆိုတဲ့အခ်က္က စိတ္ဝင္စားစရာေကာင္းလြန္းတာမို႔ စာဖတ္သူတို႔သိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ဖောက်သည်များကို ဝန်ထမ်းများမှ တစ်ဆင့်ချဉ်းကပ်ခြင်း

Starbucks တံဆိပ္ရဲ႕ ေအာင္ျမင္မႈေသာ့ခ်က္တစ္ခုကေတာ့ ေဖာက္သည္ေတြရဲ႕ တုံ႕ျပန္မႈေတြကို ကုမၸဏီဝန္ထမ္းေတြကေနတစ္ဆင့္ေလ့လာ ခ်ဥ္းကပ္တာပဲျဖစ္ပါတယ္။

ေဖာက္သည္ေတြ ဘာႀကိဳက္သလဲ၊ ဘာကို တန္ဖိုးထားသလဲ စသျဖင့္ ဆက္စပ္တဲ့အခ်က္လက္ေတြကို ေဖာက္သည္ေတြနဲ႕ ထိေတြ႕ရတဲ့ ဝန္ထမ္းေတြကေနတစ္ဆင့္ ေလ့လာမွတ္သားပါတယ္။

ဝန္ထမ္းေတြနဲ႕ ပံုမွန္ဝယ္ယူတဲ့ ေစ်းဝယ္သူေတြၾကားမွာ ခိုင္မာတဲ့ နားလည္မႈတစ္ခုကို တည္ေဆာက္ေစရန္ ရင္းႏွီးျမႈပ္ႏွံထားၿပီး အဲ့ဒီကေနတစ္ဆင့္ ေစ်းဝယ္သူေတြရဲ႕ ရည္ရွည္ အားေပးမႈကို ရယူၾကတာပဲ ျဖစ္ပါတယ္။

Starbucks မွာရွိတဲ႕ ဝန္ထမ္းေတြတိုင္းဟာ ေစ်းဝယ္သူေတြနဲ႕ လုပ္ငန္းဆက္စပ္လုပ္ကိုင္သူေတြကို စီးပြားျပိဳင္ ဘက္လို မဆက္ဆံပဲ၊ စီးပြားေရး တြဲဖက္ေတြအျဖစ္ ဆက္ဆံတတ္ေအာင္ ကုမၸဏီက ဖန္တီးထားတာပဲ ျဖစ္ပါတယ္။

ကော်ဖီဆိုင်တိုင်းတွင် အေးဆေး အနားယူနိုင်ခြင်း

Starbucks ေကာ္ဖီဆုိင္ေတြမွာ ဆင္းဒဝစ္ခ်္ေတြ၊ ေပါင္မုန္႔ေတြစသျဖင့္ ေရြးစရာမ်ိဳးစံုရွိတဲ႕အျပင္ သက္ေတာင့္သက္သာရွိတဲ့ ထိုင္ခံုေတြ၊ အျပင္ဆင္ေတြဟာ Starbucks ေကာ္ဖီဆိုင္ေတြကို ပိုလူႀကိဳက္မ်ားေစပါတယ္။

စားေသာက္ရင္ ေကာင္းမြန္တဲ့ ေနရာထုိင္ခင္းေတြမွာ စာေလ့လာတာ အနားယူတာေတြလုပ္လို႔ရပါတယ္။

ဒါ့အျပင္ Starbucks ေကာ္ဖီဆိုင္ေတြတိုင္းမွာ ဝုိင္ဖိုင္လည္းလႊင့္ထားေပးတာေၾကာင့္ တစ္ေယာက္တည္းလာေသာက္ရင္ေတာင္ ပ်င္းဖို႔ မေကာင္းေတာ့ဘူးေပါ့။

 

လက်တွေ့စမ်းသပ်ခြင်းများပြုလုပ်နိုင်ခြင်း၊ ကုန်ပစ္စည်းဆန်းသစ်တီထွင်မှုများရှိခြင်း

Starbucks ဟာဆိုရင္ ေစ်းကြက္ျဖန္႕ခ်ီတဲ႕ေနရာမွာ ေကာင္းမြန္တဲ႕ စီမံခန္႕ခြဲမႈေတြနဲ႕ အခ်ိန္ဇယားေတြ၊ အစီစဥ္ေတြကိုခ်မွတ္ျပီးလုပ္ေဆာင္တတ္တာက ကုမၸဏီရဲ႕ ေနာက္ကြယ္က ေအာင္ျမင္တဲ့ေသာ့ခ်က္ျဖစ္ပါတယ္။

Starbucks ေကာ္ဖီဆိုင္ေတြမွာ လာေရာက္ဝယ္ယူသူေတြဟာ အျခားေကာ္ဖီအမွတ္တံဆိပ္ေတြကို ျမည္းစမ္းႏုိင္ပါေသးတယ္။

အျခား ေကာ္ဖီတံဆိပ္ေတြနဲ႕ ယွဥ္တြဲေသာက္ေစၿပီး ကုမၸဏီထုတ္ကုန္ရဲ႕ ေစ်းကြက္ယွဥ္ၿပဳိင္မႈကို လ်င္လ်င္ျမန္ျမန္ စီးဆင္းေစတာပဲ ျဖစ္ပါတယ္။

အနုပညာရှင်များနှင့် အမြဲ အတူရှိနေခြင်း

Starbucks ေကာ္ဖီကိုလူႀကိဳက္မ်ားရတဲ့အေၾကာင္းရင္းထဲမွာ အနုပညာရွင္ေတြရဲ႕ အားေပးမႈေတြေၾကာင့္လည္း ပါပါတယ္။

သတင္းေတြ၊ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚတက္လာတဲ့ အနုပညာရွင္ေတြကို ပါပါရာဇီေတြက ရိုက္ထားတဲ႕ လွ်ပ္တျပက္ရိုက္ခ်က္ေတြတိုင္းမွာ အႏုပညာရွင္ေတြဟာ စတားဘတ္ေကာ္ဖီခြက္ကို ကိုင္ထားတတ္ၾကတာကိုေတြ႕ရမွာျဖစ္ပါတယ္။

 

အကျိုးခံစားခွင့်ပြန်ပေးတဲ့အစီစဉ်ရှိခြင်း

Starbucks app ကို ေဒါင္းေလာ့ဆြဲထားလိုက္တာနဲ႕ သင့္ဖုန္းကို ေဒၚလာေငြအခ်ိဳ႕ကို အက်ိဳးျမတ္ျပန္ေပးပါတယ္။

ဒါ့အျပင္ app ကေနတစ္ဆင့္ ေန႕စဥ္ဝယ္ယူေနတဲ့ ေကာ္ဖီပမာဏအတြက္ စတားေတြကို ျပန္ရႏုိင္ပါတယ္။ အဲဒီစတားေတြဟာ ေမြးေန႕ပြဲအတြက္ပဲျဖစ္ျဖစ္၊ ေအာ္ဒါမွာတာမ်ိဳးပဲျဖစ္ျဖစ္မွာ ျပန္အသံုးျပဳလို႔ ရပါတယ္။

စတား ၃၀၀ ျပည့္တုိင္းမွာ ေရႊေရာင္အမွတ္အသားတစ္ခုရမွာျဖစ္ၿပီးေတာ့ စတား ၁၂၅လံုးတိုင္းမွာ အက်ိဳးခံစားခြင့္တစ္ခုရရွိမွာျဖစ္ပါတယ္။

Starbucks အတြက္ေငြသံုးၿပီးတုိင္းမွာ Starbucks က အက်ိဳးအျမတ္တစ္ခု ျပန္ေပးေနတဲ့ စနစ္ေၾကာင့္လည္း လူႀကိဳက္မ်ားေနတာပဲျဖစ္ပါတယ္။

လူမှုကွန်ယက်မှာရေပန်းစားတဲ့ ကော်ဖီတံဆိပ်ဖြစ်ခြင်း

Starbucks ဟာ ၂၀၀၈ ခုႏွစ္ေလာက္ကတည္းက ေကာ္ဖီတံဆိပ္ကို လူမႈကြန္ယက္ေတြေပၚမွာ ေၾကညာခဲ့တာပါ။ Facebook, Twitter, Instragram, Pinterests စတဲ့ လူမႈကြန္ယက္ေတြေပၚမွာ Starbucks တံဆိပ္ကို Share တိုင္းအတြက္ အထူးအခြင့္အေရးေတြေပးခဲ့ပါတယ္။

ဥပမာ တစ္ခြက္ဝယ္ တစ္ခြက္ အလာကားေပးတဲ့ အစီစဥ္မ်ိဳးကို လူမႈကြန္ယက္ေတြကေနတစ္ဆင့္ ေစ်းကြက္ရွာခဲ့တာပါ။ အဲ့ဒီကေနတစ္ဆင့္ ဆက္စပ္ၿပီး လူသိမ်ားလာတာပဲျဖစ္ပါတယ္။

Starbucks ဟာ လူမႈကြန္ယက္ကေန ေစ်းကြက္ေဖာက္တဲ့ ဗ်ဴဟာကို အဓိကက်င့္သံုးပါတယ္။

Facebook ေပ့ခ်္ကေနတစ္ဆင့္ ေကာ္ဖီနဲ႕ပတ္သတ္တဲ့ အခ်က္အလက္ေတြ၊ ျပသနာေတြကို တာဝန္ယူေျဖရွင္းေပးေလ့ရွိၿပီး Instagram မွလည္း စားသံုးသူေတြရဲ႕ ပံုေတြကို၊ events ေတြနဲ႕ Starbucks အေရာင္းဆိုင္ေတြအေၾကာင္း ပံုမွန္ေဝမွ်လ်က္ရွိပါတယ္။

 

[Unicode]

 

Starbucks လို့ပြောလိုက်တာနဲ့ ကမ္ဘာပေါ်မှာ လူသိအများဆုံးကော်ဖီ brand တစ်ခုကို ပြေးမြင်ကြမှာပါ။ Starbucks ထုတ်ကုန်နဲ့ ရောင်းချနှုန်းတို့ဟာ ကမ္ဘာပေါ်မှာ ကျယ်ပြန်တဲ့ဈေးကွက်အဖြစ်နေရာယူထားပြီး လက်လီလက်ကားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ချီလျက်ရှိပါတယ်။ လက်ရှိမှာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၀ကျော်မှာရှိတဲ့ ကော်ဖီဆိုင်ပေါင်း ၈၄၀၀ ကျော်မှာ ရောင်းချလျက်ရှိပါတယ်။ Starbucks ကော်ဖီကိုတော့ ၁၉၇၁ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာပါ။ လက်ရှိမှာ လေကြောင်းလိုင်းတွေ၊ စားသောက်ဆိုင်၊ စီးပွားရေးလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ကော်ဖီနဲ့ ဆက်စပ်တဲ့ ဆိုင်တွေနဲ့ လက်လီလက်ကားဆိုင်တွေမှာ Starbucks ရဲ့ ပရီမီယမ်လက်ဖက်ရည်နဲ့ ကော်ဖီတွေကို ရောင်းချလျက်ရှိပါတယ်။

Starbucks ဟာ လက်ရှိ ကော်ဖီဈေးကွက်မှာ ထိပ်တန်းအဖြစ် ရပ်တည်နေတာ နှစ်ပေါင်း ၃၃ နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Starbucks ဟာ ကမ္ဘာပေါ်မှာ လူပြောအများဆုံးနဲ့ ဈေးကွက်အမြင့်ဆုံးကော်ဖီ ဖြစ်လို့နေပြီဖြစ်ပါတယ်။ Starbucks ကော်ဖီကုမ္ပဏီဟာ ထင်ရှားကျော်ကြားတဲ့အောင်မြင်မှုကို ဘယ်လိုထိမ်းသိန်းထားသလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာကောင်းလွန်းတာမို့ စာဖတ်သူတို့သိအောင် ဖော်ပြပေးလိုက်ပါတယ်။

 

ဖောက်သည်များကို ဝန်ထမ်းများမှ တစ်ဆင့်ချဉ်းကပ်ခြင်း

Starbucks တံဆိပ်ရဲ့ အောင်မြင်မှုသော့ချက်တစ်ခုကတော့ ဖောက်သည်တွေရဲ့ တုံ့ပြန်မှုတွေကို ကုမ္ပဏီဝန်ထမ်းတွေကနေတစ်ဆင့်လေ့လာ ချဉ်းကပ်တာပဲဖြစ်ပါတယ်။ ဖောက်သည်တွေ ဘာကြိုက်သလဲ၊ ဘာကို တန်ဖိုးထားသလဲ စသဖြင့် ဆက်စပ်တဲ့အချက်လက်တွေကို ဖောက်သည်တွေနဲ့ ထိတွေ့ရတဲ့ ဝန်ထမ်းတွေကနေတစ်ဆင့် လေ့လာမှတ်သားပါတယ်။ ဝန်ထမ်းတွေနဲ့ ပုံမှန်ဝယ်ယူတဲ့ ဈေးဝယ်သူတွေကြားမှာ ခိုင်မာတဲ့ နားလည်မှုတစ်ခုကို တည်ဆောက်စေရန် ရင်းနှီးမြှုပ်နှံထားပြီး အဲ့ဒီကနေတစ်ဆင့် ဈေးဝယ်သူတွေရဲ့ ရည်ရှည် အားပေးမှုကို ရယူကြတာပဲ ဖြစ်ပါတယ်။ Starbucks မှာရှိတဲ့ ဝန်ထမ်းတွေတိုင်းဟာ ဈေးဝယ်သူတွေနဲ့ လုပ်ငန်းဆက်စပ်လုပ်ကိုင်သူတွေကို စီးပွားပြိုင် ဘက်လို မဆက်ဆံပဲ၊ စီးပွားရေး တွဲဖက်တွေအဖြစ် ဆက်ဆံတတ်အောင် ကုမ္ပဏီက ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

 

ကော်ဖီဆိုင်တိုင်းတွင် အေးဆေး အနားယူနိုင်ခြင်း

Starbucks ကော်ဖီဆိုင်တွေမှာ ဆင်းဒဝစ်ချ်တွေ၊ ပေါင်မုန့်တွေစသဖြင့် ရွေးစရာမျိုးစုံရှိတဲ့အပြင် သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံတွေ၊ အပြင်ဆင်တွေဟာ Starbucks ကော်ဖီဆိုင်တွေကို ပိုလူကြိုက်များစေပါတယ်။ စားသောက်ရင် ကောင်းမွန်တဲ့ နေရာထိုင်ခင်းတွေမှာ စာလေ့လာတာ အနားယူတာတွေလုပ်လို့ရပါတယ်။ ဒါ့အပြင် Starbucks ကော်ဖီဆိုင်တွေတိုင်းမှာ ဝိုင်ဖိုင်လည်းလွှင့်ထားပေးတာကြောင့် တစ်ယောက်တည်းလာသောက်ရင်တောင် ပျင်းဖို့ မကောင်းတော့ဘူးပေါ့။

 

လက်တွေ့စမ်းသပ်ခြင်းများပြုလုပ်နိုင်ခြင်း၊ ကုန်ပစ္စည်းဆန်းသစ်တီထွင်မှုများရှိခြင်း

Starbucks ဟာဆိုရင် ဈေးကွက်ဖြန့်ချီတဲ့နေရာမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ အချိန်ဇယားတွေ၊ အစီစဉ်တွေကိုချမှတ်ပြီးလုပ်ဆောင်တတ်တာက ကုမ္ပဏီရဲ့ နောက်ကွယ်က အောင်မြင်တဲ့သော့ချက်ဖြစ်ပါတယ်။ Starbucks ကော်ဖီဆိုင်တွေမှာ လာရောက်ဝယ်ယူသူတွေဟာ အခြားကော်ဖီအမှတ်တံဆိပ်တွေကို မြည်းစမ်းနိုင်ပါသေးတယ်။ အခြား ကော်ဖီတံဆိပ်တွေနဲ့ ယှဉ်တွဲသောက်စေပြီး ကုမ္ပဏီထုတ်ကုန်ရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို လျင်လျင်မြန်မြန် စီးဆင်းစေတာပဲ ဖြစ်ပါတယ်။

 

အနုပညာရှင်များနှင့် အမြဲ အတူရှိနေခြင်း

Starbucks ကော်ဖီကိုလူကြိုက်များရတဲ့အကြောင်းရင်းထဲမှာ အနုပညာရှင်တွေရဲ့ အားပေးမှုတွေကြောင့်လည်း ပါပါတယ်။ သတင်းတွေ၊ လူမှုကွန်ယက်စာမျက်နှာတွေပေါ်တက်လာတဲ့ အနုပညာရှင်တွေကို ပါပါရာဇီတွေက ရိုက်ထားတဲ့ လျှပ်တပြက်ရိုက်ချက်တွေတိုင်းမှာ အနုပညာရှင်တွေဟာ စတားဘတ်ကော်ဖီခွက်ကို ကိုင်ထားတတ်ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

 

အကျိုးခံစားခွင့်ပြန်ပေးတဲ့အစီစဉ်ရှိခြင်း

Starbucks app ကို ဒေါင်းလော့ဆွဲထားလိုက်တာနဲ့ သင့်ဖုန်းကို ဒေါ်လာငွေအချို့ကို အကျိုးမြတ်ပြန်ပေးပါတယ်။ ဒါ့အပြင် app ကနေတစ်ဆင့် နေ့စဉ်ဝယ်ယူနေတဲ့ ကော်ဖီပမာဏအတွက် စတားတွေကို ပြန်ရနိုင်ပါတယ်။ အဲဒီစတားတွေဟာ မွေးနေ့ပွဲအတွက်ပဲဖြစ်ဖြစ်၊ အော်ဒါမှာတာမျိုးပဲဖြစ်ဖြစ်မှာ ပြန်အသုံးပြုလို့ ရပါတယ်။ စတား ၃၀၀ ပြည့်တိုင်းမှာ ရွှေရောင်အမှတ်အသားတစ်ခုရမှာဖြစ်ပြီးတော့ စတား ၁၂၅လုံးတိုင်းမှာ အကျိုးခံစားခွင့်တစ်ခုရရှိမှာဖြစ်ပါတယ်။ Starbucks အတွက်ငွေသုံးပြီးတိုင်းမှာ Starbucks က အကျိုးအမြတ်တစ်ခု ပြန်ပေးနေတဲ့ စနစ်ကြောင့်လည်း လူကြိုက်များနေတာပဲဖြစ်ပါတယ်။

 

လူမှုကွန်ယက်မှာရေပန်းစားတဲ့ ကော်ဖီတံဆိပ်ဖြစ်ခြင်း

Starbucks ဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ကော်ဖီတံဆိပ်ကို လူမှုကွန်ယက်တွေပေါ်မှာ ကြေညာခဲ့တာပါ။ Facebook, Twitter, Instragram, Pinterests စတဲ့ လူမှုကွန်ယက်တွေပေါ်မှာ Starbucks တံဆိပ်ကို Share တိုင်းအတွက် အထူးအခွင့်အရေးတွေပေးခဲ့ပါတယ်။ ဥပမာ တစ်ခွက်ဝယ် တစ်ခွက် အလာကားပေးတဲ့ အစီစဉ်မျိုးကို လူမှုကွန်ယက်တွေကနေတစ်ဆင့် ဈေးကွက်ရှာခဲ့တာပါ။ အဲ့ဒီကနေတစ်ဆင့် ဆက်စပ်ပြီး လူသိများလာတာပဲဖြစ်ပါတယ်။ Starbucks ဟာ လူမှုကွန်ယက်ကနေ ဈေးကွက်ဖောက်တဲ့ ဗျူဟာကို အဓိကကျင့်သုံးပါတယ်။ Facebook ပေ့ချ်ကနေတစ်ဆင့် ကော်ဖီနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ၊ ပြသနာတွေကို တာဝန်ယူဖြေရှင်းပေးလေ့ရှိပြီး Instagram မှလည်း စားသုံးသူတွေရဲ့ ပုံတွေကို၊ events တွေနဲ့ Starbucks အရောင်းဆိုင်တွေအကြောင်း ပုံမှန်ဝေမျှလျက်ရှိပါတယ်။

 

Writer_Lynn

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top