ကိုးရီးယား

Ramen ေခါက္ဆြဲအေၾကာင္းတေစ့တေစာင္း

Ramen ေခါက္ဆြဲလို့ၾကားလိုက္တာနဲ့မ်က္လံုးထဲမွာ ဂ်ပန္က အထင္ကရ ေခါက္ဆြဲၿပဳတ္ေပါင္းမ်ားစြာကို သင္ေၿပးၿမင္မိမွာပါ။ ဒီေန့မွာေတာ့ Ramen အေၾကာင္းစိတ္၀င္စားဖို့ေကာင္းတဲ့ အခ်က္ ၆ ခ်က္ကိုေၿပာၿပေပးသြားမွာပါ။

(၁) Ramen ေခါက္ဆြဲအစ တရုတ္ကပါ

ဟုတ္ပါတယ္၊၊ေက်ာက္ၿဖစ္ရုပ္ၾကြင္းေတြ့ရွိခ်က္ေတြအရ Ramen ဟာ တရုတ္မွာ 2000 BC အေစာပိုင္းထဲကေပၚေပါက္ေနခဲ့တာပါ။ ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ ဂ်ပန္ႏိုင္ငံ ရဲ့ အထင္ကရ အစားအစာတစ္ခုၿဖစ္ေနပါၿပီ၊၊

(၂) သူ့ရဲ့မူလဘူတနာမည္အရင္းဟာ Ramen မဟုတ္ပါဘူး

ကမာၻေက်ာ္တဲ့ Ramen မၿဖစ္ခင္ မွာသူ့ဟာ Shina Soba လို့အမည္တြင္ခဲ့ပါတယ္၊၊ အၾကမ္းဖ်င္းဘာသာၿပန္ရရင္ တရုတ္စတိုင္ေခါက္ဆြဲပါ။ Ramen လို့အမည္တြင္တဲ့အခ်ိန္မွာလဲ ဒီစကားလံုးက တရုတ္ လက္လုပ္ေခါက္ဆြဲ La mein နဲ့လိုက္ေလ်ာညီေထြၿဖစ္ေအာင္ေပးခဲ့တယ္လို့ ဘာသာစကားပညာရွင္ေတြက အဆိုၿပဳထားပါတယ္။

(၃) ဒုတိယ ကမာၻစစ္ပြဲမွာ အသင့္စားလို့ရတဲ့ Ramen ေပၚေပါက္ခဲ့ပါတယ္

ဂ်ပန္ေတြဟာ စစ္ပြဲကို ပါ၀င္ပက္သတ္ခဲ့တဲ့အတြက္ တိုင္းၿပည္ေနရာအႏွံ့မွာ အစာေရစာ ရွားပါးမႈနဲ့လိုအပ္ေနမႈေတြၿဖစ္ေပၚခဲ့ပါတယ္။ တင္းၾကပ္တဲ့အစိုးရစည္းမ်ဥ္း ေတြေၾကာင့္ၿပည္သူေတြ အစားအစာအနည္းအပါးနဲ့သာေက်နပ္ေနရပါတယ္။ ေခါက္ဆြဲစားဖို့တန္းစီေနတဲ့၊ဆာေလာင္ေနတဲ့ၿပည္သူေတြ ေလးစားခဲ့ရတဲ့ ဂ်ပန္လူမ်ိဳး Momofuku Ando ကေတာ့ Ramen ေခါက္ဆြဲနဲ့သူတို့ရဲ့ဆာေလာင္မႈေတြေၿဖေလ်ာ့ေပးခဲ့ပါတယ္။ သူဟာ 1958 မွာ Packaged Ramen လို့ေခၚတဲ့ အသင့္စားသံုးလို့ရတဲ့ေခါက္ဆြဲကိုတီထြင္ခဲ့ၿပီး အေၿမာက္အမ်ားထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။အဲဒီေနာက္ပိုင္း Nissin Foods ကိုတည္ေထာင္ခဲ့ပါတယ္။

(၄) အရက္ေသာက္လြန္ၿပီးေခါင္းကိုက္တာကို ေပ်ာက္ကင္းေစပါတယ္

မတူညီတဲ့ Instant Ramen  အမ်ိဳးအစားေတြမွာ ပါ၀င္တဲ့ဟင္းခတ္အေမႊးအၾကိဳက္မ်ိဳးစံုဟာ အစြမ္းရွိပါတယ္။ ဒီဟင္းခတ္အေမႊးအၾကိဳင္ေတြက ဆိုဒီယမ္ ပါ၀င္ၿပီး အရက္ေၾကာင့္ေရဓာတ္ဆံုးရွံုးမႈေတြကို ၿပန္လည္ၿဖည့္ဆည္းေပးပါတယ္။ ေနာက္တစ္ခါ အရက္ေသာက္လြန္ၿပီးေခါင္းမူးတဲ့အခါ မနက္ အားၿဖည့္အခ်ိဳရည္ေသာက္မယ့္အစား Ramen ေခါက္ဆြဲေလးကိုစားလိုက္ပါ။

(၅)သူဟာ ကမာၻအၿပင္ဘက္လဲေရာက္ဖူးပါတယ္

Nissin Foods ကေန အာကာသမွာ စားလို့ရတဲ့ အထူးစီမံၿပဳလုပ္ထားတဲ့ “Space Ram” လို့ေခၚတဲ့ Ramen ကိုထြင္ခဲ့ပါတယ္။အဲဒီေနာက္ အာကာသစူးစမ္းရွာေဖြေရးတစ္ခု မွာ အာကာသယာဥ္မွဴးေတြစားသံုးခဲ့ပါတယ္။

(၆) Cup Noodles ရလာဖို့ ၅ ႏွစ္အခ်ိန္ယူခဲ့ရပါတယ္

Ramen ၿပဳလုပ္ရတာက ခ်က္ဖို့နဲ့စားဖို့ ေလာက္လြယ္ကူမွာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ေနာက္ဆံုးမွာေတာ့ ဟင္းခတ္အေမႊးအၾကိဳင္နဲ့အသီးအရြက္ပါၿပီးသား အသင့္စားေခါက္ဆြဲခြက္ေတြကို 1971 မွာစတင္ၿပီးအသံုးၿပဳခဲ့ပါတယ္။

 

[Unicode]

 

Ramen ခေါက်ဆွဲလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာ ဂျပန်က အထင်ကရ ခေါက်ဆွဲပြုတ်ပေါင်းများစွာကို သင်ပြေးမြင်မိမှာပါ။ ဒီနေ့မှာတော့ Ramen အကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၆ ချက်ကိုပြောပြပေးသွားမှာပါ။

(၁) Ramen ခေါက်ဆွဲအစ တရုတ်ကပါ

ဟုတ်ပါတယ်၊၊ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိချက်တွေအရ Ramen ဟာ တရုတ်မှာ 2000 BC အစောပိုင်းထဲကပေါ်ပေါက်နေခဲ့တာပါ။ ဒါပေမယ့် ယခုအချိန်မှာတော့ ဂျပန်နိုင်ငံ ရဲ့ အထင်ကရ အစားအစာတစ်ခုဖြစ်နေပါပြီ၊၊

(၂) သူ့ရဲ့မူလဘူတနာမည်အရင်းဟာ Ramen မဟုတ်ပါဘူး

ကမ္ဘာကျော်တဲ့ Ramen မဖြစ်ခင် မှာသူ့ဟာ Shina Soba လို့အမည်တွင်ခဲ့ပါတယ်၊၊ အကြမ်းဖျင်းဘာသာပြန်ရရင် တရုတ်စတိုင်ခေါက်ဆွဲပါ။ Ramen လို့အမည်တွင်တဲ့အချိန်မှာလဲ ဒီစကားလုံးက တရုတ် လက်လုပ်ခေါက်ဆွဲ La mein နဲ့လိုက်လျောညီထွေဖြစ်အောင်ပေးခဲ့တယ်လို့ ဘာသာစကားပညာရှင်တွေက အဆိုပြုထားပါတယ်။

(၃) ဒုတိယ ကမ္ဘာစစ်ပွဲမှာ အသင့်စားလို့ရတဲ့ Ramen ပေါ်ပေါက်ခဲ့ပါတယ်

ဂျပန်တွေဟာ စစ်ပွဲကို ပါ၀င်ပက်သတ်ခဲ့တဲ့အတွက် တိုင်းပြည်နေရာအနှံ့မှာ အစာရေစာ ရှားပါးမှုနဲ့လိုအပ်နေမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တင်းကြပ်တဲ့အစိုးရစည်းမျဉ်း တွေကြောင့်ပြည်သူတွေ အစားအစာအနည်းအပါးနဲ့သာကျေနပ်နေရပါတယ်။ ခေါက်ဆွဲစားဖို့တန်းစီနေတဲ့၊ဆာလောင်နေတဲ့ပြည်သူတွေ လေးစားခဲ့ရတဲ့ ဂျပန်လူမျိုး Momofuku Ando ကတော့ Ramen ခေါက်ဆွဲနဲ့သူတို့ရဲ့ဆာလောင်မှုတွေဖြေလျော့ပေးခဲ့ပါတယ်။ သူဟာ 1958 မှာ Packaged Ramen လို့ခေါ်တဲ့ အသင့်စားသုံးလို့ရတဲ့ခေါက်ဆွဲကိုတီထွင်ခဲ့ပြီး အမြောက်အများထုတ်လုပ်ရောင်းချခဲ့ပါတယ်။အဲဒီနောက်ပိုင်း Nissin Foods ကိုတည်ထောင်ခဲ့ပါတယ်။

(၄) အရက်သောက်လွန်ပြီးခေါင်းကိုက်တာကို ပျောက်ကင်းစေပါတယ်

မတူညီတဲ့ Instant Ramen အမျိုးအစားတွေမှာ ပါ၀င်တဲ့ဟင်းခတ်အမွှေးအကြိုက်မျိုးစုံဟာ အစွမ်းရှိပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေက ဆိုဒီယမ် ပါ၀င်ပြီး အရက်ကြောင့်ရေဓာတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။ နောက်တစ်ခါ အရက်သောက်လွန်ပြီးခေါင်းမူးတဲ့အခါ မနက် အားဖြည့်အချိုရည်သောက်မယ့်အစား Ramen ခေါက်ဆွဲလေးကိုစားလိုက်ပါ။

(၅)သူဟာ ကမ္ဘာအပြင်ဘက်လဲရောက်ဖူးပါတယ်

Nissin Foods ကနေ အာကာသမှာ စားလို့ရတဲ့ အထူးစီမံပြုလုပ်ထားတဲ့ “Space Ram” လို့ခေါ်တဲ့ Ramen ကိုထွင်ခဲ့ပါတယ်။အဲဒီနောက် အာကာသစူးစမ်းရှာဖွေရေးတစ်ခု မှာ အာကာသယာဉ်မှူးတွေစားသုံးခဲ့ပါတယ်။

(၆) Cup Noodles ရလာဖို့ ၅ နှစ်အချိန်ယူခဲ့ရပါတယ်

Ramen ပြုလုပ်ရတာက ချက်ဖို့နဲ့စားဖို့ လောက်လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့အသီးအရွက်ပါပြီးသား အသင့်စားခေါက်ဆွဲခွက်တွေကို 1971 မှာစတင်ပြီးအသုံးပြုခဲ့ပါတယ်။

Writer_Sar Wa

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top