စားသောက်နေထိုင်နည်း

မိုးရာသီမှာသင့်ကို ကျန်းမာစေမယ့် သဘာဝ လက်ဖက်ရည် (၅) မျိုး

မိုးရာသီမှာ မိုးလေးတွေကရွာ၊ အအေးမိ နဲ့ ဖျားနာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဖျားနာစေတဲ့ ဘက်တီးရီးယားတွေနှင့် ဗိုင်းရပ်စ်ပိုးတွေက တခြားရာသီတွေထက် ပိုပြီးကူးစက်နှုန်းမြင့်လေ့ရှိပါတယ်။

ဒါကြောင့်မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေလုပ်သင့်လဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ဆရာဝန်ဆီသွားပြီး ညွှန်ကြားမှုတွေ ပဋီဇီဝဆေးတွေယူစရာမလိုဘဲ သဘာဝပစ္စည်းတွေအသုံးပြုပြီး ကိုယ်ခံအားကောင်းစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ တကယ်လို့ စာဖတ်သူက လက်ဖက်ရည်နှစ်သက်သူတစ်ယောက်သာဖြစ်မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို တကယ်ကို ကျေနပ်စေမှာပါ။ နည်းလမ်းလေးကတော့ သဘာဝလက်ဖက်ရည် သောက်တာပဲဖြစ်ပါတယ်။ ပြီးတော့ မိုးအေးအေးနဲ့ လက်ဖက်ရည်ပူပူတစ်ခွက်သောက်ရတာလောက် ဇိမ်ကျတာရှိနိုင်ဦးမလားနော်။

အောက်မှာဖော်ပြထားတာတွေကတော့ ဒီမိုးရာသီမှာ ဖျားနာခြင်းတွေကို ဝေးဝေးမှာဖယ်ထားနိုင်ဖို့ အတွက် သောက်သင့်တဲ့ သဘာဝလက်ဖက်ရည် ငါးမျိုးဖြစ်ပါတယ်။

၁)ဂျင်းလက်ဖက်ရည်

Ginger Tea

ဂျင်းလက်ဖက်ရည်ဟာ ရိုးရိုးအအေးမိခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဂျင်းလက်ဖက်ရည်က အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးပြီး အလက်ဂျစ်ဖြစ်တာတွေကိုတောင် သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အတွက်လည်း ကောင်းပါတယ်။ မိုးတွင်းမှာ ဗိုက်နာတာ ဗိုက်အောင့်တာတွေ အဖြစ်များလေ့ရှိပါတယ်။ ဂျင်းလက်ဖက်ရည်က သွေားလည်ပတ်မှူကိုကောင်းမွန်စေခြင်းဖြင့် အစာခြေဖျက်ခြင်းနဲ့ စုပ်ယူခြင်းကို အထောက်အကူပြုတဲ့အတွက် ဗိုက်နဲ့ပတ်သတ်တဲ့ဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။

ဂျင်းလက်ဖက်ရည် ပြုလုပ်ဖို့အတွက် ဂျင်းအနည်းငယ်ကို ရေနွေးဆူဆူထဲထည့်ပါ။ အဖုံးအုပ်ထားပြီး ခဏလောက်ထားပါ။ ပျားရည် ဒါမှမဟုတ် သံပုရာရည် အနည်းငယ်ကို ဆူပွက်လာတဲ့အခါ ထပ်ထည့်နိုင်ပါတယ်။

၂) လက်ဖက်စိမ်းလက်ဖက်ရည်

Green Tea

လက်ဖက်စိမ်းရဲ့ အံ့သြစရာအကျိုးကျေးဇူးတွေကိုတော့ သိပြီးပြီထင်ပါတယ်။ မိုးရာသီမှာ လက်ဖက်စိမ်းလက်ဖက်ရည် တစ်ခွက်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းပါတယ်။ လက်ဖက်စိမ်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်အားလုံးကိုစစ်ထုတ်ပေးပြီး သင့်ကို ပိုကျန်းမာစေမှာပါ။ သူ့မှာ ဓာတ်တိုးမှုကို ဆန့်ကျင်တဲ့ကစ္စည်းတွေ များစွာပါဝင်လို့ အဖြစ်များတဲ့ဖျားနာခြင်းတွေ ရောဂါတွေကို ထိထိရောက်ရောက် တိုက်ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့ လက်ဖက်စိမ်းရဲ့ အရသာကို မကြိုက်ဘူးဆိုရင် သကြားနည်းနည်းထည့်ပြီး သောက်နိုင်ပါတယ်။

၃) ပူဒီနာ(ပူစီနံ) လက်ဖက်ရည်

Mint Leave Tea

ပူစီနံ အနံကိုကြိုက်နှစ်သက်သူတွေ ဒီလက်ဖက်ရည်ကိုလည်း နှစ်သက်ကြမှာပါ။ ပူစီနံရွက်မှာ မီသနော(ပူရှိန်း)က အဓိက ပါဝင်ပစ္စည်း အနေနဲ့ ပါဝင်ပါတယ်။ မီသနောဓာတ်က ချွေးထွက်စေတဲ့အတွက် ကိုယ်အပူချိန်ကျစေပြီး အဖျားကို မြန်မြန် သက်သာစေပါတယ်။ ပူစီနံမှာပါဝင်တဲ့ antispasmodic (ကြွက်သားတွေကိုပြေလျော့စေတဲ့ဓာတ်)က လည်ချောင်းကြွက်သားတွေကိုနာကျင်စေတဲ့ လည်းချောင်းယားပြီးချောင်းဆိုးခြင်း ချောင်းခြောက်ဆိုခြင်းတွေကို သက်သာစေပါတယ်။

၄) ချာမိုမိုင်း(Chamomile)ပန်း လက်ဖက်ရည်

Chamomile

စိတ်ဖိစီးမှုတွေ အရမ်းများနေမယ်ဆိုရင် ချာမိုမိုင်းပန်းလက်ဖက်ရည်က ရွေးချယ်သင့်ပါတယ်။ ဒီလက်ဖက်ရည်မှာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တဲ့ ဂုဏ်သတ္တိတော်တော်များများ ပါဝင်ပါတယ်။ စာဖတ်သူက စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်သူဆိုရင် ဒီလက်ဖက်ရည်လေးတစ်အိုးသာ သောက်လိုက်ပါ။ ချာမိုမိုင်းလက်ဖက်ရည်က အအေးမိခြင်းကို ကုသပေးပြီး အစာခြေစနစ်ကိုလည်း ကူညီပေးပါတယ်။

၅) Tulsi ပင်စိမ်းလက်ဖက်ရည်

Tulsi  Tea

Tulsi ပင်စိမ်းလက်ဖက်ရည်ကတော့ တစ်မိုးတွင်းလုံးသောက်သင့်တဲ့ လက်ဖက်ရည်ဖြစ်ပါတယ်။ Tulsi (ပင်စိမ်းမျိုးနွယ်ဝင် အရွက်)ရွက်မှာ ပြန်လည်ကုသပေးနိုင်စွမ်းတွေ အများကြီး ပါဝင်ပါတယ်။ အဓိကအနေနဲ့ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ နှလုံးအားနည်းခြင်းနဲ့ အဆုတ်ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ အရမ်းပင်ပန်းနေတဲ့အခါ tulsi ပင်စမ်းလက်ဖက်ရည်ကိုသောက်သုံးပေးနိုင်ပါတယ်။ Tulsi အရွက် အချို့ကို ပြုတ်ပါ၊ ပျားရည် သို့ သံပုရာရည် အနည်းငယ်ကို အရသာပိုကောင်းဖို့ ထပ်ထည့်ပါ။ သူ့အတိုင်းသောက်ရင် ပိုပြီး ကျန်းမာရေးအတွက်ကောင်းပါတယ်။

ကဲ…အခုဆိုရင်တော့ မိုးတွင်းမှာ ကျန်းမာပြီး လှပအောင် သောက်သင့်တဲ့ လက်ဖက်ရည် ငါးမျိုးလည်း သိပြီးပြီဆိုတော့ နောက်နေ့အိမ်မှာလုပ်သောက်ကြည့်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top