
အခုတစ်လော စားချင်းစရာ အဝါရောင် ဒူးရင်း Pillow လေးတွေ Foodie တွေကြားမှာ တော်တော်ခေတ်စား နေတယ်ဟုတ် ။ ပုံစံလေးက စားချင်စရာကောင်းသလို အရသာလေးက လည်း ဒူးရင်းသီးလေးပါတော့ မွှေးပြီး ချိုစိမ့်နေတာပဲ။
ဒီ ဒူးရင်း Pillow လေးကို ကိုယ့်အိမ်မှာ Non Stick ဒယ်ပြားလေးရှိရုံနဲ့ အလွယ်တကူပြုလုပ်လို့ရမယ့်နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ လုပ်နည်းလေးကလည်း တကယ်ကို အရမ်းလွယ်ပါတယ်။ အခုဆိုရင်ဒူးရင်းသီးလေးတွေလည်း ပေါနေပြီဆိုတော့ ပို အဆင်ပြေတာပေါ့နော်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဂျုံမှုန့် ၁၆၀ ဂရမ်
နွားနို့ ၃၅၀ ဂရမ်
ထောပက် စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ဥ ၂ လုံး
ဆားအနည်းငယ်
သကြား
Dairy Cream (၃၀၀ ဂရမ်)
အသားနွင်ထားသော ဒူးရင်းသီး
ပထမဆုံး ဂျံုမှုန် ့ကို ဇကာနဲ ့ စစ်ပြီး ဇလုံထဲကို ထည့်ပါ။ ပြီးရင်တော့ ကြက်ဥ၊ နွားနို့ ၊ သကြားနှင့် ဆားတို့ကို သမအောင် မွှေပြီး ဂျံုမှုန့် ထဲကို ရောထည့်ပြီး မွှေပါ။
မကပ်တဲ့ အိုး Non Stick ဒယ်ပြားကို အပူပေးထားပါ။ ဒယ်ပြား ပူလာပြီရင် ဆီ အနည်းငယ် သုတ်လိုက်ပါ။ ပြီးရင်တော့ တော့ စောနက သမအောင်ခေါက်ထားတဲ့ အနှစ်လေးတွေကို ဇွန်းကြီးနဲ့ တစ်ဇွန်းထည့်ပါ။ မတူးသွားအောင် အပေါ်အောက် တစ်လှည့်စီ လှည့်ပါ။ Crepe ပြားအိအိလေး ရလာပြီိဆိုရင်တော့ အအေးခံပါ။
ဒူးရင်း Pillow ပြုလုပ်ဖို့အတွက် ဒူးရင်းသီး အနှစ်နဲ့ Dairy Cream ကို ရောမွှေပြီး Crepe ပြားထဲ ထည့်ကာ လိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဒူးရင်းသီး သရဲ တွေ အကြိုက် ဒူးရင်း Pillow လေး ရပါပြီ။
ဒူးရင်းသီး မကြိုက်တဲ့ သူတွေအတွက် ငှက်ပျောသီး၊ စတော်ဘယ်ရီသီး နှင့်ထောပတ်သီးတို့လို အခြားအသီးအနှံလေးတွေ ထည့်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။
