စားသောက်နေထိုင်နည်း

ထမင်းရည် အစွမ်း အံ့မခန်း

ဆန်ဟာအရသာနှင့်် အာဟာရပြည့်ဝခြင်းတို့ကြောင့်ကမ္ဘာတစ်ဝှမ်း အများဆုံးစားသုံးတဲ့အစားအစာများထဲမှ တစ်ခုဖြစ်ပါတယ်။ အာရှမှာပထမ ဆုံး အလှအပ ကုသမှုတစ်ခုအဖြစ်လည်းဆန် ကိုအသုံးပြုဖို့စိုက်ပျိုးလေ့ ရှိကြပါတယ်။

Cooked Rice Water

ဆန်ဟာကမ္ဘာလူဦးရေရဲ့တစ်ဝက်ခန့်အတွက်အဓိကအစားအစာအဖြစ်ရှိနေပြီး အာရှမှာအများဆုံးစားသုံးကြပါတယ်။
ဆန်ထဲမှာမြင့်မားစွာပါ၀င်နေတဲ့ကစီဓာတ်ကလူတစ်ယောက်တစ်နေ့မှာရှိသင့်ရဲ့ကယ်လိုရီရဲ့တစ်ဝက်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ကစီဓာတ်က ဆန်ရည်ကို အဖြူရောင်ဖြစ်စေတဲ့အကြောင်းတစ်ခုပါပဲ။ ဆန်ထဲမှာ ပရိုတင်းတွေ အမျှင်ဓာတ်တွေနဲ့ ဗီတာမင်တွေလဲ အများအပြားပါ၀င်ပါသေးတယ်။

ကျွန်မတို့အများစုဟာဆန်ရေရဲ့အကျိုးကျေးဇူးများကိုသတိမဲ့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်လဲဆန်ချက်ပြီးတဲ့အခါကျန်နေတဲ့ရေတွေကို သတိမထားမိပဲ သွန်ပစ်နေမိမှာပါ။

Cooked Rice Water
ဆန်ရေကိုတစ်နည်းဆန်ဆေးရည်လို့လဲခေါ်ကြပြီးကျွန်တော်တို့ဆန်ကိုမချက်ခင်မှာဆန်ဆေးတဲ့အခါကျန်တဲ့ရေဖြစ်ပါတယ်။နောက်တစ်နည်းကဆန်ချက်ပြီးမှကျန်တဲ့အရည်ကို ထမင်းရည်လို့ခေါ်ကြပါတယ်။

ကျွန်တော်တို့ဆန်ကိုအပူပေးချက်ပြုတ်တဲ့အခါမှာဆန်ထဲမှာပါတဲ့ကစီဓာတ်တွေကရေထဲကိုစိမ့်ဝင်သွားပြီးအဲလိုရလာတဲ့အရည်တွေကိုထမင်းရည်လို့ခေါ်ပါတယ်။ဒါ့အပြင်ချက်ပြုတ်နေစဉ်အတွင်းမှာလဲပါ၀င်မှုမြင့်မားတဲ့ Vitamin B, folic acid နဲ့ antioxidants တွေပါရေထဲကိုပျော်ဝင်သွားပါတယ်။ဒါကြောင့်လဲထမင်းရည်ဟာ အလှအပနဲ့ကျန်းမာရေးအတွက် အမျိုးစုံပြုလုပ်အသုံးချလို့နေတာပါ။

အဲလိုအလွယ်တကူရနေတဲ့ထမင်းရည်ဟာကျန်းမာရေးအတွက်အကျိုးရှိရုံသာမကအမျိုးသမီးထုအတွက်လဲ ကြည်လင်ပြတ်သားတဲ့အသားအရေနှင့်ဆံနွယ်တောက်ပမှုကိုပါပေးစွမ်းနိုင်တယ်ဆိုတာ အံ့သြဖွယ်တွေ့ရမှာပါ။

Cooked Rice Water

ပထမဆုံးအနေနဲ့NaturalConditionerအဖြစ်ထမင်းချက်တာကနေရလာတဲ့ထမင်းရည်တွေကိုဆံပင်တွေအနှံ့့သုတ်လိမ်းပြီးရေနွေးနဲ့ တစ်ပတ်သုံးကြိမ်းအသုံးပြုခြင်းဖြင့် ဆံနွယ်တွေ သန်မာ တောက်ပပြီး အားကောင်းအောင် သမားရိုးကျ Conditioner တွေအစားအသုံးပြုနိုင်ပါတယ်။

နောက်တစ်ခုက Skin Toner အနေနဲ့ပါ။ ထမင်းရည်မှာပါ၀င်တဲ့ compounds တွေက မျက်နှာမှာရှိတဲ့ ချွေးပေါက်ကို ကျဉ်းစေပြီး dead cells တွေဖယ်ရှားပေးရုံသာမက နေရောင်မှာပါ၀င်တဲ့ UV rays တွေကိုရောကာကွယ်ပေးနို်င်ပါတယ်။ ၀ါဂွမ်းလေးနဲ့မျက်နှာကို ထမင်းရည်အနည်းငယ်သုတ်လိမ်းပြီးခြောက်အောင်ထားကာ မနက်ကစလို့ညအိပ်ရာဝင်တဲ့အထိ နေ့တိုင်းအသုံးပြုနိုင်ပါတယ်။

တတိယတစ်ခုအနေနဲ့ ၀က်ခြံကုထုံးအနေနဲ့အသုံးပြုလို့ရပါတယ်။ထမင်းရည်မှာပါ၀င်တဲ့ anti-inflammatory နဲ့ astringent ဓာတ်တွေက ၀က်ခြံများကိုလျော့နည်းကင်းရှင်းစေပါတယ်။Chemical ၀က်ခြံပျောက်ဆေးတွေနဲ့မတူတဲ့အချက်က အသားရည်ကို နူးညံ့အောင်ထမင်းရည်က လုပ်ပေးနိုင်ပါတယ်။
အသုံးပြုပုံကတော့ ၀ါဂွမ်းနဲ့ ၀က်ခြံ၊ ဆားဝက်ခြံတွေရှိတဲ့နေရာကို ထမင်းရည်နဲ့ တစ်နေ့နှစ်ကြိမ် နေ့တိုင်းအသုံးပြုနိုင်ပါတယ်။

နံပါတ်လေးအချက်အနေနဲ့အသုံးပြုနိုင်တာကတော့ ၀မ်းရောဂါပျောက်ဆေးအနေနဲ့ပါ။ထမင်းရည်မှာပါ၀င်တဲ့ သတ္တုဓာတ်တွေက ၀မ်းပျက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ တွေကိုကုသနိုင်ပါတယ်။ ထမင်းရည်မှာဆားနည်းငယ်ထည့်ပြီးတော့ တစ်နေ့နှစ်ကြိမ်သောက်သုံးခြင်းဖြင့်ကုသနိုင်ပါတယ်။

Natural energizer သဘာဝအားဖြည့်အရည်အနေနှင့်လဲ အသုံးပြုနိုင်ပါတယ်။ ဒီထမင်းရည် ကိုသောက်သုံးခြင်းဖြင့်သူ့မှာပါ၀င်တဲ့ အမိုင်နိုအက်ဆစ်တွေ က ကျွန်တော်တို့ကြွက်သားတွေပြန်လည်တည်ဆောက်ရာမှာအသုံးဝင်ပါတယ်။အားကစားတွေလုပ်တဲ့အခါမှာ လိုအပ်တဲ့ Energy အဖြစ် carbohydrates ကိုလဲထမင်းရည်ကနေရရှိနိုင်ပါတယ်။လေ့ကျင့်ခန်းမပြုလုပ်ရင်နာရီဝက်အလိုမှာ သောက်သုံးရမှာပါ။

နောက်အချက်က နှင်းခူကုသရာမှာအသုံးပြုနိုင်ပါတယ်။ ထမင်းမှာပါ၀င်တဲ့ကစီဓာတ်က နှင်းခူကုသရာမှာအသုံးဝင်ပါတယ်။အရေပြား ယားယံခြင်းနှင့် ခြောက်သွေ့မှုကို သက်သာစေရန်အသုံးပြုနိုင်ပါတယ်။နှင်းခူဖြစ်နေတဲ့နေရာကို တစ်နေ့ နှစ်ကြိမ်ကနေသုံးကြိမ်အထိ ထမင်းရည်နှင့်ပွတ်ပြီး အသုံးပြုလို့ရပါတယ်။

ဒါ့အပြင်ထမင်းရည်က ၀မ်းချုပ်ခြင်းကိုကာကွယ်ရာမှာလဲအသုံးဝင်ပါသေးတယ်။ကျွန်တော်တို့ထမင်းရည်ကိုတစ်နေ့နှစ်ခွက်ပုံမှန်သောက်သုံးမယ်ဆိုရင် အူလမ်းကြောင်းအတွင်းပိုင်းကိုလှုံ့ဆော်မှုဖြစ်စေတဲ့အတွက်ဝမ်းချုပ်မှာမပူရတော့ပါဘူး။ပုံမှန်သောက်နေကျသစ်သီးဖျော်ရည်တွေထဲမှာလဲထမင်းရည်ကိုထည့်သောက်နိုင်ပါတယ်။
ထမင်းရည်ရဲ့အကျိုးတွေကတော့မြင်တဲ့အတိုင်းအများကြီးပဲဖြစ်လို့ဒီနေ့ပဲသောက်သုံးပြီး ထမင်းရည်ထဲမှာပါတဲ့ အာရဖြစ်စေပြီးရောဂါမျိုးစုံပါပျောက်ကင်းစေအောင်လုပ်ဆောင်လိုက်ကြပါစို ့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top