စားသောက်နေထိုင်နည်း

စွယ်စုံကျန်းမာရေးအတွက် ဂေါ်ရခါးသီး (ခ) စူကာသီး

ဂေါ်ရခါးသီး

စူကာသီး ဆိုတာကတော့ တစ်ခြားထူးထူးဆန်းဆန်း အသီးမဟုတ်ပါဘူး။ ဂေါ်ရခါးသီး ကို ရှမ်းပြည်ဘက်မှာခေါ်ကြတဲ့ နောက်ထပ် နာမည် တစ်မျိုးဖြစ်ပါတယ်။

ဂေါ်ရခါးသီး
ဂေါ်ရခါးသီး ဆိုတာကတော့ နွယ်ပင်ကနေ သီးတဲ့ အသီးတစ်မျိုး ဖြစ်ပြီး အသီးမှာ ဆူးပါးပါးလေးတွေ ပါတဲ့ မျိုးစိတ် တစ်ခုပါ။ အရသာအနေနဲ့ ချို ပြီး ဟင်းလျာအမျိုးမျိုးအနေနဲ့ မြန်မာနိုင်ငံမှာသာမကပဲ တစ်ကမ္ဘာလုံး နှစ်ခြိုက်စွာ ချက်ပြုတ်စားသုံးကြတဲ့ အသီးတစ်မျိုး ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရှမ်းပြည်ကို ဆောင်းတွင်းဘက် သွားလည်တုန်းကဆို ဂေါ်ရခါးသီးတွေဆို ပေါမှပေါရယ်။ အိမ်တိုင်းလိုလိုမှာလည်း စင်လေးတွေနဲ့ စိုက်ထားကြလေ့ ရှိပါတယ်။စျေးတွေမှာဝယ်ရင် စျေးတွေ တော်တော်သက်သာတယ်။ အိမ်တိုင်းရဲ့ ဟင်းဝိုင်းမှာလည်း မပါမဖြစ် စားကြလေ့ ရှိတာတွေ့ခဲ့ရပါတယ်။

ဂေါ်ရခါးသီးကို အများအားဖြင့် ပါးပါးလေးလှီးပြီး ကြက်ဥနဲ့ ရောကြော် စားကြသလို အတုံးလေးတွေ တုံးပြီး ကြက်သား၊ ဝက်သားတို့ နဲ့ ရောချက်စားကြလေ့ ရှိပါတယ်။ အသုပ်အနေနဲ့လည်း ထိုင်းစတိုင် ချဉ်ချဉ်ငံငံစပ်စပ်စတိုင်၊ မြန်မာစတိုင် ပဲမှုန့်၊ ဆီချက် နိုင်နိုင်နဲ့ ခပ်စိမ့်စိမ့်လေး သုပ်စားကြသလို ဟင်းချို အနေနဲ့ ချက်သောက်ကြလေ့ ရှိပါတယ်။

ဒီလိုလူတော်တော် များများ ကြိုက် နှစ်သက်စွာ စားကြလေ့ ရှိတဲ့ ဂေါ်ရခါးသီးမှာ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

ဂေါ်ရခါးသီး

  • ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်တွေ အများကြီးပါဝင်တာကြောင့် အူလမ်းကြောင်းနှင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။

  • ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ ဓါတ်များပါရှိတာကြောင့် ကင်ဆာရောဂါအပါအဝင်အရိုးပါးရောဂါ နှင့် သွေးတိုးရောဂါများတို တားဆီးပေးခြင်း၊ ကျောက်ကပ်ကို အားကောင်းစေပြီး ဆီးရွှင်ခြင်း၊ ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။

  • ကယ်လိုရီဓါတ် နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ကျ လိုသူများ စားသုံးဖို့အတွက် သင့်တော်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

ဒီလို ကျန်းမာရေး နှင့် ညီညွှတ်တဲ့ စူကာသီး (ခေါ်) ဂေါ်ရခါးသီးကို စားပြီး ကျန်းမာတဲ့ နေထိုင်မှု ဘဝကို ထိန်းသိမ်းလိုက်ရအောင် နော်။ ကိုယ်ကြိုက်တဲ့ ဂေါ်ရခါးသီး ချက်နည်းလေးကို လည်း ရေးသွားကြပါဦးနော်။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top