Lifestyle

ရေနွေးကြမ်းသောက်ပြီး ဝိတ်ချကြမယ်

Tea

ဝိတ်ကျချင်ပေမယ့် အစားလည်းမလျှော့နိုင်သူတွေအတွက် ရေနွေးကြမ်းသောက်ပေးရုံနဲ့ ကျနိုင်မယ့် နည်းလမ်းလမ်းကောင်းလေးရှိပါတယ်။

Tea
ကမ္ဘာ ပေါ်မှာ လက်ဖက်ကို ပုံစံ ၃ မျိုးနဲ့ သုံးဆောင်ကြပါတယ်။ လက်ဖက်စိမ်း၊ လက်ဖက်ခြောက်နဲ့ Oolong tea (တရုတ် ရေနွေးကြမ်း)တို့ဖြစ်ပါတယ်။

Tea

လက်ဖက်ခြောက်ကို လက်ဖက်ပင်ရဲ့ အရွက်နဲ့ အဖူးလေးတွေကနေရပါတယ်။ လက်ဖက်စိမ်းနဲ့ တရုတ်လက်ဖက်ခြောက်လုပ်တဲ့ လက်ဖက်ပင်နဲ့ အတူတူပါပဲ။ ပြုလုပ်တဲ့ပုံပဲ ကွာပါတယ်။ တရုတ်လက်ဖက်ခြောက်က တစ်ဝက်ပဲ အခြောက်ခံထားပြီးတော့ လက်ဖက်ခြောက်ကတော့ လုံးဝ အခြောက်ခံပြီးသားပါ။ လက်ဖက်စိမ်းက အခြောက်မခံထားတဲ့ လက်ဖက် အရွက်တိုင်း ဖြစ်ပါတယ်။
လက်ဖက်စိမ်းက ဝိတ်ချရာမှာ လက်ဖက်ခြောက်ထက် ပိုနာမည်ကြီးပေမယ့် လက်ဖက်ခြောက်ဟာလည်း လက်ဖက်စိမ်းလို ဝိတ်ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိမှု အသစ်မှာ ဖော်ပြထားပါတယ်။

Tea

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ UCLC မှ Susanne Henningက သူ့ရဲ့ တွေ့ရှိမှု ကို the European Journal Nutrion ဂျာနယ်မှာ အခုလိုတင်ပြထားပါတယ်။ လက်ဖက်ခြောက်ရော လက်ဖက်စိမ်းရောမှာပါ ပိုလီဖီနော polyphenols တွေ ပါဝင်ပါတယ်။ ပိာလီဖီနောက ဓာတ်တိုးမှုဖြစ်စဉ်တွေ(DNA နဲ့ ဆဲလပ်အမှေးပါးတွေကို အောက်စီဂျင်က ထွက်လာတဲ့ ရက်ဒီကယ်တွေက ထိခိုက်စေတဲ့ ဖြစ်စဉ်)ကို ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းက ပိုလီဖီနောတွေက သွေးထဲကနေတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အလွယ်တကူ စိမ့်ဝင် ပျံ့နှံနိုင်ပါတယ်။ ပိုလီဖီနော က အသည်းရဲ့ အစာခြေစနစ်ကို တိုးတက်စေပြီး အဆီပိုတွေကို ခြေဖျက်ကာ ဝိတ်ကျစေနိုင်ပါတယ်။

tea

လက်ဖက်ခြောက်ကို ထပ်ပြီး လေ့လာခဲ့တဲ့ ပညာရှင်တွေက လက်ဖက်ခြောက်ကလည်း အသည်းရဲ့ အစာခြေစနစ်ကို သက်ရောက်စေနိုင်ကြောင်းတွေ့ခဲ့ပါတယ်။ လက်ဖက်စိမ်းနဲ့ မတူတာက လက်ဖက်ခြောက်က လက်စိမ်းလောက် အစာကြေမလွယ်ပါဘူး။ ဒါပေမယ့် မခြေဖျက်နိုင်တဲ့ လက်ဖက်ခြောက် အကြွင်းအကျန်တွေက အူထဲမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြီးထွားမှာကို အထောက်အကူ ဖြစ်စေပါတယ်။ အဲ့ဒါက အသည်းရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

Tea
ဝိတ်ကျဖို့အတွက် တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက်ကနေ ၃ ခွက်ထိ သောက်ပေးသင့်ပါတယ်။

ဘယ်အချိန်တွေသောက်သင့်လဲ?

Tea
1) မနက်စာ စားပြီး
2) နေ့လည်စာ သို့မဟုတ် ညစာ စားပြီး
3) ညနေစာ သွားရည်စာ စားချိန်

ရေနွေးကြမ်း ထဲကို လီမွန်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထပ်ထည့်ပြီးလည်း သောက်လို့ရပါတယ်။ ဝိတ်ကျတာ သိသာစေဖို့ လက်ဖက်ခြောက် ကောင်းကောင်း ကို အသုံးပြုပေးပါ။

သံဓာတ်အားနည်း သူတွေက ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

1 Comment

1 Comment

  1. Lilly

    May 31, 2018 at 2:52 am

    ဘယ်နှပေါင်ကျတာလဲ

Leave a Reply

Your email address will not be published. Required fields are marked *

To Top