ပုစွန်တန်ပူရာ ဆိုတာကတော့ နာမည်ကြီးလှတဲ့ ဂျပန်အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ စားရတာ အရသာရှိသလို လုပ်ရတာလည်း လွယ်တာကြောင့် ကမ္ဘာတစ်ဝန်းလုံးက အစားအသောက်ချစ်သူတွေကြားမှာ နာမည်ကြီးတဲ့ အစားအစာအဖြစ် ထင်ရှားပါတယ်။ ပြုလုပ်ပြင်ဆင်တဲ့ အချိန်ကလည်း (၅) မိနစ်လောက်ပဲ ကြာတာကြောင့် အချိန်အရမ်းပေးစရာမလိုပဲ လွယ်လွယ်ကူကူနဲ့ ကိုယ့်အိမ်မှာပဲ ပြုလုပ်စားနိုင်ပါတယ်။
ပုစွန်တန်ပူရာ ပြုလုပ်ဖို့အတွက် လိုအပ်တာတွေကတော့
ပုစွန်ကြား အကောင်လတ် – ၂၀ ကောင်
ပေါင်မုန့်ကြွပ်မှုန့် – လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ
ကြက်ဥ – ၂လုံး
ဂျုံမှုန့် – လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ
ဆား – အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
ပုစွန်ကို အရင်ဆုံးခေါင်းဖြုတ်ပြီး အခွံနွှာပါ။ တန်ပူရာကြော်တဲ့နေရာမှာ အပြင်လှဖို့အတွက် အမြီးကအခွံလေးကိုတော့ မခွာပဲချန်ထားပါ။ ပြီးရင်တော့ ကြော်တဲ့အခါ ပုစွန်မကွေးသွားအောင် ပုစွန်ရဲ့ဗိုက်အောက်ကို ဓါးထက်ထက်နဲ့လေးငါးချက်ခန့်တစ်စောင်းလေးမွှန်းပေးပြီး လက်မ လက်ညိုးနဲ့ခေါင်းပိုင်းမှ စပြီးအမြီးပိုင်းထိဖိပြီးဆွဲဆန့်ပေးပါ။
ပြီးရင်တော့ ဂျုံမှုန့် ပန်းကန်ထဲကို အရသာအတွက် ဆားအနည်းငယ်ထည့်ပါ။ သန့်စင်ထားတဲ့ ပုစွန်လေးတွေကို အမြီးလေးကကိုင်ပြီး ဂျုံမှုန့် ပန်းကန်ထဲထည့်ပါ။
နောက်တစ်ဆင့်အနေနဲ့ ကြက်ဥထည့်ထားတဲ့ ခွက်ထဲကို နှစ်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ပေါင်မှုန့်ကြွပ်မှုန့်ကပ်ထားရပါမယ်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကြော်ဖို့အတွက် ဆီအိုးထဲကို ပန်းမှုံညှင်းကထုတ်လုပ်ထားပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကိုလက်စထရော 0% နဲ့ ပြောင်းလဲဆီ 0% အပြင် အိုမေဂါ ၃ နဲ့ ဗီတာမင် E ဓာတ်တွေပါဝင်တဲ့ Canaplus Canola ဆီကိုထည့်ပြီး ကြော်ပါမယ်။
Canaplus Canola ဆီလေးက သဘာဝကျတဲ့ အရသာ ဖွဲ့စည်းပုံ ရှိတာကြောင့် အခုလို ပုစွန် တန်ပူရာကြော်လုပ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။
ဒယ်အိုးထဲက ဆီဆူလာပြီဆိုရင်တော့ ပုစွန်လေးတွေကို ထည့်ကြော်ပါမယ်။
ကြော်တဲ့အခါမှာလည်း အကျက်ညီဖို့အတွက် ဟိုဘက် ဒီဘက် လှန်ဖို့မမေ့ပါနဲ့နော်။
ပုစွန်တန်ပူရာလေးတွေ ရွှေအိုရောင်သန်းလာပြီဆိုရင်တေ့ာ အိုးထဲကဆယ်ပြီး စားလို့ရပါပြီ။
အခုဆိုရင်တော့ ၅ မိနစ်တည်းနဲ့ပုစွန်တန်ပူရာ လုပ်နည်းလေးကို ပြောပြပေးပြီးပြီဆိုတော့ Doemal Foodie တွေလည်း အိမ်မှာလုပ်စားကြည့်ဦးနော်။
ပန်းမှုံညှင်း ကနေ ထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Canaplus Canola ဆီလေးကို ဝယ်ယူချင်တယ်ဆိုရင်တော့
🏚 နီးစပ်ရာ စိန်ဂေဟာအရောင်းစင်တာများ
🏚 Gandamar Wholesale အရောင်းစင်တာ
🏚 Ruby Mart (ရန်ကုန် နှင့် ပြင်ဦးလွင်) အရောင်းစင်တာများ နှင့်
🏚 ကုန်စုံဆိုင်များမှာဝယ်ယူရရှိနိုင်ပြီး ၈၀၀၀ ကျပ်ဖိုးနှင့်အထက်ဝယ်ယူမယ်ဆိုရင် အိမ်အရောက်ပို့ဝန်ဆောင်မှုလည်းရှိတယ်တဲ့။
😉ကျန်းမာစွာနေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောမိသားစုဘဝကို Canaplus နှင့် ဖန်တီးလိုက်ပါ။
