သုံးသပ်ချက်များ

Doemal Rebate , Redeem Program ရဲ့ User Initiated Feature အသစ်

Doemal Rebate Update

Doemal အက်ပလီကေးရှင်းဆိုတာကတော့ စားသောက်ဆိုင်တွေကို လွယ်ကူလျင်မြန်စွာနဲ့ ရှာဖွေလို့ရတဲ့ မိုဘိုင်းအက်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။ Doemal ရဲ့ Rebate/ Redeem Feature ကိုတော့လွန်ခဲ့တဲ့ လအနည်းငယ်က စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

Doemal Rebate/ Redeem ဆိုတာကတော့ Doemal User တွေအနေနဲ့ Doemal ရဲ့ ပါတနာဆိုင်တွေမှာ သွားစားတိုင်း ကိုယ်စားထားတဲ့ ငွေပမာဏရဲ့ 10 % အထိကို Doemal Dinga အနေနဲ့ ပြန်ရရှိမှာ ဖြစ်ပြီး စုထားတဲ့ Doemal Dinga တွေနဲ့ နောက်ထပ် Doemal ပါတနာဆိုင်တွေမှာ ငွေမကုန်ပဲ ပြန်လည် အသုံးပြုလို့ရတဲ့ System တစ်ခုပါ။


အခုဆိုရင်တော့ Doemal Rebate/ Redeem Program ရဲ့ User Initiate System အသစ်လေးလည်းထွက်လာပါပြီ။
Update Rebate/ Redeem System မှာတော့ Waiter ကိုခေါ်စရာ မလိုတော့ပဲအဆင့် ၃ ဆင့်နဲ့ မိမိ ဖုန်းလေးနဲ့ Rebate ကို ကိုယ်တိုင် လုပ်လို့ရပါမယ်။ လုပ်ရမယ့်အဆင့်တွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးတွေပါပဲ။

Doemal Rebate Update
ပထမအဆင့်အနေနဲ့ Earn Rebate ကိုနှိပ်ပြီး QR Code ကို ဖြစ်စေ၊ Select Restaurant (ကိုယ် Rebate လုပ်လို့တဲ့ စားသောက်ဆိုင်ကို ရွေးပါ။)


ဒုတိယအဆင့်အနေနဲ့ ဘောင်ချာနံပါတ်နဲ့ ကျသင့်ငွေဘေအမောင့်ကို သေချာမှန်ကန်အောင် ရိုက်ရပါမယ်။

Doemal Rebate Update
တတိယအဆင့်အနေနဲ့ ဆိုင်ကပေးတဲ့ဘောင်ချာ စာရွက်ကို ကြည်လင်ပြတ်သားအောင် ဓါတ်ပုံရိုက်ပြီး Continue To Earn Rebate ကိုနှိပ်ပါ။

ပြီးသွားရင်တော့ ကိုယ်ဖြည့်ခဲ့တဲ့ အချက်အလက်တွေကို သေချာစွာ စစ်ဆေးပြီး Earn Rebate ကိုနှိပ်ပြီးပြီဆိုရင်တော့ Rebate လုပ်လို့ ပြီးသွားပါပြီ။

အရေးကြီးတဲ့တစ်ချက်ကတော့ အသုံးပြုသူတွေအနေနဲ့ စားသောက်ဆိုင်ကပေးလိုက်တဲ့ ဘေမှာ ပါတဲ့ ရက်စွဲနဲ့ Rebate လုပ်တဲ့နေ့က တစ်ရက်တည်း ဖြစ်ပြီး ကိုက်ညီရပါမယ်။  iOSနှင့် Android မှာပါ အသုံးပြုလို့ရနေပြီဆိုတော့ Doemal ပါတနာဆိုင်တွေမှာ သွားစားတိုင်း လွယ်လွယ်ကူကူ Doemal Rebate လေးနဲ့ ငွေရှင်း့ပြီး Doemal Dinga လေးတွေ စုလို့ရတာပေါ့။

ဒီလိုမျိုး အသုံးပြုရလွယ်ကူရိုးရှင်းပြီး ငွေကုန်သက်သာတဲ့ Doemal Rebate/ Redeem ကို အသုံးပြုဖို့အတွက် Doemal အက်ပလီကေးရှင်းလေးကို Update လုပ်ပြီး သုံးကြည့်ပါဦးနော်။

Download Link->>> Doemal  

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top