ပွဲတော်များ

ရောင်စုံတွေကြားက Holi ပွဲတော်

Colours Festival လို့ လူသိများတဲ့ Holi ပွဲတော်ကို ဆောင်းအကုန် နွေဦးရောက်တဲ့အထိမ်းအမှတ်အပြင် အဆိုးတွေကနေ ရုန်းထွက်နိုင်တယ်လို့ ဟိန္ဒူလူမျိုးတွေက ယုံကြည်ကြပါတယ်။ ကောက်ရိတ်သိမ်းပွဲ အောင်မြင်တဲ့အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ပွဲလို့ ပြောလို့ရတဲ့ Holi ပွဲတော်ကို အိန္ဒိယနိုင်ငံအပြင် နီပေါနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့မှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိပါတယ်။

၂၀၁၈မှာ ကျရောက်တဲ့ Holi ပွဲတော်ကို မတ်လ ၁ရက်နေ့ကစပြီး ကျင်းပမှာဖြစ်တယ်။ ဟိန္ဒူလူမျိုးတွေရဲ့ နွေဦးပွဲတော်ဖြစ်တဲ့ Holi ပွဲတော်ဟာ တစ်ညနဲ့ တစ်ရက်ကြာပဲ ပြုလုပ်တာကြောင့် ကျင်းပတဲ့ရက်နည်းပေမယ့် ကမ္ဘာ့လှည့်ခရီးသွားတွေတောင်မှ ပွဲတော်ကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်တိုုင်းမဖြစ်မနေ ပါဝင်ဆင်နွှဲ တတ်ကြပါတယ်။ တချို့တွေကတော့ Holi ပွဲတော်ကျင်းပမယ့်အချိန်ကို ကိုက်ပြီး မကြုံ ကြုံအောင် သွားတတ်ကြပါတယ်။

ရောင်စုံမှုန့်တွေကို ဗန်းလေးတွေထဲမှာ ထည့်ထားပြီး အချင်းချင်း လက်ဆင့်ကမ်းလို့ တစ်ယောက်ကို တစ်ယောက် ပက်ဖြန်းကြပါတယ်။ ဒီလိုပက်ဖြန်းတဲ့အချိန်ဆိုရင် လူတိုင်းက ဆင်းရဲ၊ ချမ်းသာခြင်းမရှိ၊ အသားအရောင်ဘာမှမခွဲခြားပဲ တသားတည်းလို့ သဘောထားပြီး Holi ပွဲတော်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ရိုးရာတေးဂီတသံ မြူးမြူးတွေကြားမှာ ကခုန်ဆင်နွှဲကြပါတယ်။

ရောင်စုံမှုန့်တွေကိုတော့ သက်တန့်ရောင်တွေအပြင် အနက်ရောင်နဲ့ အညိုရောင်ပါ သုံးလေ့ရှိတယ်လို့ သိရပါတယ်။ ရိုးရာလုပ်ထုံးလုပ်နည်းအရကတော့ အရောင်မှုန့်တွေကို ဓာတုဆေးတစုံတရာ ထည့်သွင်းခြင်းမရှိဘဲ သဘာဝပန်းပင်၊ သစ်ပင်၊ သစ်သီးတို့က ရတဲ့အဆီအနှစ်၊ ပွင့်ချပ် စတာတွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်လိုပဲ အတာရေနဲ့ နှစ်ဟောင်းက အညစ်အကြေး ဆေးကြောသလို ဟိန္ဒူလူမျိုးတွေရဲ့ အယူအဆအရလည်း ရောင်စုံမှုန့်တွေ ပက်ဖြန်းလိုက်ရင် မကောင်းတဲ့အရာ ကုန်စင်တဲ့သဘောသက်ရောက်ပါတယ်။ Holi ပွဲတော်အချိန်ဆိုရင် ကလေးအများစုက ကို ရောင်စုံမှုန့်ကို ရေနဲ့ရောလို့ ရေပြွတ်သေနတ်နဲ့ အချင်းချင်း ရေကစားတတ်ကြပါသေးတယ်။

Holi ပွဲတော်ကို အခြေခံပြီး ကမ္ဘာတဝှမ်းက နိုင်ငံအချို့မှာလည်း Colours Festival ပွဲတော်ကို ကျင်းပကြပါတယ်။ Electro Dance Music နဲ့ ပေါင်းပြီး ရောင်စုံမှုန့်တွေကြား လူတွေစိတ်လွတ်လက်လွတ် ပျော်ပါးကြတဲ့ ပွဲတွေကတော့ Holi ပွဲတော်ရဲ့ လွှမ်းမိုးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးခြင်းစီမှာ ချစ်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဓလေ့တွေ ပွဲတော်တွေ ယဉ်ကျေးမှုတွေ အသီးသီးရှိနေတာကြောင့် နိုင်ငံတကာက ယဉ်ကျေးမှုတွေရော မြန်မာနိ်ုင်ငံထဲက တိုင်းရင်းသားလူမျိုးအကြောင်းတွေကိုပါ Doemal က အလျင်းသင့်ရင် သင့်သလို ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top