သုံးသပ်ချက်များ

နန်းရှေ့အောင်တော်မူဘုရားနားက စားကောင်းတဲ့ ဆုလာဒ် အာပူလျှာပူ

Hsu Ladd

နန်းရှေ့အောင်တော်မူဘုရားနားက ဆုလာဒ် အာပူလျှာပူဆိုရင် မန္တလေးမှာမသိသူရှားပါတယ်။ ၂၈ ၆၃ လမ်းထောင့်မှာ ရှိပါတယ်။ အရင်ကတော့ အောင်တော်မူဘုရားကိုလာဖူးရင်း ဒီဆိုင်လေးမှာဝင်စားနေကျ။ နောက်ပိုင်းကိုယ်မရောက်ဖြစ်တာ အတော်လေးကြာသွားပြီးနောက် တစ်နေ့က ပြန်ရောက်ဖြစ်ခဲ့တယ်လေ။ ဆိုင်မှာဘာတွေရသလဲဆိုတော့ မုန့်ဟင်းခါး၊ အာပူလျှာပူ၊ မုန့်ဖတ်သုပ်၊ ငါးဖယ်ကြော်သုပ်ဆိုပြီးရတယ်။ ညနေခင်း ၃ ၄ နာရီလောက်ဆို နေရာမရတော့ဘူး။ လူတွေတစ်နေတာပဲ။ အဲ့နေ့ကစားချင်စိတ်ပေါက်တာနဲ့ စောစောလေးပဲသွားဖြစ်တယ်။ ဒါတောင် နေရာမရဘူး။ ဒါပေမယ့်လဲ မှာပြီးတာနဲ့တန်းရတဲ့မုန့်မျိုးမို့တော်ပါသေးတယ်။ကိုယ်စားခဲ့တာ မုန့်ဟင်းခါးရယ်၊ အာပူလျှာပူရယ်၊ ငါးဖယ်ကြော်သုပ်ရယ်။ သူများတွေတော့မသိဘူး အာ့တွေထဲ ပဲသီးစိမ်းထည့်စားရတာကို မကြိုက်ဘူး။ မုန်းတယ် 😁😁😁… နံနံပင်ကျ ကြိုက်တယ်။ မုန့်ဖတ်သုပ်တော့ မစားခဲ့ရဘူး။ သူက မုန့်ဟင်းခါးဖတ်(နန်းသေး)လေးတွေကို သုပ်ထားတာလို့ပြောတယ်။

 

မုန့်ဟင်းခါး

Hsu Ladd

မုန့်ဟင်းခါးကတော့ ကျွန်တော့်အကြိုက်ပဲ။ ငါးဖတ်၊ ငါးဖယ်ဖတ်၊ ငုံးဥ၊ ပဲခြမ်းကြော်၊ ငှက်ပျောအူတွေနဲ့ တစ်ကယ်ကို ငါးနံ့သင်းသင်းလေးမို့ ခံတွင်းတွေ့တယ်။ နံနံပင်ကြိုက်တာမို့ နံနံပင်လေးအုပ်ပြီး စားခဲ့ရတာ အတော်သဘောကျပါတယ်။ ပဲသိမ်းစိမ်းတော့ မထည့်ဖို့ အသည်းအသန်မှာလိုက်ရသေးတယ် 😁😁။

 

အာပူလျှာပူ

Hsu Ladd

အာပူလျှာပူက ဘာထူးလဲဆိုရင် မန္တလေးမှာရတဲ့တခြား အာပူလျှာပူဆိုင်တွေလို အရသာပဲဆိုပေမယ့် သူကသောက်ပြီးရင် ရင်ထဲတောင့်ပြီးကျန်နေတာမျိုးမြဖစ်ဘူး။ တခြားသူတွေတော့မသိဘူး ကျွန်တော်က အာပူလျှာပူသောက်ပြီးတိုင်း ရင်ထဲမှာအတောင့်လိုက်ကြီးနဲ့နေရအရမ်းခက်တာ။ ဟင်းချိုမှုန့်များလို့ဖြစ်တာလို့ပြောရမလားပဲ။ သူ့ဆိုင်ကတော့ အာ့လိုမဖြစ်လို့ သဘောကျတာပါ။ အာလဲပူတယ် လျှာလဲပူတယ်။ လျှာလဲကျက်တယ် 😂😂😂…အာတွေပူ လျှာတွေပူပြီး စပ်သွားလို့ရှိရင်လဲ မပူပါနဲ့။ ငှက်ပျောသီးကြော်ချိုချိုလေးတွေလဲ မှာစားလို့ရပါတယ်။ အစပ်ပြေတာပေါ့။

 

ငါးဖယ်ကြော်သုပ်

Hsu Ladd

ငါးဖယ်ကြော်သုပ်ဆိုရင် မြေပဲကိုမှုန့်နေအောင်ကြိတ်ထားတာနဲ့သုပ်ထားတာ။ ငံပြာရည်နဲ့သုပ်တယ်ဆိုပေမယ့် ငံပြာရည်နံ့ကြီးနံမနေဘူး။ ငါးဖယ်ကိုကြော်ထားတာကလဲ အစပ်အဟပ်တည့်တယ်။ တစ်ခါစားရင် သုံးပွဲလောက်စားရမှ အားရတာ။ တစ်ပွဲတစ်ပွဲကို နည်းနည်းလေးဟာ 😢😢😢

Hsu Ladd

စျေးကလဲမကြီးဘူး ဘာစားစားတစ်ပွဲ ရ၀၀ တဲ့။ ငှက်ပျောသီးကြော်ကတော့ နှစ်လုံးကို ၃၀၀ ပါတဲ့ဗျ။ မန္တလေးကတော်တော်များများက ဒီဆိုင်ကိုသိပြီးသားဆိုပေမယ့် မသိသေးတဲ့သူတွေရော သိသွားအောင် လက်တို့ပေးတာပါ။ တစ်ကယ်လို့များ မုန့်ဖတ်သုပ်စားခဲ့ဖူးရင်တော့ ကျွန်တော့်ကို အခြေအနေလေးပြန်လက်တို့ပေးသွားပါဦးလို့။

စားသောက်ဆိုင်များရှာဖွေရေး Doemal App က ကူညီပေး
Download Link

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top