နေရာတစ်နေရာတည်းမှာ ဧရာဝတီမုန့်ဟင်းရည် နဲ့ ရန်ကုန်မုန့်ဟင်းရည် နှစ်မျိုးလုံးရတယ်ဆိုတော့မိုက်သားနော်။
မုန့်ဟင်းခါးအပြင် မြန်မာမုန့်လေးတွေလည်းရတော့ အိုကေမှ စိုပြေပဲ။
ရန်ကုန်မုန့်ဟင်းခါး
ဟင်းရည်ပျစ်ပျစ်လေးနဲ့ ရန်ကုန်မုန့်ဟင်းခါးလေးက အရသာလေးက ထိထိမိမိလေး သောက်လို့ကေင်းတယ်။ငါးဖတ်လေးတွေလည်း အများကြီးပါတာဆိုတော့ ရှယ်ပဲ။
ဧရာဝတီမုန့်ဟင်းခါး
ဟင်းရည်လေးက ကျဲကျဲလေးနဲ့ ငါးအရသာလေးကြောင့် ချိုနေတာပဲ။ဟင်းရည်ကို သောက်ပြီးရင်း သောက်ချင်နေတာ။
အကြော်လေးတွေကလည်း ကိုယ်တိုင်ကြော်ထားတာ ဆိုတော့ စားလို့ကောင်းတယ်။
သုံးထားတဲ့ဆီကလည်း နေကြာဆီဆိုတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အချိုမှုန့်လည်း မသုံးထားဘူးဆိုတော့ ကျန်းမာရေးကို ထိခို်က်မှာမပူရဘူး။ဟင်းရည်ရဲ့အချိုအရသာကလည်း ငါးရဲ့ အရသာအတိုင်းဆိုတော့ မိုက်တယ်နော်။ ငါးသလောက်ဥကြော်လည်းရတယ်ဆိုတော့ ဆန်းဆန်လေးပဲ။
မုန့်ဟင်းခါးထဲ ထည့်စားဖို့ ဒါလေးတွေလည်း ချထားပေးတယ်
ကိုယ်တွေ စားနေကြ မုန့်လက်ကောက်ကြော် မဟုတ်တဲ့ မုန့်လက်ဖြောင့်ကြော်။ မှာမှ ကြော်ပေးတယ်ဆိုတော့ ပူပူလေးလည်းစားလို့ရသေးတယ်။ မုန့်အသားလေးကလည်း အိနေတာပဲ စားလို့ကောင်းတယ်။
အသဲအေးလေးစားပါဦး။ ရွှေရင်အေးကို အသဲပုံပန်းကန်လေးနဲ့ထည့်ထားတာ ဆိုတော့ အသဲအေးလေးဖြစ်နေတယ်။ စိမ့်စိမ့်အေးအေးလေးနဲ့ သောက်လို့ကောင်းတယ်။
ကိုယ်တွေငယ်ငယ်လေးကတည်းက ကြိုက်တဲ့ မုန့်လက်ဆောင်းလေး။ ချိုချိုအေးအေးလေးနဲ့သောက်လို့ကောင်းတယ်။
စားပြီသောက်ပြီဆို Doemal မှာ ပုံတင်လိုက်ရမှ ကျေနပ်တာ။
အချိုပွဲလေးတွေလည်း ရသေးတယ်နော်။
ငရုပ်သီးမှုန့်လေးတွေလည်း ၀ယ်လို့ရသေးတယ်နော်
ဆိုင်နေရာလေးကလည်း အိမ်ဆိုင်လေးဆိုတော့ ကိုယ့်အိမ်မှာစားနေရတဲ့အတိုင်းပဲသိလား
ဒါလေးကတော့ ဆိုင်ရဲ့ Menu လေးနော်။ ကျောက်သင်ပုန်း ဒီဇိုင်းလေးနဲ့ဆိုတော့ ချစ်စရာလေး။
ဒါလေးကတော့ ဆိုင်ရှေ့မျက်နှာစာလေးနော်။မုန့်ဟင်းခါးကို အိုးလေးနဲ့စားလို့ရတယ်ဆိုတော့ မိုက်သားနော်။
ဆိုင်လိပ်စာလေးကတော့ ->>28/C Kyaukkone Street Yankin,Yangon
ဆက်သွယ်ရန် ဖုန်းနံပါတ် ->> 09 965 021706
စားသောက်ဆိုင်များရှာဖွေရေး Doemal app ကကူညီပေး
Download Link ->> Link
