
လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ဟောလဝင်း နေ့အတွက် ဘာတွေ စီစဉ်ထား ကြပြီလဲ သူငယ်ချင်းတို့…။
ဟောလဝင်းနေ့ဆိုတာက…
ဟောလဝင်း နေ့ဆိုတာကတော့ မြန်မာလိုပြောရရင် တစ္ဆေကြီးများည လို့အဓိပ္ပါယ်ရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အဲဒီနေ့မှာ သရဲလို ပြင်ဆင် ခြယ်သပြီး ပါတီတွေ လုပ်ကြပါတယ်။ အိမ်တွေမှာလည်း ကြောက်စရာ ကောင်းတဲ့ အပြင်အဆင် တွေနဲ့ အလှဆင် တတ်ကြပါတယ်။ ဒီအလေ့ အထ လေးက အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့ပြားကို ပျံ့နှံ့ လို့ လာခဲ့ပြီး ပြောင်းလဲလာတဲ့ ရေစီးကြောင်းနဲ့ အတူ လူငယ် အများစု စိတ်ဝင်စားတဲ့ ပွဲလေးတစ်ခု ဖြစ်လာပါတယ်။
ဖြစ်ပေါ်လာပုံကတော့…
ဟောလဝင်းနေ့ ဖြစ်ပေါ်လာပုံ ကတော့ Celtic လူမျိုးတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ သူတို့ရဲ့ ယုံကြည်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ဟာ သေသူတွေရဲ့ ဝိညဉ် တွေ လူလောဘကို လာနိုင်တဲ့ နေ့ဖြစ်သလို Celitic ပြက္ခဒိန်ရဲ့ နှစ်ဟောင်းကုန်၊ နှစ်သစ်ကုးချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ သူတော်ကောင်းများနဲ့ မကောင်းဆိုးဝါးများ အားပြိုင်တဲ့ အချိန်လည်း ဖြစ်တာ ကြောင့် သူတော်စင်တွေရဲ့ အကြိုည လို့လည်း ဆိုပါတယ်။ အနောက်တိုင်း ဥရောပနိုင်ငံတွေရဲ့ အစဉ်အလာအရ အောက်တိုဘာ ၃၁ ရက်ကနေ့က မကောင်းဆိုးဝါး၊ သရဲ များ မြူးတဲ့ အချိန်၊ လူတွေနဲ့အနီးစပ်ဆုံးအချိန်လို့လည်း ဆိုပြန်ပါတယ်။ ဒါ ကြောင့် ဟောလဝင်းနေ့နှင့် ဆက်စပ်နေတာတွေကတော့ တစ္ဆေသရဲ၊ မကောင်းဆိုးဝါး၊ သေမင်း၊ မှော်ဆရာ၊ ရွှေဖရုံသီး၊ သရဲ၊ စုန်းမ၊ ဇီးကွက်၊ ကြောင်မဲ စတဲ့ ကြောက်စရာ ကောင်းတဲ့ အရာတွေပဲ ဖြစ်တယ်။ အရောင် အနေနဲ့ ကတော့ အမဲရောင်နဲ့ လိမ္မော်ရောင် ဖြစ်ပါတယ်။
ဟောလဝင်းနေ့နဲ့ ရွှေဖရုံသီး…🎃🎃🎃
ဟောလဝင်းနေ့နဲ့ ရွှေဖရုံသီးက လည်းခွဲခြားလို့ မရတဲ့ အရာတွေပါ။ များသော အားဖြင့် လူတွေ က ရွှေဖရုံသီး ကို ကြောက်စရာ ပုံ တွေ ထွင်းထု ပြီး နေအိမ် တံခါးဝ မှာ ချထားလေ့ ရှိတယ်။ အစဉ်အလာ အရ တစ္တေသရဲ၊ မကောင်းဆိုးဝါး တွေကို နှင် ထုတ်ဖို့ အတွက် တစ်ညလုံး ထွန်းထားလေ့ ရှိပါတယ်။
ဒီလို ပြုလုပ်ရခြင်းအကြောင်းရင်းကတော့ Jack O’Lantern လို့ ခေါ်တဲ့ ဂျက် ရဲ့မီးပုံးနဲ့ အများကြီး ဆက်စပ်နေပါတယ်။ Jackကသူခိုးတစ် ယောက်တဲ့ အတွက်ကြောင့် ရွာသားတွေ ရဲ့လိုက်လံ ဖမ်းဆီးတာကို ခံနေရပါတယ်။ သူ ဟာ ထွက်ပြေးရင်းလွတ်မြောက် ဖို့အတွက် စေတန် နတ်ဆိုးနဲ့ အပေး အယူ တစ်ခု လုပ် ပါတယ်။ ဂျက်ဟာ စေတန်ကို ရွှေဒဂါင်္းပြား အဖြစ် အယောင်ဆောင်ခိုင်းပြီး အဲ့ဒီ ဒဂါင်္း ကို သူ ခိုး ခဲ့တဲ့ ပစ္စည်းတွေ အတွက် ပေးချေ ဖို့ သုံးမယ်။ ပြီးရင်တော့ စေတန်က သူဖန်ဆင်းထားတဲ့ ဒဂါင်္း ကိုပျောက်အောင်လုပ်ပြီ လောဘ တက်နေ တဲ့ ရွာသားတွေ က တစ်ယောက် နဲ့ တစ်ယောက် သူခိုး လို့ စွပ်စွဲ ရင်း အချင်းချင်း သတ်ကြရအောင် လုပ်မယ်ဆိုပြီး အစီစဉ် ဆွဲခဲ့တယ်။ လူတွေ ဒုက္ခ ရောက်တာ ကြည့်ချင် တဲ့ စေတန် ကလည်း သူ့ အစီအစဉ် ကို သဘော တူလိုက် ပါတယ်။ ဒါပေမယ့် ဂျက်က စေတန် ဒဂါင်္း ပုံ ပြောင်းလိုက် ပြီးပြီးချင်း သူ့ ပိုက်ဆံ အိတ်ထဲ ကောက်ထည့် လိုက်ပြီး အပေါ် ကနေခရစ်တော်ရဲ့ လက်ဝါးကတ်တိုင်လေး တစ်ခု နဲ့ ချိတ်ပိတ် လိုက် ပါတယ်။
ဒီလိုနဲ့ စေတန်လည်း ဂျက်လက်ထဲမှာ ပိတ်မိနေခဲ့တယ်။ ဂျက်သေဆုံးပြီးတဲ့ အခါမှာ လူ့ဘဝတုန်းက သူခိုးတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် နတ်ပြည် တံခါး ပိတ်ထားလေရော၊ ပြီးတော့ စေတန်ကို ဖမ်းထားနိုင်တဲ့အတွက် ငရဲပြည်ကို လည်း မသွားရပြန်ပဲ ကောင်းကင်ဘုံနဲ့ ငရဲပြည်ကြားက အမှောင်နေရာတစ်ခုမှာ နေခဲ့ရရှာတယ်။ အမှောင်ထဲက ထွက်နိုင်မယ့်နည်းလမ်းကို နတ်ဆိုးကိုမေးတဲ့အခါ နတ်ဆိုးက ငရဲမီး တစ်ခဲ ပေးလိုက်ပါတယ်။ Jack ဟာ အဲဒီ မီးခဲကို သူ့အကြိုက်ဆုံးအစားအစာ ဖြစ်တဲ့ မုန်လာဥဖြူထဲမှာ ထည့်ပြီး သူသွားလေရာ ယူသွားတတ်ပါတယ်။ အဲဒါကေတော့ Jack O’ lantern ဆိုတဲ့ ဂျက်ရဲ့မီးအိမ်ပါပဲ။ နတ်ဆိုး ကို တောင် ဖမ်း ထား နိုင်ခဲ့ တဲ့ Jack ကို မကောင်းဆိုးဝါး တွေ က ကြောက်လန့် ကြတာကြောင့် လူတွေက ဟောလဝင်းနေ့မှာ Jack o’ Lantern မီးအိမ် တွေ ထွန်းကြ တာပါ။ ခေတ်ကာလတွေ ရွှေ့လျားတာ ကြာလာတာနဲ့အမျှမုန်လာဥ ဖြူထဲမှာ မီးထွန်းရာကနေ ထွင်းရ ပြုရ ပိုမိုလွယ်ကူတဲ့ ရွှေဖရုံသီး နဲ့အစားထိုး ပြုလုပ်လာကြတာ အခုထိ တိုင်ပါပဲ။
ဟောလဝင်းနေ့မှာ ဘာတွေလုပ်ကြလဲ…
ဥရောပ မှာတော့ ဟောလဝင်း ည ဟာ ကလေးတွေ ပျော်တဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ မျက်နှာကို ကြောက်စရာကောင်းတဲ့ ပုံစံတွေဆွဲ၊ သရဲ၊ တစ္ဆေတွေ ဝတ်တဲ့ အကျီင်္ ပုံစံ၊ မျက်နှာဖုံးတွေ တပ်ပြီး အိမ်တိုင်းကို တံခါးလိုက်ခေါက်ကာ “Trick or Treat!” လို့ အော် ကြတယ်။ အဓိပ္ပာယ် က “ချိုချဉ် မပေးရင် နှောင့်ယှက် မယ်” လို့ ဆိုလိုတာပါ။ ဒီလို အချိန်မျိုး မှာ အိမ်ရှင်တွေ ကလည်း ကြောက်စရာ အဝတ်အစားတွေ ဝတ်ပြီး ကလေးတွေ ကို ချိုချဉ်၊ ချောကလက် ဒါမှ မဟုတ် လက်ဆောင်လေးပေးတတ် ကြတယ်။ လူကြီးတွေတော့ အဲဒီနေ့မှာ ကွယ်လွန်သွားတဲ့သူတွေကို အောက်မေ့ပြီး အုတ်ဂူမှာ ပန်းစီးလေးတွေ သွားပေးလေ့ရှိကြတယ်။
ဆယ်ကျော်သက် လူငယ်အများစုကတော့ သူ့ထက်ငါ ထူးခြားတဲ့ ဝတ်ဆုံ၊ မိတ်ကပ် တွေ ပြင်ဆင်ပြီး ဟောလဝင်း ပါတီတွေဆီ သွားရောက် ပျော်ပါးကြတယ်။ ရန်ကုန်မှာ ဆိုရင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့ ဟောလဝင်းနေ့က လူငယ်တွေကြားမှာ ခေတ််စားနေပါတယ်။ ဒီနေ့မှာ ပြုလုပ်မယ့် ပါတီပွဲတွေကလည်း အများအပြားပါ။ ဒီပွဲတွေထဲက တစ်ခု ဖြစ်တဲ့ ဟောလဝင်း Theme စတိုင် ပြုလုပ်မယ့် Doemal Beerfest ပွဲအကြောင်း ပြောပြမယ်နော်။
ဒိုးမယ်က အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပမယ့် Doemal Beerfest Final Round ပွဲကြီးကို ဟောလဝင်း Theme နဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဘီယာသောက်ချန်ပီယံ တွေကို အားပေးရင်း ကိုယ်တိုင်လည်း ဘီယာအဝသောက်၊ အရသာရှိတဲ့ အစားအစာတွေကို ဘူဖေးစနစ်နဲ့ စားနိုင်မှာပါ။ လာတဲ့ သူတွေ ဟောလဝင်း အငွေ့အသက်တွေ ခံစားနိုင်ဖို့အတွက် ဆန်းဆန်းပြားပြား ပြင်ဆင်မှုတွေနဲ့အတူ Face Paint Artists တွေလည်း ရှိပါမယ်။ လာတဲ့ သူတွေ ပျော်ဖို့အတွက် DJ ကလည်း အလန်းစား Music တွေကို ဖန်တီး ပေးမှာ ဆိုတော့ အမိုက်စားပွဲ တစ်ခုပါပဲ။ ပွဲလာတဲ့ သူတွေထဲက အမိုက်စား ဟောလဝင်း ဝတ်စုံဝတ်လာတဲ့ သူတွေအတွက်လည်း Costume Competition လည်းရှိတယ်၊ ဂိမ်းကစားပြီး ဆုတွေလည်း ယူလို့ရပါမယ်ဆိုတော့ ဒီစနေ့နေ့ ည (၇-၉) လာခဲ့လိုက်တော့နော်။ လက်မှတ်လေးတွေက အရေအတွက် ကန့်သတ်ထားတာကြောင့် မြန်မြန်ဝယ်ဖို့ ဖုန်းသာ ဆက်လိုက်တော့နော်။
🎟 လက်မှတ်
-၁၅၀၀၀ ကျပ် (ဝင်ကြေး + ဘီယာ Free Flow + အစားအသောက်ဘူဖေး + DJ)
နေရာ၊ ရက်၊ အချိန်
🏘 The Beer Factory
📆 28.10.2017 (Saturday)
⏰ 7:00pm to 9:00pm
လက်မှတ်ဝယ်လို့ရမည့် နေရာများ
✅ The Class Bar
လိပ်စာ : အမှတ် (၁၆၁)၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း : +959 44595 0252, +959 44595 0253
✅ Bondi Bar
လိပ်စာ : International Commercial Centre၊ မြေညီထပ်၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်း : 09 799 122846
✅ The Beer Factory
လိပ်စာ – အမှတ် (၁၀/A)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်။
ဖုန်း – 09 977 606888
ဆက်သွယ်ရန်ဖုန်း –
09 44566 5211
09 42302 2181
09 42302 2182
