နိုက်ကလပ်ဆိုတာကတော့ အစားအစာတွေ၊ အဖျော်ယမကာတွေနဲ့သံစဉ်တွေကြားမှာ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ကလို့ရတဲ့ နေရာတစ်ခုပါ။ လူကြီး သူမ တော်တော်များများကတော့ နိုက်ကလပ် ဆိုတာနဲ့ သွားလို့ မကောင်းတဲ့ နေရာ အဖြစ်မြင်နေကြပေမယ့် ခေတ်လူငယ်တွေ အတွက်ကတော့ စိတ်ဖိစီးမှုတွေ ဖြေလျော့ပြီး ကိုယ့်သူငယ်ချင်းတွေရော၊ အခြားသူငယ်ချင်းအသစ်တွေနဲ့ ပျော်ပျော်ပါးပါး စိတ်လွတ်ကိုယ်လွတ် နေလို့ ရတဲ့ နေရာတစ်ခု လို့ မြင်ကြပါတယ်။ ကလပ်ကို လည်း သွားဖူးချင်တယ်။ ဒါပေမယ့် ကလပ်သွားရင် ဘယ်လိုနေ ရမလဲဆိုတာ မသိသေးတဲ့ ပထမဦးဆုံး ကလပ်စသွားမယ့် သူတွေ အတွက် Doemal ကနေ ဘယ်လို စမတ်ကျကျလေးနဲ့ နိုက်ကလပ်မှာ နေရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေ ပေးပါမယ်။
သူငယ်ချင်းတွေနဲ့ အတူသွားပါ။
ကလပ်သွားမယ်လို့ စိတ်ကူးထားရင်တော့ ကိုယ့်ရဲ့ အရင်းနှီးဆုံးဘော်ဒါတွေကို အရင်ခေါ်ပါ။ တစ်ယောက်တည်း သွားမယ်ဆိုရင်တော့ ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူး။ သူငယ်ချင်းတွေနဲ့ အတူသွားတော့ ပိုပြီး ပျော်ဖို့ကောင်းသလို အခက်အခဲ ရှိလာရင်လည်း အတူဖြေရှင်းလို့ရတာပေါ့။ ပြီးတော့ နောင်သူငယ်ချင်းတွေ ပြန်ဆုံရင်လည်း ကိုယ့်ရဲ့ ပထမဦးဆုံး ကလပ်သွားခဲ့ တဲ့ အတွေ့အကြုံ ကို သူတို့နဲ့ ပြန်လည် မျှဝေခံစားရတာ ပျော်စရာ ကောင်းပါတယ်။
ကိုယ်နဲ့ သင့်တော်မယ့် ကလပ်ကို ရွေးချယ်ပါ။
ပထမဦးဆုံးအကြိမ် ကလပ် သွားမယ့် လူတွေကတော့ ကိုယ်နဲ့ ကိုက်ညီမဲ့ ကလပ် ကို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖိ်ု့ အရေးကြီးလှပါတယ်။ ကိုယ်သွားမယ့် ကလပ်က ဘယ်လို ကလပ် အမျိုးအစားလဲ၊ ဘယ်လို လူတွေ အလာများလဲ၊ ကလပ်ဖွင့်ချိန်၊ ပိတ်ချိန် နှင့် နေရာအစရှိတာတွေကို သေချာ စုံစမ်းထားမယ်ဆိုရင်တော့ ကိုယ့်အကြိုက်နဲ့ ကိုက်ညီမယ့် ကလပ်ကို ရွေးချယ်နိုင်မှာပါ။
စိတ်လွတ်ကိုယ်လွတ်ပျော်လိုက်ပါ။
နိုက်ကလပ်ကို ရောက်ပြီ ဆိုတာနဲ့ ဘာဆိုဘာမှ မတွေးပဲ စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ပါ။ သံစဉ်တွေကြားမှာ စီးဝင်ပြီး ကချင်စိတ် ဖြစ်လာရင်လည်း ထိန်းချုပ် မထားပဲ ကပစ်လိုက်ပါ။
သက်တောင့် သက်သာ ဖြစ်တဲ့အဝတ်အစားကို ရွေးချယ် ဝတ်ဆင်ပါ။
နိုက်ကလပ်အချို့မှာတော့ သတ်မှတ်ထားတဲ့ ဝတ်စုံ ပုံစံတွေရှိတတ်ကြပါတယ်။ ဒီတော့ ကိုယ်သွားမယ့် နိုက်ကလပ်က ဘယ်လို ဝတ်စုံပုံစံ သတ်မှတ်ထားလဲ ဆိုတာ အရင်သိအောင်လုပ်ပါ။ အားလုံးနဲ့ ကိုက်ညီပြီး လိုက်လျော ညီထွေ မှု အရှိဆုံးကတော့ လတ်တလော ခေတ်စားနေတဲ့ အဝတ်အစားပုံစံ တွေထဲကမှ ကိုယ်နဲ့လိုက်ဖက်ညီပြီး သက်တောင့် သက်သာ ဖြစ်တဲ့ ဒီဇိုင်းကို ရွေးချယ် ဝတ်ဆင်တာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဖိနပ် ရွေးချယ်တဲ့ နေရာမှာ ခြေထောက် မနာနိုင်မယ့် ဖိနပ် မျိုးကို ရွေးချယ် ဝတ်ဆင် သင့်ပါတယ်။ ကလပ်အများစုကတော့ ယောကျာ်လေး ဆိုရင် ဘောင်းဘီတို နဲ့လုံးဝ ဝင်လို့ မရသလို ခြေညှပ်ဖိနပ် စီးလာတာ ကိုလည်း ခွင့်မပြုပါဘူး။
အလှပြင်လာပါ။
မိန်းကလေးတွေအနေနဲ့ နိုက်ကလပ်သွားမယ်ဆိုရင် အလှပြင်သွားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး အလှပြင်ခြင်းက ကိုယ့်ကိုယ် ကို ယုံကြည်မှု ရှိစေတဲ့ အပြင် မီးရောင်အောက်မှာ ကနေရင်လည်း ထင်းပြီး ကြည့်ကောင်းစေမှာပါ။ နိုက်ကလပ်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ ညဘက်မိတ်ကပ်ပြင်နည်းလေးအတိုင်း ပြင်လာမယ်ဆိုရင်တော့ Dancing Queen လေးတစ်ယောက်လို ဖြစ်သွားစေမှာပါ။
အစားအစာ နှင့် ရေဓါတ် ဖြည့်သွားပါ။
နိုက်ကလပ်ကို မသွားခင် အပြင်မှာ အစားတစ်ခုခုကို ဗိုက်ပြည့်အောင် စားသွားပါ။ ကလပ်ထဲ ကို ရောက်တဲ့ အခါမှာလည်း စိတ်တိုင်း မမော မပန်း ပျော်နိုင်ဖို့ ခန္ဓာကိုယ်ကို ရေဓါတ် ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့နော်။
စားသောက်ဝိုင်းတစ်ခုကို ယူပြီး နားတဲ့ နေရာအဖြစ် သတ်မှတ်ပါ။
ကရင်းနဲ့ မောလာတာရင် နားနိုင်မယ့် စားပွဲဝိုင်းလေးတစ်ခုကို ရယူပါနော်။ ပြီးရင်တော့ Night Club မှာ ရနိုင်တဲ့ အစားအစာတွေ၊ အဖျော်ယမကာတွေကို သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး စားသောက်လိုက်ပါ။
ဘယ်လို ကရမလဲ။
Night Club ကိုရောက်လာပြီ ဆိုရင် မကတတ်တာ ပြသာနာ မဟုတ်ပါဘူး။ ကချင်စိတ်ရှိလာပြီဆိုရင် သံစဉ်နဲ့ စည်းချက်တွေ ကြားလိုက်ပါ စီးမျှော ပြီး ခန္ဓာကိုယ်ကို အလိုက်သင့်လေး လှုပ်ရှားလိုက်ပါ။ အရက်သောက်တတ်တယ်ဆိုရင်တော့ မကခင် အရက် အနည်းငယ် သောက်လိုက်တာက သင့်ရဲ့ အကစွမ်းရည် ကို တိုးမြှင့်ပေးပါလိမ့်မယ်။
ဘာတွေသောက်ရမလဲ။
အရက် တို့ ဘီယာတို့ မသောက်ဖူးတဲ့သူတွေ ကလပ်ရောက်မှ စမ်းသောက်ကြည့်ချင်တယ်ဆိုရင်တော့ အရမ်းမပြင်းတဲ့ ကော့တေးလေးတွေကို စမ်းသောက်ကြည့်ပါ။ အရက်နည်းနည်းပဲ ပါဝင်တဲ့ ကော့တေး ကို တောင် မသောက်ချင်ဘူးဆိုရင်တော့ ဖျော်ရည်ပဲသောက်ပါ။ သောက်လေ့သောက်ထ ရှိတဲ့ သူတွေကတော့ ကိုယ့် Limit ကို ချိန်ပြီး သောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ Limit ကျော်သွားရင် ကိုယ်လည်း မပျော်ရတော့ သလို ကိုယ်နဲဲ့ ပါလာတဲ့ သူငယ်ချင်းတွေ အတွက်လည်း စိတ်အနှောင့်ယှက် ဖြစ်စေပါတယ်။
ဘယ်လိုပြုမူကြမလဲ။
နိုက်ကလပ်ဆိုတာ မီးရောင်အောက်မှာ သူငယ်ချင်းအသစ်တွေနဲ့ အလွယ်ကူဆုံး မိတ်ဖွဲ့လို့ကောင်းတဲ့ နေရာတစ်ခုပါ။ အထူးသဖြင့် မိန်းကလေးတွေ ကလပ်မှာ ကနေရင်း ယောကျာ်းလေးတွေက မိတ်ဖွဲ့လာရင် အေးဆေး တည်ငြိမ်စွာ နဲ့ တုံ့ပြန်တာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့်သူဆိုရင်တော့ စားရင်းသောက်ရင်းက ရင်း မိတ်ဖွဲ့နိုင်သလို၊ ကိုယ်မကြိုက်တဲ့သူဆိုလည်း အေးအေးဆေးဆေး ငြင်းနိုင်ပါတယ်။
ကိုယ့်ပစ္စည်းတွေကို သေချာထိန်းသိမ်းပါ။
ပျော်လို့ ၊ ကလို့ကောင်းတဲ့ နိုက်ကလပ်ရောက်ရင်တော့ ကိုယ်ရဲ့ ဖုန်း၊ ပိုက်ဆံအိတ် အစရှိတာတွေကို မပျောက်အောင် ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။ အပျော်လွန်ပြီး ကျပျောက်သွားရင်တော့ ပြန်စရာ လမ်းစရိတ် မရှိအောင် ဖြစ်သွားပါလိမ့်မယ်။
ပြောပြပေးထားတဲ့ နည်းလမ်းလေးတွေအတိုင်း ကလပ်သွားမယ်ဆိုရင်တော့ ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့ရင်တောင် စမတ်ကျကျလေးနဲ့ နိုက်ကလပ်မှာ ပျော်နိုင်မှာပါ။
ဘယ်ကလပ် သွားရမလဲ မသိဘူးဆိုလည်း စိတ်မညစ်နဲ့နော်။ Doemal မိုဘိုင်းအက်ပလီကေးရှင်းမှာပျော်လို့ ကလို့ကောင်းတဲ့ ကလပ်တွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။
