ရန်ကုန်မှာ ရှောင်လုံးပေါင်း ဘယ်မှာ ကောင်းကောင်းစားလို့ရမလဲ သိချင်ပါလား။
Paradise Dynasty ဆိုတဲ့ ဆိုင် လေးကတော့ အထဲကိုဝင်လိုက်တာနဲ့ ခမ်းနားတဲ့ တရုတ်ရိုးရာ အငွေ့အသက် အပြင်အဆင်နဲ့ တရုတ်ရိုးရာ အစားအစာတွေကို အဓိက ရောင်းချပေးနေတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ထူးခြားတာက ဒီဆိုင်မှာ ရှောင်လုံးပေါင်းတွေ အစုံရရှိတာပါ။ ဒီဆိုင်က ရှောင်လုံးပေါင်းလေးတွေကလည်း နူးညံ့ပြီး အသားပေါင်းကို ဖောက်ပြီး သောက်ရတဲ့ စွပ်ပြုတ်ရည်လေးကလည်း ချိုချိူမွှေးမွှေးလေးနဲ့ တကယ်ကို အရသာကောင်းပါတယ်။ မြင်လိုက်တာနဲ့ စားချင်စရာ အရောင် ဆန်းဆန်းလေးနဲ့ အမဲရောင် ရှောင်လုံးပေါင်းလေးကို ဒီဆိုင်ရောက်ရင် မြည်းကြည့်ဖို့ မမေ့ပါနဲ့နော်။ ခမ်းနားတဲ့ အပြင်အဆင်လေးလည်း ရှိတယ်။ အရသာကောင်းတဲ့ ရှောင်လုံးပေါင်းလေးတွေနဲ့ တရုတ်အစားအစာတွေလည်း ရတဲ့နေရာကောင်းလေးတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ သွားလို့ကောင်းတဲ့ နေရာလေးပါ။
ဒီဆိုင်လေးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ->> Doemal မှာ ကြည့်ရှု နိုင်ပါတယ်။
