ထိုင်းစာ မိုက်မိုက်လေးတွေ စားလို့ရမယ့် Nara Thai စားသောက်ဆိုင်ကို ဖွင့်လိုက်ပြီတဲ့ Foodie တို့ရေ။ ဒီဆိုင်လေးက ဘန်ကောက်ကနေ ရန်ကုန်မှာ ဆိုင်ခွဲထပ်ဖွင့်ထားပြီး ဆိုင်အနေအထားကလည်း Fine Dining စတိုင်ပါ။
Signature အစားအစာအနေနဲ့ အမြင်လေးလည်းလှ အရသာလည်း မိုက်တဲ့ ထမင်းပြာ ဟာဆိုင်ရဲ့ လူကြိုက်များတဲ့ အစားအစာပါ။ ပြီးတော့ ထိုင်းအစားအစာမျိုးစုံ၊ အသုပ် နှင့် အချိုပွဲတွေလည်းရ သေးတယ်။
ပြီးတော့ ငါးဖယ်၊ ကျွဲကောသီးသုပ်၊ ဖက်ထုပ်၊ ဝက်ဆာတေး၊ ကော်ပြန့် တွေပါတဲ့ Nara အထူးစား မြန်မာ ဟင်းပွဲလေးကလည်းNara Thai ရောက်ရင် မြည်းကြည့်သင့်တဲ့ ဟင်းပွဲတစ်ခုပါ။ စျေးနှုန်းအနေနဲ့ဆိုရင် ထမင်းပြာတစ်ပွဲကို
၅၉၀၀ ကျပ်၊ တုံရမ်းဟင်းချိူ ၁၁၉၀၀ ကျပ်ဝန်းကျင်၊ Nara အထူးမြန်မာစာ ၁၂၉၀၀ ကျပ် ဝန်းကျင် ရှိပါတယ်။
ဆိုင်ရဲ့ အသေးစိတ်အချက်အလက်တွေကို ->> Doemal မှာအသေးစိတ် ကြည့်ရှု နိုင်ပါတယ်။
