ချက်ပြုတ်နည်းများ


အရသာထူးခြားကောင်းမွန်တဲ့ Lasagna ကိုဘယ်လိုပြုလုပ်ထားပါသလဲ။

အစားအစာတွေကို စားသုံးတယ်ဆိုတာက စိတ်ကျေနပ်ဖွယ်ရာ ကောင်းတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ကမ္ဘာအနှ့ံမှာ ရှိတဲ့ မတူညီတဲ့ အရသာအသစ်အသစ်တွေရှိတဲ့ အစားအစာတွေကနေ မတူညီတဲ့ အရသာတွေနှင့် အတွေ့အကြုံ သစ်တွေကို ပေးစွမ်းနိုင်ပါတယ်။ အီတလီရဲ့ ရိုးရာ အစားအစာတွေထဲအများကြီးထဲကမှ ရိုးရိုးရှင်းရှင်းနှင့် စိတ်ကျေနပ်ဖွယ်ရာ အရသာကို ပေးစွမ်းနိုင်တဲ့ ဟင်းလျာတွေထဲမှာ Lasagna ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Lasagna ကို ကမ္ဘာပေါ်တွင် အနံ့အရသာ၊ အာဟာရနှင့် ပြည့်စုံလှတဲ့ ဟင်းလျာတစ်ခု အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှ အစားအစာ ချစ်သူများက သတ်မှတ်ထားကြပါတယ်။ ဒီလောက်ထိ လူတိုင်းညွှန်းနေကြတဲ့ Lasagna ဆိုတဲ့ ဟင်းလျာက ဘယ်လို ဟင်းလျာ မျိူးပါလိမ့်???။
Lasagna ဆိုတာကတော့ ပါစတာ ခေါက်ဆွဲ အရွက်ပြားကြီးများကို ဆော့များ၊ အသားများနှင့် အခြားသော ပါဝင်ပစ္စည်းအများကြီးထည့်ကာအလွှာ အထပ်ထပ်များ ဖြစ်အောင် ပြုလုပ်ထားသော အစားအစာ ဖြစ်ပါတယ်။ နာမည်ကြီးလှတဲ့ Lasagna ကတော့ အီတလီနိုင်ငံမှ ဆင်းသက်လာသော အစားအစာ ဖြစ်ပြီး ရိုးရာ အစားအစာလည်း ဖြစ်ပါတယ်။ ဥရောပ တစ်ခွင်လုံးမှာတော့ Lasagna ကို နှစ်ခြိုက်စွာစားသုံးကြပြီး အထဲမှာ ပါဝင်တဲ့ အသား၊ ချိစ်နှင့် အခြားသော ပါဝင်ပစ္စည်းများကြောင့် တစ်ကိုက်လောက် စားလိုက်ရုံနှင့် လျာလည်သွားစေမှာပါ။

လူကြိုက်များလှတဲ့ Lasagna ဟင်းလျာမှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေလို့ လူတွေကို ကြိုက်နေရသလဲဆိုတာ အတူတူ ကြည့်လိုက်ကြရအောင်။

Lasagna ကို ရိုးရာ ချက်ပြုတ်နည်းအရ စိတ်ဝင်စားစရာကောင်းလှတဲ့ ပါဝင်ပစ္စည်းနှင့် ချက်ပြုတ်နည်းတွေကို အသုံးပြုပြီး ချက်ပြုတ်ထားပါတယ်။ Lasagna မှာ အဓိက ပါဝင်တဲ့ ပစ္စ ည်းတွေကတော့ Lasagna ခေါက်ဆွဲ (ပါစတာ)၊ သံလွင်ဆီ၊ စင်းထားသော အသား၊ ကြက်သွန်နီ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရမ်းချဉ်သီး၊ ဆော့စ်၊ Ricotta, Mozzarella ချိစ်၊ ကြက်ဥ၊ တရုတ်နံနံပင် နှင့် အစရှိတဲ့ ပါဝင်ပစ္စည်းအများအပြားပါရှိပါတယ်။

တစ်မူထူးခြားတဲ့ Lasagnaကို ပြုလုပ်နည်းကတော့ နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နှင့် အသားတွေကို နီညှိုရောင် သန်းလာတဲ့ အထိကြော်ပေးပါ။ ထို့နောက် ခရမ်းချဉ်သီး၊ ခရမ်းချဉ်အနှစ်ဆော့စ်နှင့် ရေတို့ကို မွှေပြီး သကြား၊ ပူစီနံ၊ နံနံစေ့တို့၊ ဆား၊ ငရုတ်ကောင်းတို့နှင့် အရသာ သွင်းကြပါတယ်။ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးအိုးဆူဆူမှာ Lasagna ခေါက်ဆွဲကို ၁၀ မိနစ်ခန့်ထားလိုက်ပါ။ Lasagna ခေါက်ဆွဲကို ဟိုးယခင်က အိမ်မှာ ကိုယ်ပိုင်ပြုလုပ်ကြပေမဲ့ ယခုခေတ်အခါမှာတော့ အသင့်စား ပါစတာ အထုတ်လေးများဖြင့် ပြုလုပ်ချက်ပြုတ်လို့ရပါတယ်။ ရေနွေးဆူဆူထဲမှ ခေါက်ဆွဲများကို ဆယ်ယူကာ ရေအေးဖြင့် ဆေးချလိုက်ပါ။ ထို့နောက် ပန်းကန်ပြားခပ်ကြီးကြီးတွင် Ricotta ချိစ်၊ ကြက်ဥ၊ တရုတ်နံနံ နှင့် ဆားတို့ကို ရောထည့်ပါ။

မိုက်ခရိုဝေ့ဖ်မီးဖိုကို အပူချိန် ၃၇၅ ဒီဂရီဖာရင်ဟိုက်ကြိုထားထားပါ။ ထို့နောက် အသားဆော့စ်၊ ကို ပန်းကန်ပြားရဲ့ အောက်ခြေမှာ သုတ်ကာ ခေါက်ဆွဲများကို ဆော့စ်ပေါ်တွင်ခေါက်ဆွဲပြားများကို ဖြန့်တင်လို်က်ပြီး ricotta ချိစ် နှင့် mozzarella ချိစ် တို့ကို အပေါ်မှ ထပ်ထည့်ပါ။ ထို့နောက် အသားဆော့စ်် ထပ်ဖြန့်ပြီး Parmesan ချိစ်ကို ဖြူးကာ ကျန်အထပ်တွေကိုလည်း ဒီနည်းအတိုင်း တစ်ထပ်ပြီးတစ်ထပ် ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ကြိုတင် အပူပေးထားတဲ့ မိုက်ဂရို မီးဖိုမှာ၄၅ မိနစ်လောက် ဖုတ်လိုက်မယ်ဆိုရင်တော့ အရသာ ရှိလှတဲ့ lasagna ကိုအအေးခံပြီး သုံးဆောင်နိုင်ပါပြီ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top