Lifestyle

အစာစားရင်း ရေသောက်ခြင်းရဲ့ဆိုးကျိုးများ

လူတစ်ယောက်ဟာ အစာစားနေရင်းနဲ့ ရေသောက်ဖို့အတွက် ရေထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ကို ထမင်းပန်းကန်နားမှာထားတတ်ကြပါတယ်။ အချို့လူတွေက အစာစားတဲ့အခါ ရေသောက်ဖို့ (အထူးသဖြင့် အေးစက်နေတဲ့ရေ)သောက်ဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါက အမှန်တော့ သင့်ရဲ့ ကျန်းမာရေးကို အဆိုးဝါးဆုံး ထိခိုက်ပျက်စီးစေတဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။

အစာခြေရည်စနစ်ကို ပျက်စီးစေခြင်း

သင့်ရဲ့ အစာအိမ်မှာ အစာခြေတဲ့အက်စစ်တွေထွက်အောင်ကူညီပေးတဲ့ အစာခြေရည်စနစ်တွေပါဝင်ပါတယ်။ ဒီစာခြေရည်ဟာ သင်စားလိုက်တဲ့ အစားအစာတွေထဲမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ အရာတွေ၊ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓါတ်တွေကို ဖယ်ရှားပေးပါတယ်။ ဒီစာချေရည်ကိုတော့ “digestive fire” လို့လည်း တင်စားခေါ်ကြပါသေးတယ်။ ဒီအစာခြေရည် အင်ဇိုင်းတွေဟာ အစာအိမ်တစ်ခု တည်ဆောက်ဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမဲ့ အစာစားရင်းရေသောက်လိုက်တဲ့အခါ ဒီအစာခြေတဲ့ အရည်တွေရဲ့ စွမ်းဆောင်ရည်ကို ကျသွားစေပါတယ်။ အစာခြေစနစ်ဟာလည်း အစားအစာတွေကို အစာအိမ်ထဲ ဒီအတိုင်းဝင်ရောင်းခွင့်ပြုလိုက်ပြီး အစာတွေနဲ့အတူရောပါလာတဲ့ ခန္ဓာကိုယ်အကျိုးမပြုတဲ့ အရာတွေကိုပါ တစ်ပါတည်းပါသွားစေတတ်တာမို့ အစာစားရင်းရေသောက်တာကို မဖြစ်မနေ ရှောင်သင့်ပါတယ်။

တံတွေးထွက်နှုန်းကို ကျစေခြင်း

အစာအိမ်မှာ အစာကောင်းကောင်းခြေဖျက်နိုင်ဖို့ အစားအစာတွေကို အရောက်သယ်ပို့ပေးနေတာကတော့ တံတွေးတွေပါပဲ။ တံတွေးတွေထဲမှာ အစာကို လျှောလျှောလျူလျူပို့ပေးနိုင်တဲ့ အင်ဇိုင်းတွေအပြင် အစာခြေစနစ်ကို လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းတွေလည်းပါဝင်ပါတယ်။ ဒီအင်ဇိုင်းတွေက အစာခြေစနစ်ကို အောင်မြင်အောင်လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အစာစာရင်းရေသောက်လိုက်ရင်တော့ ပုံမှန်ထွက်နေတဲ့ တံတွေးတွေကို တုံ့နှေးသွာအောင်လုပ်လိုက်သလိုဖြစ်သွားစေပါတယ်။ ဒါ့အပြင် စာတွေကို သင့်ပါးစပ်ကနေ အစာအိမ်ထိအရောက်ပို့ဖို့ အားနည်းသွားတတ်တာမို့ အစာနင်တာတွေ၊ အစာမကျေတာတွေ ဖြစ်တတ်ပါသေးတယ်။

အက်ဆစ်ဓါတ်များဖြစ်ပေါ်စေခြင်း

သင့်ရဲ့အစာအိမ်ထဲမှာ အက်ဆစ်ဓါတ်တွေများနေရင်တော့ သင်ဟာအစာအိမ်အချဉ်ဖောက်ဖို့ အလွန်ပဲနီးစပ်နေပါပြီ။ အစာစားရင်းရေသောင်းလိုက်တာနဲ့တစ်ပြိုင်နဲ့ သင့်ကို ဒုက္ခပေးဖို့ စတင်ဖျားနာသွားပါပြီ။ အစာအိမ်က ရေတွေကို စုပ်ယူပြီး တစ်ချိန်တည်းမှာပဲ အချဉ်ဖောက်ပြီး အက်ဆစ်ဓါတ်တွေဖြစ်ပေါ်လာစေပါတယ်။ ဒါက သင့်ရဲ့ အစာတွေကို မခြေဖျက်ပဲ သင့်ရဲ့ အစာအိမ်နဲ့ အစာခြေစနစ်ကိုသာ တိုက်ရိုက်ထိခိုက်စေပါသေးတယ်။

ခန္ဓာကိုယ်တွင်း အင်ဆူလင်ဓါတ်များလာစေခြင်း

အစာစားရင်းရေပုံမှန်သောက်ဖြစ်တယ်ဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်လယ်ဗယ်က အတော်လေးမြင့်တက်နှင့်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အချိုဓါတ်မြင့်မားစွာပါတဲ့ အစာတွေမှာ ရှိတဲ့ အကျိုးမရှိတဲ့ အချိုဓါတ်တွေကို အစာအိမ်က မခွဲခြားပေးနိုင်တော့တာကြောင့် သကြားဒါတ်အားလုံးဟာ သင့်သွေးထဲကို အလိုလျောက် ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီအချိုဓါတ်တွေဟာ ခန္ဓာကိုယ်မှာ အဆီပိုတွေစုစေတာ၊ သွေးလေးစေတာမျိုးတွေလည်းဖြစ်စေနိုင်ပါသေးတယ်။ ခြုံပြောရရင်တော့ အင်ဆူလင်မြင့်တက်တဲ့ သင့်ခန္ဓာကိုယ်ဟာ ဆီးချို သွေးချိုရောဂါကို ဖြစ်ပွားဖို့ အလွန်နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

အဝလွန်လာစေခြင်း

အစာစားရင်းရေသောက်တဲ့ ဆိုးကျိုးကတော့ သင့်ကို အဝလွန်စေတာပါပဲ။ သကြားဓါတ်တွေ၊ အင်ဆူလင်တွေ ကိုမခြေဖျက်နိုင်တော့ပဲ စားသမျှအစာတိုင်းဟာ သင့်ကို အဝလွန်ခြင်းဆီကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာပါတဲ့ ဗာတာ၊ ကာပါ၊ ပစ်တာ စတဲ့ element တွေကိုလည်း မကျန်းမာဖြစ်စေပြီးတော့ သင့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံစနစ်ကို လွဲမှားစေနိုင်ပါသေးတယ်။

[Unicode]










 

အဝလွန်လာစေခြင်း


Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top