Lifestyle
ချစ်သူများနေ့မှာ ရိုမန်းတစ်ဆန်ဆန်ဖြတ်သန်းနိုင်မည့် ရန်ကုန်မြို့တွင်းက စားသောက်ဆိုင်များ
ချစ်သူများနေ့ဆိုတော့ ချစ်သူနဲ့ တူတူ တစ်နေကုန်မရှိရင်တောင် ညစာလေး ဖြစ်ဖြစ် ရိုမန်းတစ်ဆန်ဆန် စားပေးဖို့တော့ လိုတာပေါ့။ ဒီတော့ ရှာရဖွေရ စဉ်းစားရမခက်စေဖို့ စားသောက်ဆိုင်လေးအချို့အကြောင်း လက်တို့ပေးလိုက်မယ်နော်။
ပထမဆုံးလမ်းညွှန်ပေးချင်တာကတော့ “The Grand Library”လို့ခေါ်တဲ့ စားသောက်ဆိုင်လေးပါ။ တစ်ဆိုင်လုံးကို အဖြူရောင်သုတ်ထားပြီး ချစ်သူနဲ့တူတူ စာကြည့်တိုက်ထဲရောက်သွားမယ့်မှုကို ခံစားရစေမှာပါ။ အပေါ်ထပ်နဲ့ အောက်ထပ်ရှိတာမို့ အေးအေးလူလူ နေလိုတဲ့ စုံတွဲလေးတွေက အပေါ်ထပ်မှာ တက်ရိုလို့လည်းရပါသေးတယ်။ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာက ဝက်သားကင်နဲ့ ကောက်ညှင်းစိမ်းလေး တွေပါတဲ့ အခြား အရသာရှိတဲ့ အစားအသောက်တွေလည်း ရနိုုင်ပါသေးတယ်။ သူကတော့ ဗိုလ်အောင်ကျော်လမ်းအလယ်ဘလောက်မှာရှိပါတယ်။
နောက်ထပ် ညွှန်ပေးချင်တာက Asia House Restaurant ဆိုတဲ့ ဆိုင်လေးပါ။ လမ်းမတော် ဘုန်းကြီးလမ်းမှာရှိတာကြောင့် စားပြီးသောက်ပြီး ချစ်သူနဲ့ အေးဆေး ရုပ်ရှင်တောင်သွားကြည့်နိုင်တာမို့ ရေမီးအစုံနဲ့ လေထီးခုန်ရုံပါပဲနော်။ အစားအသောက်ကတော့ တရုတ်စာနဲ့ အနောက်တိုင်းစာတွေအစုံရှိပါတယ်။ ထူးခြားချက်က ဆိုင်ရဲ့အပြင်အဆင်ဟာ ရှေးဟောင်းပုံတွေ၊ မီးမှိန်မှိန်လေးတွေနဲ့ဆိုတော့ မုကတော့ လုံးဝကို ရိုမန်းတစ်နေမှာပါ။
ကောင်မလေးက ကိုရီးယားစာခပ်စပ်စပ်ကလေးတွေ ကြိုက်တတ်တယ်ဆိုရင်တော့ Yoogane ကိုသာ သွားလိုက်ရုံပါပဲနော်။ ရေဘဝဲတစ်ကောင်လုံးကို Yoogane ရဲ့ special ငရုတ်သီးဆော့၊ ကြက်သား၊ ဟင်းသီးဟင်းရွက်တို့နဲ့ချက်ထားတဲ့ ရေဘဝဲကြက်သားဂါးလ်ဘိတို့၊ ချိစ်ထမင်းကြော်တို့အပြင် ဝက်ဆလပ်လည်း ရတာမို့ ဆိုဂျူလေးသောက်ရင်း ရိုမန်းတစ်လို့ရတယ်နော်။ ဆိုင်ကလည်း Address (1) – Level-4, Junction Mawtin, Lanmadaw
Address (2) – 9Miles North Point Shopping Centre (Basement), Mayangone
Address (3) – No.192, , 3rd Floor, HAGL Myanmar Plaza, Bahanဆိုပြီးရှိတာကြောင့် အကြိုက်သာရွေးရုံပါပဲ။
ညနေရှုခင်းကြည့်ရင်း ဘားသွားချင်တယ်ဆိုရင်တော့ “Zee Kwet Sky Bar & Restaurant”လေးကို ညွှန်းချင်ပါတယ်။ သာကေတ ရှုခင်းသာလမ်းပေါ်က Uptown Hotel အပေါ်ဆုံးထပ်က Sky Bar လေးပါ။ အမြင့်ဆုံးမှာရှိတာမို့ မြင်ကွင်းကအစ သဘာဝဆန်ပြီး ညနေဆည်းဆာကို ချစ်သူနဲ့ ဝိုင်သောက်ပြီးဖြတ်သန်းဖို့ အကောင်းဆုံးပါပဲနော်။
အနောက်ဆန်ဆန် ရိုမယ်စဉ်းစားရင်တော့ဖြင့် အီတလီစာတွေ အကြိုက်ရတဲ့ L’Opera Italian Restaurant & Barကိုသွားသင့်ပါတယ်။ ဆိုင်နေရာကျယ်ဝန်းတဲ့အပြင် ဆိုင်ရဲ့အပြင်အဆင်ကိုက အေးအေးလူလူရှိတာကြောင့် အေးအေးဆေးဆေး ညစာစားချင်တဲ့ ချစ်သူစုံတွဲအတွက် အကိုက်ပါပဲနော်။ သူကတော့ မရမ်းကုန်းမြို့နယ်က ဦးထွန်းငြိမ်းလမ်းမှာရှိတဲ့ခြံအကျယ်ကြီးထဲမှာရှိပါတယ်။
ခုလိုအမိုက်စား စားသောက်ဆိုင်က အစားအသောက်တွေကို သွားမယ် စားမယ်ဆိုရင်တော့ Doemal Application မှာ ဝင်ရောက်ရှာဖွေရင်း မှာယူစားသောက်လို့ရနေပြီဆိုတာလေးကိုလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။
[Unicode]
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top