Lifestyle

ရန္ကုန္ျမိဳ႕ျပရဲ႕ ခ်စ္တီးထမင္းဆိုင္ေကာင္းေကာင္းေလးမ်ား

ချစ်တီးထမင်းဟင်းကတော့ လူကြိုက်များပါတယ်။ ချစ််တီးထမင်းဟင်း တွေမှာ ထူးခြားချက်တွေကတော့ ဟင်းခတ် အမွှေးအကြိုင်တွေပါပဲ။ နောက်ပြီး အရံပေးတဲ့ အစားအသောက်လေးတွေရဲ့ ဆွဲဆောင်မှုတွေကတော့ ပြောစရာမလိုပါဘူး။ အချိူပွဲလေးတွေကတော့ အိန္ဒိယ အချိူပွဲတွေရဲ့ ထုံးစံအတိုင်း အချိူပြင်းပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ စာရေးသူ ငယ်ငယ်တည်းက စားဖူးတဲ့ဆိုင်လေး အကြောင််းပါထည့်ရေးပေးထားပါတယ်။

၁. ရွှေမြို့တော်

ဆူးလေ မြို့လယ်ခေါင်မှာ ပြူးပြူးကြီး တည်ရှိနေတဲ့ ဆိုင်ကြီးပါ။ ချစ်တီးထမင်းဟင်း အပြင် အိန္ဒိယ အစားအစာတွေ တော်တော်များများ ရနိုင်တဲ့ ဆိုင်လေးပါ။ စျေးကတော့ နည်းနည်းလေးကြီးပါတယ်။ နောက်ပြီးတော့ ဟင်းရဲ့ အရသာက ထူးခြားချက်ပါပဲ။ပျစ်နှစ်ပူနွေးနေတဲ့ ဟင်းရည်လေးကို ထမင်းနဲ့ နယ်စား ရတာတော်တော်လေးစားကောင်းပါတယ်။

၂. ၂၈ လမ်းအောက်ဘက် ချစ်တီးဆိုင်

မိသားစုလို့ခေါ်တဲ့ ဆိုင်လေးပါ။ တိုက်ပေါ်နှစ်လွှာမှာ ရောင်းတာပါ ။ စျေးလေးတော့ အနည်းငယ်မြောက်ပါတယ် ။ ဒါပေမဲ့ ပေးရတာနဲ့ တော်တော်လေးတန်တယ် ပြောရမှာပါ။ အရမ်းလည်း အရသာရှိပြီး လုပ်တာကိုင်တာလည်း တော်တော်လေးသန့်တယ် ပြောရမှာပါနော် ။ ပြီးတော့ ဖက်ရွက်နဲ့လည်း သဘာဝဆန်ဆန် စားလို့ရပါတယ်။ နောက်တစ်ခုကတော့ အရံချပေးတဲ့ ဟင်းတွေရဲ့ အရသာအပြင် မနုသနီဟင်းချိူလေးကလည်း အရသာထူးထူးခြယးခြားလေးပါပဲ။

 

၃. ကံဘဲ့ က ဝဆန်းသီး

ကံဘဲ့ က ဝဆန်းသီး ထမင်းဆိုင်ကတော့ ၁၉၉၀ လောက်တည်းကတည်ထောင်ခဲ့တာပါ ။ ခုချိန်ထိလည်း မိုးကောင်း ဘုရားအနောက်ဘက်က ဟိန္ဒိူဘုရားကျောင်း နောက်မှာ တည်ရှိပါသေးတယ်။ အရသာလည်းထူးခြားပြီး စျေးလည်းသင့်တင့်ပါတယ် ။ အချိူမုန့် တစ်မျိူးဖြစ်တဲ့ လာဒ်ဒူးကတော့ ဒီဆိုင်မှာတော်တော်လေး မချိူပဲနဲ့ တော်တော်လေး အရသာ ရှိပါတယ်။

၄. တောင်ဥက္ကလာ စက်မှုဇုန်ထဲက ဝန်ထမ်းသက်သာဆိုင်လေး

သေလောက်အောင် စားမှ နှစ်ထောင်ထက်ပိုမကုန်ပါဘူး။နေရာ အထိုင်အခင်းတော့ နည်းနည်းလေးကျပ်ပါတယ် ။ ဒီဆိုင်လေးက ဟင်းချက်ပြီဆို အနီးအနား တစ်ဝိုက်မှာ အမြဲမွှေးကြိုင်နေတတ်ပါတယ် ။ စောစောတော့သွားပါ။ နေ့လည် ၁နာရီဆိုတာနဲ့ ကုန်လေ့ရှိပါတယ်။ ညနေပိုင်း လည်းဖွင့်ပါတယ်။ ညနေလည်း အကုန်စောတာပါပဲ။

၅. India Tadka

နည်းနည်းတော့ သိပ်မဆိုင်ပါဘူး။ဒါပေမဲ့ အစားအသောက်ကောင်းကောင်း ကြိုက်တဲ့သူတွေကတော့ ဒီဆိုင်ကိုလာကြပါတယ်။ ချစ်တီးဆိုင် အရမ်းကြီးမဆိုင်ပေမဲ့ ရန်ကုန်မှာ အိန္ဒိယ အစားအစာနဲ့ ပတ်သတ်လာလို့ရှိ ရင်တော့ India Tadka လေးကိုရွေးသင့်ပါတယ်ရှင်။ ကဲ့ ပရိသတ်ကြီးတို့ရေ …… ဘာလုပ်နေကြတာလည်း။ စာအရေးအသားတွေ ထဲကြိုက်ပြီး အူမြူးမနေနဲ့ဦး။ ပိုက်ဆံအိတ်လေး မြန်မြန်ထုတ်ပြီး သွားစားလိုက်ရအောင်နော်။

ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။

[Unicode]

ခ်စ္တီးထမင္းဟင္းကေတာ့ လူၾကိဳက္မ်ားပါတယ္။ ခ်စ္္တီးထမင္းဟင္း ေတြမွာ ထူးျခားခ်က္ေတြကေတာ့ ဟင္းခတ္ အေမႊးအၾကိဳင္ေတြပါပဲ။ ေနာက္ျပီး အရံေပးတဲ့ အစားအေသာက္ေလးေတြရဲ႕ ဆြဲေဆာင္မႈေတြကေတာ့ ေျပာစရာမလုိပါဘူး။ အခ်ိဴပြဲေလးေတြကေတာ့ အိႏၵိယ အခ်ိဴပြဲေတြရဲ႕ ထုံးစံအတုိင္း အခ်ိဴျပင္းပါတယ္။ ဒီေဆာင္းပါးေလးထဲမွာေတာ့ စာေရးသူ ငယ္ငယ္တည္းက စားဖူးတဲ့ဆုိင္ေလး အေၾကာင္္းပါထည့္ေရးေပးထားပါတယ္။

၁. ေရႊျမိဳ႕ေတာ္

ဆူးေလ ျမိဳ႕လယ္ေခါင္မွာ ျပဴးျပဴးၾကီး တည္ရွိေနတဲ႔ ဆုိင္ၾကီးပါ။ ခ်စ္တိီးထမင္းဟင္း အျပင္ အိႏၵိယ အစားအစာေတြ ေတာ္ေတာ္မ်ားမ်ား ရနုိင္တဲ့ ဆုိင္ေလးပါ။ ေစ်းကေတာ့ နည္းနည္းေလးၾကီးပါတယ္။ ေနာက္ျပီးေတာ့ ဟင္းရဲ႔ အရသာက ထူးျခားခ်က္ပါပဲ။ပ်စ္ႏွစ္ပူေႏြးေနတဲ့ ဟင္းရည္ေလးကုိ ထမင္းနဲ႔ နယ္စား ရတာေတာ္ေတာ္ေလးစားေကာင္းပါတယ္။

၂. ၂၈ လမ္းေအာက္ဘက္ ခ်စ္တီးဆုိင္

မိသားစုလုိ႔ေခၚတဲ့ ဆုိင္ေလးပါ။ တုိက္ေပၚႏွစ္လႊာမွာ ေရာင္းတာပါ ။ ေစ်းေလးေတာ့ အနည္းငယ္ေျမာက္ပါတယ္ ။ ဒါေပမဲ႔ ေပးရတာနဲ႕ ေတာ္ေတာ္ေလးတန္တယ္ ေျပာရမွာပါ။ အရမ္းလည္း အရသာရွိျပီး လုပ္တာကုိင္တာလည္း ေတာ္ေတာ္ေလးသန္႔တယ္ ေျပာရမွာပါေနာ္ ။ ျပီးေတာ့ ဖက္ရြက္နဲ႔လည္း သဘာဝဆန္ဆန္ စားလုိ႕ရပါတယ္။ ေနာက္တစ္ခုကေတာ့ အရံခ်ေပးတဲ့ ဟင္းေတြရဲ႕ အရသာအျပင္ မႏုသနီဟင္းခ်ိဴေလးကလည္း အရသာထူးထူးျခယးျခားေလးပါပဲ။\

 

၃. ကံဘဲ့ က ဝဆန္းသီး

ကံဘဲ့ က ဝဆန္းသီး ထမင္းဆိုင္ကေတာ့ ၁၉၉၀ ေလာက္တည္းကတည္ေထာင္ခဲ့တာပါ ။ ခုခ်ိန္ထိလည္း မုိးေကာင္း ဘုရားအေနာက္ဘက္က ဟိႏိၵဴဘုရားေက်ာင္း ေနာက္မွာ တည္ရွိပါေသးတယ္။ အရသာလည္းထူးျခားျပီး ေစ်းလည္းသင့္တင့္ပါတယ္ ။ အခ်ိဴမုန္႔  တစ္မ်ိဴးျဖစ္တဲ့ လာဒ္ဒူးကေတာ့ ဒီဆုိင္မွာေတာ္ေတာ္ေလး မခ်ိဴပဲနဲ႔ ေတာ္ေတာ္ေလး အရသာ ရွိပါတယ္။

၄. ေတာင္ဥကၠလာ စက္မႈဇုန္ထဲက ဝန္ထမ္းသက္သာဆုိင္ေလး

ေသေလာက္ေအာင္ စားမွ ႏွစ္ေထာင္ထက္ပိုမကုန္ပါဘူး။ေနရာ အထိုင္အခင္းေတာ့ နည္းနည္းေလးက်ပ္ပါတယ္ ။ ဒီဆုိင္ေလးက ဟင္းခ်က္ျပီဆုိ အနီးအနား တစ္ဝုိက္မွာ အျမဲေမႊးၾကိဳင္ေနတတ္ပါတယ္ ။ ေစာေစာေတာ့သြားပါ။ ေန႔လည္ ၁နာရီဆိုတာနဲ႔ ကုန္ေလ့ရွိပါတယ္။ ညေနပိုင္း လည္းဖြင့္ပါတယ္။ ညေနလည္း အကုန္ေစာတာပါပဲ။

၅. India Tadka

နည္းနည္းေတာ့ သိပ္မဆုိင္ပါဘူး။ဒါေပမဲ႔ အစားအေသာက္ေကာင္းေကာင္း ၾကိဳက္တဲ့သူေတြကေတာ့ ဒီဆုိင္ကုိလာၾကပါတယ္။ ခ်စ္တီးဆုိင္ အရမ္းၾကီးမဆုိင္ေပမဲ့ ရန္ကုန္မွာ အိႏၵိယ အစားအစာနဲ႔ ပတ္သတ္လာလုိ႔ရွိ ရင္ေတာ့ India Tadka ေလးကုိေရြးသင့္ပါတယ္ရွင္။ ကဲ့ ပရိသတ္ၾကီးတုိ႕ေရ …… ဘာလုပ္ေနၾကတာလည္း။ စာအေရးအသားေတြ ထဲၾကိဳက္ျပီး အူျမဴးမေနနဲ႔ဦး။ ပုိက္ဆံအိတ္ေလး ျမန္ျမန္ထုတ္ျပီး သြားစားလုိက္ရေအာင္ေနာ္။

ခုလို အရသာရွိတဲ့ ဆိုင္ေကာင္းေကာင္းေလးေတြက အစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့  Doemal Application ကေန မွာစားလို႕ရေနျပီဆိုတာေလးလဲ တစ္ခါထဲေျပာလိုက္ပါရေစေနာ္။ ဆိုင္သြားစားျပီးရင္လည္း ေကာင္းရင္ ျပန္လည္ေဝမွ်ေပးၾကပါဦး။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top