Lifestyle

လြယ္ကူလုပ္စား ျမန္မာမုန္႔မ်ား အပိုင္း (၂)

ဒီတစ်ပတ်မှာတော့ ကျွန်မတို့ ဒိုးမယ်ကနေပြီးတော့ ပရိသတ်ကြီးတို့အတွက် လွယ်ကူလုပ်စားမြန်မာမု့န်များ အပိုင်း၂ကို ဆက်လက်တင်ဆက်လိုက်ရပါတယ်။ ဒီတစ်ပတ် အတွက် တင်ဆက်ပေးမှာကတော့ မုန့်ဆန်း နဲ့ မုန့်ဆီကြော်တို့ပဲဖြစ်ပါတယ်။ မုန့်ဆန်း တို့ မုန့်ဆီကြော်တို့ ဆိုတာ ခုခေတ်နောက်ပိုုင်းမှာတော့ နတ်တင်တဲ့ အခါတွေမှပဲ လုပ်စားလေ့ရှိနေကြပါပြီ ။ အရင်ခေတ်များကတော့ နေ့စဉ်နဲ့အမျှ လုပ်စားကြပါတယ်။ကဲ ဆက်လက်် ဖတ်ရှုပြီး သရေယိုရအောင်ကြနော်။

မုန့်ဆန်း
ပါဝင်ပစ္စည်းများ
၁. မုန့်ဆန်း ငါးဆယ်သား( လူဆယ်ယောက်စာလောက်ပါတယ်)
၂. သကြား သုံးဆယ်သား
၃. အုန်းသီးတစ်လုံး ( ခြစ်ပြီးသား)

 

ပထမဦးစွာ မုန့််ဆန်းကိုရေဆေးပါ။ ထို့နောက် ရေနွေးနွေးလေးနဲ့ ဆယ််မိနစ်လောက် စိမ်ပေးပါ။ ထို့နောက်မုန့်ဆန်းများကို ဆယ်ယူပါ။ ရေစစ်ပါ။ ရေကျန်ခဲ့ရင်ပျော့ပြဲပြီး စားရတာအရသာ ပျက်တတ်ပါတယ်။ ထို့နောက်သကြားထည့် ပြီးမွှေပေးပါ။ သေချာနှံ့အောင် နယ်ပေးပါ။ ထို့နောက် အုန််းသီးခြစ်လေးများကိုထည့်ပြီးမွှေပေးပါ။ သေချာစွာနှံ့ပြီဆိုပါက စားရုံပါပဲ။ အုန်းသီးများများလေးဖြူးပြီး ဖီးကြမ်းငှက်ပျောသီးလေးနဲ့ တွဲဖက်စားရင်ပိုကောင်းပါတယ်။

မုန့်ဆီကြော်

မုန့့်ဆီကြော်လေးကတော့ တော်တော်များများသိတဲ့ အတိုင်း အလယ်ကဖောင်းဖောင်းလေးနဲ့ ပန်းကန်ပြားပျံ ပုံစံလေးပါ။ ကော်ဖီလေးနဲ့ဆိုတော်တော် လိုက်ဖက်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ..

၁. ဆန်မှုန့်လေးဆယ်သား
၂. ကောက်ညှင်းမှုန့်တစ်ဆယ်သား
၃. ထန်းလျက်ရည် ( ထန်းလျက်တစ်ဆယ်သားလောက်ကြိုထားရင်ရပါတယ်)
၄. ပဲဆီသန့်သန့်( ကျန်းမာရေးနဲ့ပိုညီညွတ်တာပေါ့နော်)

ပြုလုပ်နည်းလေးကတော့ လွယ်ကူပါတယ်ရှင်။ အရင်ဆုံး မုန့်နှစ်လုပ်ကြတာပေါ့နော်။ ဆန်မှုန့်နဲ့ ကောက်ညှင်းမှုန့်ကို သေချာစွာရောနယ်ပြီး ရေအနည်းငယ်ထည့်ပြီး အရည်ပျစ်ပျစ်လေးရအောင်လုပ်ပါ။ ထို့နောက် ထန်းလျက်ရည်ကိုရောထည့်ပါ။ ထို့နောက် ဒယ်အိုးစောက်နက်နက်ထဲသို့ ဆီထည့်ပြီး ဆီပူလာအောင်စောင့်ပါ။ ဆီပူလာပြီ ဆိုပါက မုန့်နှစ်အရည်ကို ဒယ််အိုးရဲ့အလယ်မှထည့်ပြီးကြော်ပါ။ အဲ့အခါမှသာ ပန်းကန်ပြားပျံပုံစံလေးရမှပါ။ မုန့်ချပ်လေးတစ်ဖက်ကနီလာပြီဆိုရင် နောက်တစ်ဖက်ကိုလှန်ပါ။ မုန့်ဆီကြော်ပူပူလေးရပါပြီရှင်။

ကဲ နောက်တစ်ပတ်မှာတော့ အချိန်သိပ်မကုန်စေမဲ့ မြန်မာမုန့်လေးများကိုပြောပြပေးမှာ ဖြစ်လို့ ဆက်လက်စောင့်စားဖတ်ရှုကြပါလို့…

[Unicode]

ဒီတစ္ပတ္မွာေတာ့ ကၽြန္မတို႕ ဒုိးမယ္ကေနျပီးေတာ့ ပရိသတ္ၾကီးတို႔အတြက္ လြယ္ကူလုပ္စားျမန္မာမု႔န္မ်ား အပုိင္း (၂) ကုိ ဆက္လက္တင္ဆက္လုိက္ရပါတယ္။ ဒီတစ္ပတ္ အတြက္ တင္ဆက္ေပးမွာကေတာ့ မုန္႔ဆန္း နဲ႔ မုန္႔ဆီေၾကာ္တုိ႔ပဲျဖစ္ပါတယ္။ မုန္႔ဆန္း တုိ႔  မုန္႔ဆီေၾကာ္တို႕ ဆုိတာ  ခုေခတ္ေနာက္ပုိုင္းမွာေတာ့ နတ္တင္တဲ့ အခါေတြမွပဲ လုပ္စားေလ့ရွိေနၾကပါျပီ ။ အရင္ေခတ္မ်ားကေတာ့ ေန႕စဥ္နဲ႔အမ် လုပ္စားၾကပါတယ္။ကဲ ဆက္လက္္ ဖတ္ရႈျပီး သြားရည္ယိုရေအာင္ၾကေနာ္။

မုန္႔ဆန္း

ပါ၀င္ပစၥည္းမ်ား

၁. မုန္႔ဆန္း ငါးဆယ္သား( လူဆယ္ေယာက္စာေလာက္ပါတယ္)

၂. သၾကား သုံးဆယ္သား

၃. အုန္းသီးတစ္လုံး ( ျခစ္ျပီးသား)

ပထမဦးစြာ မုန္္႔ဆန္းကုိေရေဆးပါ။ ထုိ႔ေနာက္ ေရေႏြးေႏြးေလးနဲ႕ ဆယ္္မိနစ္ေလာက္ စိမ္ေပးပါ။  ထုိ႔ေနာက္မုန္႔ဆန္းမ်ားကုိ ဆယ္ယူပါ။ ေရစစ္ပါ။ ေရက်န္ခဲ့ရင္ေပ်ာ့ျပဲျပီး စားရတာအရသာ ပ်က္တတ္ပါတယ္။ ထုိ႔ေနာက္သၾကားထည္႔ ျပီးေမႊေပးပါ။ ေသခ်ာႏွံ႔ေအာင္ နယ္ေပးပါ။ ထုိ႔ေနာက္ အုန္္းသီးျခစ္ေလးမ်ားကိုထည္႔ျပီးေမႊေပးပါ။ ေသခ်ာစြာႏွံ႔ျပီဆုိပါက စားရုံပါပဲ။ အုန္းသီးမ်ားမ်ားေလးျဖဴးျပီး ဖီးၾကမ္းငွက္ေပ်ာသီးေလးနဲ႔ တြဲဖက္စားရင္ပုိေကာင္းပါတယ္။

 

မုန္႔ဆီေၾကာ္

မုန္႔႔ဆီေၾကာ္ေလးကေတာ့ ေတာ္ေတာ္မ်ားမ်ားသိတဲ့  အတိုင္း အလယ္ကေဖာင္းေဖာင္းေလးနဲ႔ ပန္းကန္ျပားပ်ံ ပုံစံေလးပါ။  ေကာ္ဖီေလးနဲ႔ဆုိေတာ္ေတာ္ လုိက္ဖက္ပါတယ္။ ပါဝင္ပစၥည္းေတြကေတာ့ ..

၁. ဆန္မွုန္႕ေလးဆယ္သား

၂. ေကာက္ညွင္းမွုန္႕တစ္ဆယ္သား

၃. ထန္းလ်က္ရည္ ( ထန္းလ်က္တစ္ဆယ္သားေလာက္ၾကိဳထားရင္ရပါတယ္)

၄. ပဲဆီသန္႕သန္႔( က်န္းမာေရးနဲ႔ပုိညီညြတ္တာေပါ့ေနာ္)

ျပဳလုပ္နည္းေလးကေတာ့  လြယ္ကူပါတယ္ရွင္။ အရင္ဆုံး မုန္႕ႏွစ္လုပ္ၾကတာေပါ့ေနာ္။ ဆန္မႈန္႔နဲ႔ ေကာက္ညွင္းမႈန္႕ကုိ ေသခ်ာစြာေရာနယ္ျပီး ေရအနည္းငယ္ထည့္ျပီး အရည္ပ်စ္ပ်စ္ေလးရေအာင္လုပ္ပါ။ ထုိ႔ေနာက္ ထန္းလ်က္ရည္ကုိေရာထည့္ပါ။ ထုိ႕ေနာက္ ဒယ္အုိးေစာက္နက္နက္ထဲသုိ႔ ဆီထည့္ျပီး ဆီပူလာေအာင္ေစာင့္ပါ။ ဆီပူလာျပီ ဆိုပါက မုန္႕နွစ္အရည္ကုိ ဒယ္္အုိးရဲ႕အလယ္မွထည့္ျပီးေၾကာ္ပါ။ အဲ႔အခါမွသာ ပန္းကန္ျပားပ်ံပုံစံေလးရမွပါ။ မုန္႕ခ်ပ္ေလးတစ္ဖက္ကနီလာျပီဆိုရင္ ေနာက္တစ္ဖက္ကုိလွန္ပါ။ မုန္႔ဆီေၾကာ္ပူပူေလးရပါျပီရွင္။

ကဲ ေနာက္တစ္ပတ္မွာေတာ့ အခ်ိန္သိပ္မကုန္ေစမဲ့ ျမန္မာမုန္႔ေလးမ်ားကုိေျပာျပေပးမွာ ျဖစ္လို႔ ဆက္လက္ေစာင့္စားဖတ္ရႈၾကပါလို႔…

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top