Lifestyle

ပွဲဈေးရောက်ရင်စားသင့်တဲ့ မုန့်် (၇) မျိုး

မြန်မာနိုင်ငံဟာဆိုရင် ၁၂ လရာသီလုံးပွဲ မပြတ်တတ်တဲ့နိုင်ငံတစ်ခုပါ။ များသောအားဖြင့် တော်သလင်းလကုန်ပြီး မိုးလွတ်လေလွတ်ဖြစ်ပြီးရင်တော့ ဘုရားပွဲ တွေ ပွဲဈေးတွေနဲ့ ပြည့်နှက်နေလို့ နေပါပြီ။ ပွဲဈေးတွေပြည့်နှက်နေတဲ့ အလျောက် စားစရာများကလည်းအလွန်များပြားလှပါတယ်။ အခုဒီတစ်ပတ်မှာတော့ ပွဲဈေးရောက်ရင် ဘာတွေစားသင့်လည်းကို ညွှန်းပေးသွားမှာ ဖြစ်ပါတယ်။

၁. ထမနဲ

တစ်နှစ်တစ်ခါ တပို့တွဲလ မှာမှထိုးတဲ့ ထမနဲကို ပွဲဈေးတွေမှာတွေ့ရင်ဖြင့် စားဖို့ အကြံပြုလိုက်ပါရစေ။ တစ်နှစ်တစ်ခါမှထိုးလေ့ရှိကြတဲ့ ထမနဲကို  ပေါပေါသီသီရနိုင်တဲ့ အချိန်က ပွဲဈေးတွေပါပဲ။

၂. ရေမုန့်

ပွဲဈေးတွေမှာပဲတွေ့လေ့ရှိတဲ့ မုန့်ပါ။အပြင်မှာဒီတိုင်းလေးရောင်းတာကို တွေ့ရခဲပါတယ်။ ပြီးတော့ရေမုန့်ရဲ့ အရသာကြွပ်ကြွပ်လေးကိုစားဖူးသူတိုင်း သိကြပါတယ်။

၃.  မုန့််ကုလားမဲ

တခြားမြန်မာမုန့်တွေကို မနက်တိုင်းဈေးတွေမှာ လွယ်လွယ်ကူကူဝယ်လို့ ရပေမဲ့ မုန့််ကုလားမဲကိုတော့ တွေ့ရခဲပါတယ်။  သူ့ရဲ့ပျော့ဆွဲဆွဲနဲ့ ချိုမြတဲ့အရသာက တကယ်ကို စိတ်ထဲမှာစွဲနေစေမှာပါ။

၎. အကြော်စုံ

မနက်တိုင်း အကြော်နဲ့ထမင်းနဲ့ စားလေ့ရှိတဲ့မြန်မာလူမျိုးတို့အဖို့ အတွက် ပွဲဈေးမှာစားရတဲ့  အကြော်ကိုလည်းကြိုက်ကြမှာ အသေအချာပါပဲ။ အဓိကအနေနဲ့ကတော့ ကဏန်း၊ တီလားဘီယား ငါးကြော်လေးတွေ ရနိုင်တာပါပဲ။

၅.  ဟော့ပေါ့

အခုနောက်ပိုင်းမှာတော့ ခေတ်စားလာတာကတော့ ဟော့ပေါ့ပါ။ အသေးစားဟော့ပေါ့လေးတွေ ပွဲဈေးမှာ အတွေ့များလာပါတယ်။ ဈေးလည်းတန်ပြီး ၀၀လင်လင်စားလို့လည်းရလို့လူကြိုက်များလာပါတယ်။

၆. ယိုးဒယားအစားအစာများ

အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ယိုးဒယားနိုင်ငံ ကအစားအစာလေးတွေကိုလည်း ပွဲဈေးမှာ တွေ့ရလာတတ်ပါတယ်။ ၀က်သားကင် ခေါ် မူပင်း ၊ သင်္ဘောသီးထောင်း လိုအစားအစာလေးတွေကိုလည်း မြည်းစမ်းသင့်ပါတယ်။

၇. အာပုံ

အိန္ဒိယ အစားအစာတစ်မျိုးပါ။ ပွဲဈေးတော်တော်များများမှာတွေ့ရလေ့ရှိပြီး ပန်းကန်လုံးပုံစံ မုန့်လေးထဲကို အုန်းနို့ရည်နဲ့ သကြား ထည့်ပြီးစားရတာပါ။ အရမ်းကိုကောင်းတာမို့ မြည်းစမ်းကြည့်စေချင်ပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ အခုလောက်ဆိုရင်လည်း ပွဲဈေးရောက်ရင် ဘာတွေကိုအပြေးလေးစားရမလည်း သိလောက်ပြီထင်ပါတယ်။ အဲ့ဒီတော့ ပွဲဈေးရောက်ရင်  အထက်မှာ ပြောပြထားတဲ့ အစားအစာလေးတွေစားဖို့ မမေ့ကြနဲ့နော်။

နောက်ထပ် အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာအစုံအလင်ကို Doemal ကနေအမြဲစောင့်ကြည့် ဖတ်ရှုဖို့လဲ ဖိတ်ခေါ်လိုက်ပါရစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top