ပွဲတော်များ

လုပ်ရလွယ်ပြီး ကိုယ့်ရဲ့ အချစ်တွေကို ပြနိုင်မယ့် အစားအစာများ

Valentine Day Handmade food

V Day ရောက်ဖို့ ဘယ်လောက်မှ မလိုဘူးနော်။ ၂ရက်ပဲလိုတော့တယ်။ ကိုယ့်ရဲ့ အသဲတခြမ်း၊ နံရိုးတစ်ချောင်းကို ဘာပေးမယ်လို့ စိတ်ကူးထားပြီးပြီလဲ….??? ဘားဂျက်မရှိလို့ ဘာပေးရမလဲတွေးပူမနေပါနဲ့။ ဒီက နည်းလမ်းကောင်းလေးတွေ ပေးဖို့ လာပြီလေ။ ကိုယ်တိုင်အချစ်မေတ္တာတွေ အရင်းခံပြီး လုပ်လို့ရတဲ့ မုန့်လေးတွေ ဆိုတော့ ကိုယ့်ချစ်သူလေး မကြိုက် မှာတော့ မပူနဲ့လေ..။

အသဲပုံ အစာသွပ် မုန့်

Valentine Day DIY Snacks
အိမ်မှာ Oven ရှိသူတွေအတွက် လုပ်ရလွယ် တဲ့ မုန့်လေးပါ။ ဂျုံသားပေါ်မှာ အသား ဒါမှမဟုတ် အသီးယိုစုံလေးတွေကို ထည့်ပြီး သွပ်ထားရုံပါပဲ။ အရသာလည်းကောင်းသလို ရိုမန့်တစ်လည်းဆန်တယ်လေနော်။

အသဲပုံ Sandwich

 

လုပ်နည်းလေးက လွယ်ဆိုမှလွယ်ပဲ ကိုယ့်လူ..။ ပေါင်မုန့်ကိုဘေးသားဖယ်၊ အသဲပုံခွက်လေးနဲ့ဖိပြီး ပေါင်မုန့်ကို ပုံသွင်း၊ ယိုလေးသုပ် ရုံနဲ့ပြီးပြီ။

အချစ်ရဲ့ စတော်ဘယ်ရီ

Valentine Day Food
အခုလိုအချိန်မှာ စတော်ဘယ်ရီတွေလည်းပေါနေပြီဆိုတော့ ထွေထူးစဉ်းစားမနေပဲ စတော်ဘယ်ရီလေးဝယ်၊ အသဲပုံစံ ပုံဖော်ခွက်လေးနဲ့ ဖိပြီး ကိုယ့်ချစ်သူကို ပေးလိုက်မယ်ဆိုရင် အချစ်တွေတိုးလာမှာ အမှန်ပဲနော်။

အစားအစာ ပန်းစည်း

ကိုယ့်ချစ်သူလေးက အစားအသောက် ကြိုက်တဲ့ Foodie လေးဆိုရင်တော့ ကြက်ကြော်၊ ဒိုးနတ်လေးတွေ သွားဝယ်။ ပြီးရင်တုတ်လေးနဲ့ တိုးပြီး ပန်းစည်းလိုလေး စည်းပေးလိုက် တဖြုတ်ဖြုတ်ကို ကြွေဆင်းလာစေရမယ်။

ကြက်အူချောင်း၊ကြက်ဥ အသဲပုံကြော်


ဒါလေးကလည်း လုပ်ရလွယ်သလို အကုန်ကျလည်း မများဘူး။ ကြက်အူချောင်း၊ ဆီနဲ့ ကြက်ဥ ရှိဖို့ ပဲလိုတယ်။ ကိုယ်တိုင်ကြော်ပြီး ကိုယ့်အသဲကို ကျွေးလိုက်နော်။

အားလုံးပဲ Valentine Day နေ့လေးမှာ ကိုယ်ချစ်ရသူတွေနဲ့ ပျော်ရွင်ပါစေရှင့်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top