သုံးသပ်ချက်များ

Vintage Luxury Yacht ဟိုတယ်ပေါ်က ရိုမန့်တစ်ညစာ

အရင်​အပတ်​က​တော့ Vintage Luxury Yacht ဆိုတဲ့ ​ရေ​ပေါ်ဟိုတယ်​က Victori​a Bar ​လေး​အ​ကြောင်​း ​ပြောပြပြီးပြီ ဆိုတော့ ဒီတစ်​​ခါ​ အစားအ​သောက်​​ကောင်​း​လေးတွေရတဲ့ 1920 Industrial Restaurant နဲ့ Pirate Restaurant အ​ကြောင်​းကို မိတ်​ဆက်​​ပေးချင်​ပါတယ်​။

​ရေ​ပေါ်သ​ဘောင်္​ဟိုတယ်ပေါ်က စား​သောက်​ဆိုင်​​တွေ​ဆို​တော့ စိတ်​ကူးယဉ်​ဆန်​ဆန်​​ပြီး ​ရင်​ခုန်​စရာပေါ့​နော်။ တကယ်​ကို ၁၉၂၀ ဗစ်​တိုးရီးယား​ခေတ်​​ဟောင်​းဆီကို ကိုယ်​တိုင်​ပြန်​​ရောက်​သွားသလိုမျိုး ခံစားရမှာပါ။ သ​င်္ဘော​ပေါ်ကိုတက်​လိုက်​တာနဲ့ တိုက်တန်းနစ် ရုပ်​ရှင်​ရဲ့ဇာတ်​ဝင်​ခန်​းထဲကို​ရောက်​သွားသလိုမျိုး ပေါ့။  Admin ​တောင်​ ကိုယ့်​့ကိုကိုယ်​ လီယိုနာဒို လို့​တောင်​ထင်​သွားတာ၊ အပြင်အဆင်​​တွေက ​ရှေး​ခေတ်​ဆန်​ဆန်​ ရိုမန်​းတစ်​ဆန်​တယ်​ဆိုတာ ဒါမျိုးကို​ပြောတာပါ။

အပြင်အဆင် အခမ်းအနား
စားသောက်ဆိုင်နှစ်ခုလုံး ပဥ္စမထပ်မှာပဲရှိပြီး အဝါဖျော့ဖျော့မီးလုံးတွေရယ် ရှေးဟောင်းသစ်သားကြမ်းခင်းကြီးတွေနဲ့ အလှဆင်ထားတယ်။ ပဥ္စမထပ်တက်တက်ချင်းမှာပဲ 1920 Industrial စားသောက်ဆိုင်ရဲ့ အဝင်ဝကိုအရင်ဆုံးတွေ့မြင်ရမှာပါ။ ဒီစားသောက်ဆိုင်နာမည်လေးဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့စက်မှုလုပ်ငန်းတိုးတက်လာခဲ့မှုကို အမှတ်ရနေစေဖို့ ကိုယ်စားပြုပေးထားပဲဖြစ်ပါတယ်။ ရှေးခေတ် တယ်လီဖုန်းအဟောင်းတွေ၊နံရံပေါ်ကဆေးရေးပန်းချီကားချပ်တွေနဲ့ သင်္ဘောပေါ်ကညစာစားပွဲတွေရဲ့ ပေါင်းစပ်မှုအလှက အလွန်အကျွံကြီးမဟုတ်ပေမယ့် သူ့ဟာနဲ့သူတော့ ကဗျာဆန်လှပါတယ်။ အဲ့ဒိ ၁၉၂၀စားသောက်ဆို်င်ကြီးထဲ ဝင်သွားမယ်ဆိုနောက်ထပ် Pirate စားသောက်ဆိုင်ရဲ့ဝင်ပေါက်ကို ထပ်တွေနို်င်ပါတယ်။ ဒီဆိုင်လေးကလဲ ၁၉၂၀ခုနှစ်ရဲ့ ဓလေ့စရိုက်ကိုပြန်လည်ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး ၁၉၂၀ခုနှစ်စတိုင်လ် အနုပညာဆန်ဆန်လေးပြင်ဆင်ထားပေးတာဖြစ်ပါတယ်။ရှေးခေတ် အသံသွင်းဓာတ်ပြားစက်ကြီးများနှင့် ကြီးမားကျယ်ပြန့်လှတဲ့ထမင်းစားပွဲကြီးများနဲ့ အလှဆင်ထားတာပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ထောင့်ဘက်လေးမှာ Robinson Crusoe Barလို့နာမည်ရတဲ့ ဘားလေးလဲရှိသေးတယ်။ Pirate စားသောက်ဆိုင်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ သင်္ဘောကုန်းပတ်ပေါ်မှာဆိုရင်တော့ဖြင့် အားလုံးကြည့်ဖူးကြတဲ့ ကပ္ပ္ပတိန် ဂျက်စပဲရိုးရဲ့ စွန့်စားခန်းတွေကိုမြင်ယောင်မိမလား ဒါမှမဟုတ် တိုက်တန်းနစ်ရုပ်ရှင်ထဲကလို ရိုမန့်တစ်ဆန်ဆန် လီယိုနာဒိုနဲ့ ကိတ်ဝင်းစလတ်လို သင်္ဘောအစွန်းလေးမှာနေမလား အဆင်သင့်တယ်နော်။ သာယာလှပတဲ့ ရန်ကုန်မြစ်နဲ့ မိုးကောင်ကင်ကြီးရဲ့စည်းချက်ကြမှုနဲ့ အတူ အမှတ်ရဖွယ်အချိန်တွေကိုဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။

ညစာစားမယ်ဆိုရင်တော့…

Vintage Luxury Yacht Hotelမှာ အထက်တန်းကျကျစားသောက်ဖို့ အတော်လေးသင့်တော်ပါတယ်။ အခုဆိုရင် ဇူလိုင်လအတွက် အသီးအရွက်ဟင်းပွဲများအတွက် ၁ setကို လေးထောင်ကျပ်နှင့် ပင်လယ်စာဟင်းပွဲအတွက် ၁ setကို တစ်သောင်းကျပ်သာကျသင့်မှာ ဖြစ်ပြီး ဘီယာနှစ်ခွက် မေတ္တာလက်ဆောင်ပေးနေပါသေးတယ်နော်။ ဒီဆိုင်ရဲ့ အရည်အချင်းရှိပြီးနာမည်ကျော်စားဖိုမှူးများကလည်း စားသုံးသူများတွက် တကယ့်စစ်မှန်တဲ့အရသာနဲ့ ဟင်းလျာများကိုသာပြုပြင်ပေးထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာ၊ထိုင်း၊ အိန္ဒိယ အပြင် အနောက်တိုင်း၊ ဥရောပ၊ ဂျပန် နှင့် အာရှတိုက်မှ အထူးကောင်းမွန်လှတဲ့ ဟင်းလျာများနှင့်အချိုပွဲများကို ရရှိနိုင်ပါတယ်။ အသီးအရွက်ကြိုက်သူ၊ သက်သက်လွတ်သမားများအတွက်လည်း ဟင်းလျာများရရှိနိုင်ပါတယ်။ ပြီးတော့ အထိမ်းအမှတ်ပွဲတော်တော်များများကို Pirate Restaurantမှာကျင်းပလို့ရပါသေးတယ်။

Starters

Starter အ​နေနဲ့ ကျွန်​​တော်​တို့ ပထမဆုံးစားခဲ့တာက​တော့ ထိုင်​းစတိုင်​ Spicy Pomelo Salad ဆိုတဲ့ ကျွဲ​ကောသီးသုပ်​ပါ။ သူက​တော့ ထိုင်​းအသုပ်​​တွေရဲ့ထုံးစံအတိုင်​း ချိုချဉ်​စပ်​ အရသာ​လေး​​ပါ။ ကျွဲ​ကောသီးအချိုသီးရဲ့အသားနဲ့ သံပုရာရည်​​ရဲ့ အချဉ်​အရသာ နည်​းနည်​းရယ်​၊ ငရုတ်​သီးအစပ်​အရသာနည်​းနည်​​း​လေးရယ်​ ​ရောသုပ်​ထားတာ စားလို့​ကောင်​းတယ်​။

နောက်​ Starter တစ်​မျိုးက​တော့ Chicken Boxing ပါ။ ကြက်​​တောင်​ပံအသားကို အရိုးထုပ်​ပြီး ​ပေါင်​မုန်​့ကြွပ်​​တွေ တရုတ်​နံနံ​တွေနဲ့ ​ရော​ကြော်​ထားတာ​ ​ကောင်​းမှ​ကောင်​းပဲ။

Soup
Soup အ​နေနဲ့က​တော့ Corn and Crab Meat Soup ဆိုတဲ့ တရုတ်​စတိုင်​ဟင်​းရည်​ကို ​သောက်​ခဲ့တယ်​။ ​ပြောင်​းဖူးရယ်​၊ ဂဏန်​းသားရယ်​၊ ကြက်​ဥရယ်​ သုံးမျိုး​ပေါင်​းလိုက်​​တော့ တကယ်​့ကိုအချိုလိုင်​းပါ၊ ​​သောက်​လို့​တော်​​တော်​​ကောင်​းတယ်​။

Main Dishes
ပထမဆုံး Main Dish အ​နေနဲ့ The Spicy Roasted Chickn ဆိုတဲ့ ကြက်​ကင်​စပ်​စပ်​​လေး ကိုစားခဲ့တယ်​။ အသားက ကင်​ထားတာအ​နေ​တော်​နဲ့ နူးပြီး အသား​ပေါ်မှာ သုတ်​ထားတဲ့ Sauce ရဲ့အရသာနဲ့ လည်​းလိုက်​ဖက်​ပါတယ်​။

ဒုတိယတစ်​မျိုးက​တော့ Sea Bass Pesto with Beurre Blanc Sauce ပါ။ ကက္ကတစ်​ငါးကိုချက်​ထားပြီး အမမြင်​လှသလို အရသာကလည်​းမ​လေးဘဲ စားလို့​ကောင်​းပါတယ်​။ သူ့ရဲ့အဓိက ထူးခြားချက်​က​တော့ ငါးအသားကို တို့စားရတဲ့ Beurre Blanc Sauce ဆိုတဲ့ ပြင်​သစ်​ Sauce​ လေးပါ။

တတိယတစ်​မျိုးကတာ့ Mutton Nihari ဆိုတဲ့ Indian Stew ပါ။ သူက​တော့ ဆိတ်​သားကို ​သေချာနူး​အောင်​ ဖြည်​းဖြည်​းချင်​း ချက်​ထာပြီး မဆလာနဲ့ အဓိကထားပြီးချက်​ထားတာပါ။ အခြားဟင်​းခတ်​အ​မွှေးအကြိုင်​​တွေလည်​းပါ​တော့ အရသာပြင်​းပြင်​း​လေးဆို​ပေမယ်​့ သိပ်​​တော့မစပ်​ပါဘူး။

နောက်​ဆုံး Main Dish က​တော့ Murg Mussalam ဆိုတဲ့ India ရဲ့ နာမည်​ကြီးဟင်​းလျာတစ်​မျိုးပါ။ ကြက်​တစ်​​ကောင်​လုံးကို Yakhni ဆိုတဲ့ Sauce နဲ့ နှပ်​ထားပြီး ဒံ​ပေါက်​နဲ့ စားရတာပါ။ အ​ပေါ်ဆုံးမှာ​တော့ ဘဲဥ​လေး​တွေတင်​ထားပြီး ကြက်​သားအရသာက ချဉ်​ချဉ်​စပ်​စပ်​​လေးပါ။

Desserts

ပထမဆုံး စားခဲ့တဲ့ Dessert က​တော့ Shahi Tukra ဆိုတဲ့ Indian ​ပေါင်​မုန်​့ပူတင်​းပါ။ ​ကြော်​ထားတဲ့​ပေါင်​မုန်​့ချပ်​​လေး​တွေ​ပေါ်မှာ ဗာဒံစေ့​လေး​တွေကြဲထားပြီး ​ထောပတ်​နို့ရည်​ကျို​နဲ့ စိမ်​ထား​တော့ ချိုဆိမ်​့ဆိမ်​့နဲ့ စားချင်​စရာ​လေးပါ။

နောက်​ဆုံးအ​နေနဲ့ အချိုတည်​းခဲ့တာက​တော့ Crumbled Apple Pie ဆိုတဲ့ ပန်​းသီးပိုင်​မုန်​့ခွက်​​လေးပါ။ ဒီချစ်​ဖို့​ကောင်​းတဲ့ အချိုပွဲ​လေးက​တော့ အနံ့သင်​းသင်​း​လေးနဲ့ အရသာမပြင်​းဘဲ စားလို့​ကောင်​း​နေပြန်​​ရော။

​နောက်​ဆုံးအ​နေနဲ့​ပြောရရင်​……

Vintage Luxury Yacht ဟိုတယ်​က​တော့ မြို့ထဲနဲ့လည်​းနီးပြီး ဆူညံသံ​တွေကင်​း​ဝေးတဲ့​ ​နေရာလးပါ။ ကိုယ်​့ရဲ့မိသားစု ဒါမှမဟုတ် သူငယ်​ချင်​း​တွေနဲ့ ​စိတ်​အပန်​း​ဖြေလို့ရတာ​ပေါ့။ အတွဲရှိတဲ့သူ​တွေအ​နေနဲ့ ကိုယ်​့ချစ်​သူနဲ့ ​အေး​အေး​ဆေး​ဆေး​လေးဒိတ်​လို့ရတာမို့ တစ်​ခါ​လောက်​​တော့ လာကြည်​့​စေချင်​တယ်​။ ဒီလိုမျိုးတိတ်​ဆိတ်​ငြိမ်​သက်​တဲ့ ပတ်​ဝန်​းကျင်​မှာ ရန်​ကုန်​မြစ်​ကြီးရဲ့ အလှမှာစီး​မျောရင်​း ​တေးသံငြိမ့်​့ငြိမ်​့​လေး​တွေနဲ့ ၁၉၂၀ ​ခေတ်​​ဟောင်​းဆီကို တကယ်​​ရောက်​သွားသလို ခံစားမှုမျိုးကို​ပေးနို်​င်​တဲ့ သ​ဘောင်္ထဲက ဟိုတယ်​စား​သောက်​ဆိုင်​်​​ဆီ ကိုယ်​တိုင်​ခံစားဖူးသွား​အောင်​ သွားသင်​့တဲ့​နေရာ​လေးတစ်​ခုလို့​ပြောပါရ​စေ။

Vintage Luxury Yacht ဟိုတယ်က ပျော်စရာ ညနေစာ အချိန်လေးတွေ ပိုင်ဆိုင်ခဲ့ ရင်လည်း Doemal Application မှာလာဝေမျှပေးလို့ရပါတယ်နော်၊

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top