Lifestyle

ႏွစ္သစ္ကူးညမွာ မိသားစုလုိက္လုပ္စားသင့္တဲ့ အစားအစာမ်ား

နှစ်ဟောင်းတွေကုန်လို့ နှစ်သစ်ကူးဖို့သိပ်မလိုတော့ပါဘူးနော်။ ရုံးပိတ်ရက်တွေ ကျောင်းပိိတ်ရက်တွေလည်း လာတော့မှာမို့နယ်ဝေးက မိသားစုတွေပြန်ဆုံ ကြတော့မှာ အသေအချာပါပဲ ။ မိသားစုစုံစုံလင်လင်နဲ့ နှစ်သစ်ကူးညကို ဖြတ်သန်းရတာ ပျော်စရာကောင်းမှာ အမှန်ပါပဲ။ မိသားစုလို့ပြောတဲ့့နေရာမှာ ကိုယ်ချစ်သူခင်သူတွေက ကိုယ့်ရဲ့ မိသားစုပါပဲ။ ကိုယ့်ဘဝကို နွေးထွေးမှုပေးနိုင်တဲ့ သူတွေဟာ ကိုယ့်မိသားစုတွေပါပဲ။ မိသားစုတွေဆုံရင် စားဝိုင်းလေးတစ်ဝိုင်းကဖြစ်မြဲပဲလေ။ စားဝိုင်းထဲမှာ ဘာချက်သင့််လည်း ဆိုတာ အောက်မှာ ဆက်ကြည့်လိုက်တော့နော်။

မိသားစုတွေစုံရင် ဟော့ပေါ့ချက်ရင်အကောင်းဆုံးပါပဲ။

နောက်ပိုင်း တော်တော်များများ စားလာကြတဲ့ ဟော့ပေါ့ဟာတော့ လူအများကြားထဲမှာ တော်တော်လေးခေတ်စားလာပါတယ် ။ အမယ်စုံ အသားစုံထည့်စားလို့ရတော့ အကြိုက်မတူသူတွေစုနေတဲ့ မိသားစုဆို အတော်ပါပဲ ။ နောက်ပြီး ဘီယာလေးနဲ့ မြည်းပြီး စားရင်လည်း လိုက်ဖက်ပါတယ်။


သက်သက်လွတ်တုတ်ထိုးအစုံလေးလည်းကောင်းတယ်နော်။

အသားတု၊ တို့ဟူး၊ ပဲပြား၊ ပဲသွေး၊ အာလူး အစရှိတဲ့ သက်သက်လွတ်တုတ်ထိုး အစုံလေးတွေလုပ်စားတာကလည်း နှစ်သစ်ကူးညအတွက် တော်တော်လေး သင့်တော်ပါတယ်။

တရုတ်အစားအစာချက်စားလည်းရတာပဲ။

မြန်မာနိုင်ငံဟာ တရုတ်အစားအစာရဲ့ လွှမ်းမိုးမှုကို တော်တော်လေးခံရပါတယ်။ လူတိုင်းနီးပါးကလည်း နှစ်ခြိုက်စွာ စားသုုံးကြပါတယ်။ ကျွန်မတို့နေ့စဉ် အစားအစာတွေထဲမှာတောင်မှ တရုတ်အစားအစာလေးတွေပါဝင်နေတတ်ပါတယ်။ ဆောင်းညအေးအေးလေးမှာ ချိူချဉ်ကြော်လေး ၊ ကုန်းဘောင်ကြီးကြော်ပူပူလေးနဲ့ တရုတ်ထမင်းကြော်လေးတို့ဟာ အလွန်လိုက်ဖက်ပါတယ်။

အကင်မျိူးစုံဆိုလည်း ဝိုင်လေးနဲ့ လိုက်ဖက်တာပဲလေ။

ဝုုိင်လေးသောက်ပြီး ငါးကင်လေးစားရတာက တကယ်အရသာရှိမှာပါနော်။ အသီးအရွက် အကင်လေးတွေလည်းကောင်းပါတယ်။ ရုံးပတီသီးကင်တို့ နှစ်တစ်ရာဥကင်တို့ဆို တော်တော်လေးစားကောင်းမှာပါ။ အသားထဲမှာဆိုရင်တော့ တီလားဘီယားငါး ၊ ကြက်သားနဲ့ ဝက်နံရိုးကင်တွေကတော့ လူကြိုက်များပြီး ညစာစားပွဲတွေ အတွက် သင့်တော်ပါတယ်။

မြန်မာ့ရိုးရာ အစားအစာတွေလည်း ချန်ထားလို့မရဖူးနော်။

မြန်မာ့ရိုးရာ အစားအစာတွေလည်းမေ့လို့မရတဲ့ အစားအသောက်တွေထဲမှာပါပါတယ်နော်။ နှစ်သစ်ကူးညလေးမှာ မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတုုိ့ ချက်စားတာက အလုပ်များပေမဲ့ မိသားစုတူတူ တက်ညီလက်ညီ ချက်စားရင် ပျော်စရာကြီးပါ ။ အသုပ်စုံလေးတွေလည်း အဆင်ပြေတာပဲ။

မြန်မာဆန်ဆန်အကြော်စုံလေးလည်း မိသားစုလိုက် စကားပြောရင်းစားလို့ရပါတယ်။

စကားလေးပြောရင်းနဲ့ မိသားစုလိုက် စားရသောက်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ အကြော်စုံက အကုန်အကျလည်းသက်သာပြီး ကြော်ရင်းနဲ့ ပူပူလေးနှိုက်စားလို့ ကောင်းပါတယ်။


မိသားစုတွေ နှစ်သစ်ကူးရောက်လို့ ဆုံတွေ့ကြပြီဆို ကျွန်မတို့ ဒိုးမယ်ရဲ့ ဒီဆောင်းပါးလေးကို အပြေးလေး သတိရလိုက်ပါ ။ ဘာချက်စားရမလည်းဆိုပြီး ခေါင်းစားခံမနေကြပါနဲ့ ။ခေါင်းစားနေရင် အချိန်ကုန်ပါတယ် ။ ဒိုးမယ် ကိုသာလာပြီး ဖတ်ရှူလိုက်ပါ ။

 


ချက်စားဖို့ အရမ်းပျင်းနေတယ် ဆိုရင်လည်းအဆင်ပြေပါတယ် ။ကျွန်မတို့ရဲ့ ဒိုးမယ် Application ကနေပြီးတော့ များစွာသောဆိုင်တွေကို ရွေးချယ်ပြီး မှာယူစားသုံးကာ နှစ်သစ်ကူးညလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလို့ရပါတယ် ။
ကဲ ပရိသတ်ကြီးတို့ရေ ပျော်စရာ နှစ်သစ်ကူးလေးပါ။

[Unicode]

ႏွစ္ေဟာင္းေတြကုန္လုိ႕ ႏွစ္သစ္ကူးဖုိ႔သိပ္မလုိေတာ့ပါဘူးေနာ္။ ရုံးပိတ္ရက္ေတြ ေက်ာင္းပိိတ္ရက္ေတြလည္း လာေတာ့မွာမုိ႔နယ္ေဝးက မိသားစုေတြျပန္ဆုံ ၾကေတာ့မွာ အေသအခ်ာပါပဲ ။ မိသားစုစုံစုံလင္လင္နဲ႔ ႏွစ္သစ္ကူးညကုိ ျဖတ္သန္းရတာ ေပ်ာ္စရာေကာင္းမွာ အမွန္ပါပဲ။ မိသားစုလုိ႔ေျပာတဲ့့ေနရာမွာ ကိုယ္ခ်စ္သူခင္သူေတြက ကိုယ့္ရဲ႕ မိသားစုပါပဲ။ ကုိယ့္ဘဝကုိ ေႏြးေထြးမႈေပးႏုိင္တဲ့ သူေတြဟာ ကုိယ့္မိသားစုေတြပါပဲ။ မိသားစုေတြဆုံရင္ စားဝုိင္းေလးတစ္ဝုိင္းကျဖစ္ျမဲပဲေလ။ စားဝုိင္းထဲမွာ ဘာခ်က္သင့္္လည္း ဆုိတာ ေအာက္မွာ ဆက္ၾကည့္လုိက္ေတာ့ေနာ္။

 

မိသားစုေတြစုံရင္ ေဟာ့ေပါ့ခ်က္ရင္အေကာင္းဆုံးပါပဲ။

ေနာက္ပုိင္း ေတာ္ေတာ္မ်ားမ်ား စားလာၾကတဲ့ ေဟာ့ေပါ့ဟာေတာ့ လူအမ်ားၾကားထဲမွာ ေတာ္ေတာ္ေလးေခတ္စားလာပါတယ္ ။ အမယ္စုံ အသားစုံထည့္စားလုိ႔ရေတာ့ အၾကိဳက္မတူသူေတြစုေနတဲ့ မိသားစုဆုိ အေတာ္ပါပဲ ။ ေနာက္ျပီး ဘီယာေလးနဲ႔ ျမည္းျပီး စားရင္လည္း လိုက္ဖက္ပါတယ္။

သက္သက္လြတ္တုတ္ထုိးအစုံေလးလည္းေကာင္းတယ္ေနာ္။

အသားတု၊ တို႔ဟူး၊ ပဲျပား၊ ပဲေသြး၊ အာလူး အစရွိတဲ့ သက္သက္လြတ္တုတ္ထိုး အစုံေလးေတြလုပ္စားတာကလည္း ႏွစ္သစ္ကူးညအတြက္ ေတာ္ေတာ္ေလး သင့္ေတာ္ပါတယ္။

တရုတ္အစားအစာခ်က္စားလည္းရတာပဲ။

ျမန္မာနုိင္ငံဟာ တရုတ္အစားအစာရဲ႕ လႊမ္းမုိးမႈကုိ ေတာ္ေတာ္ေလးခံရပါတယ္။ လူတိုင္းနီးပါးကလည္း ႏွစ္ျခိဳက္စြာ စားသုုံးၾကပါတယ္။ ကၽြန္မတို႔ေန႔စဥ္ အစားအစာေတြထဲမွာေတာင္မွ တရုတ္အစားအစာေလးေတြပါဝင္ေနတတ္ပါတယ္။ ေဆာင္းညေအးေအးေလးမွာ ခ်ိဴခ်ဥ္ေၾကာ္ေလး ၊ ကုန္းေဘာင္ၾကီးေၾကာ္ပူပူေလးနဲ႔ တရုတ္ထမင္းေၾကာ္ေလးတုိ႔ဟာ အလြန္လုိက္ဖက္ပါတယ္။

အကင္မ်ိဴးစုံဆုိလည္း ဝုိင္ေလးနဲ႔ လုိက္ဖက္တာပဲေလ။

ဝုုိင္ေလးေသာက္ျပီး ငါးကင္ေလးစားရတာက တကယ္အရသာရွိမွာပါေနာ္။ အသီးအရြက္ အကင္ေလးေတြလည္းေကာင္းပါတယ္။ ရုံးပတီသီးကင္တုိ႔ ႏွစ္တစ္ရာဥကင္တို႔ဆုိ  ေတာ္ေတာ္ေလးစားေကာင္းမွာပါ။ အသားထဲမွာဆုိရင္ေတာ့ တီလားဘီယားငါး ၊ ၾကက္သားနဲ႔ ဝက္နံရုိးကင္ေတြကေတာ့ လူၾကိဳက္မ်ားျပီး ညစာစားပြဲေတြ အတြက္ သင့္ေတာ္ပါတယ္။

 

ျမန္မာ့ရုိးရာ အစားအစာေတြလည္း ခ်န္ထားလို႔မရဖူးေနာ္။

ျမန္မာ့ရုိးရာ အစားအစာေတြလည္းေမ့လုိ႔မရတဲ့ အစားအေသာက္ေတြထဲမွာပါပါတယ္ေနာ္။ ႏွစ္သစ္ကူးညေလးမွာ မုန္႔ဟင္းခါးတုိ႔ အုန္းနုိ႔ေခါက္ဆြဲတုုိ႔ ခ်က္စားတာက အလုပ္မ်ားေပမဲ့ မိသားစုတူတူ တက္ညီလက္ညီ ခ်က္စားရင္ ေပ်ာ္စရာၾကီးပါ ။ အသုပ္စုံေလးေတြလည္း အဆင္ေျပတာပဲ။

ျမန္မာဆန္ဆန္အေၾကာ္စုံေလးလည္း မိသားစုလုိက္ စကားေျပာရင္းစားလုိ႔ရပါတယ္။

စကားေလးေျပာရင္းနဲ႔ မိသားစုလုိက္ စားရေသာက္ရတာလည္း ေပ်ာ္ဖို႔ေကာင္းပါတယ္။  အေၾကာ္စုံက အကုန္အက်လည္းသက္သာျပီး ေၾကာ္ရင္းနဲ႔ ပူပူေလးနွိုက္စားလုိ႔ ေကာင္းပါတယ္။

မိသားစုေတြ ႏွစ္သစ္ကူးေရာက္လုိ႔ ဆုံေတြ႕ၾကျပီဆုိ ကၽြန္မတို႔ ဒုိးမယ္ရဲ႕ ဒီေဆာင္းပါးေလးကုိ အေျပးေလး သတိရလုိက္ပါ ။  ဘာခ်က္စားရမလည္းဆုိျပီး ေခါင္းစားခံမေနၾကပါနဲ႔ ။ေခါင္းစားေနရင္ အခ်ိန္ကုန္ပါတယ္ ။ ဒုိးမယ္ ကိုသာလာျပီး ဖတ္ရွဴလုိက္ပါ ။

ခ်က္စားဖို႔ အရမ္းပ်င္းေနတယ္ ဆုိရင္လည္းအဆင္ေျပပါတယ္ ။ကၽြန္မတို႔ရဲ႕ ဒုိးမယ္ Application ကေနျပီးေတာ့ မ်ားစြာေသာဆုိင္ေတြကုိ ေရြးခ်ယ္ျပီး မွာယူစားသုံးကာ ႏွစ္သစ္ကူးညေလးကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕  ျဖတ္သန္းလုိ႔ရပါတယ္ ။

ကဲ ပရိသတ္ၾကီးတို႔ေရ ေပ်ာ္စရာ ႏွစ္သစ္ကူးေလးပါ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top