Lifestyle

ၾကည့္ျမင္တုိင္ ညေစ်းရဲ႕ အရသာရွိတဲ့ အစားအစာမ်ား

ကြည့်မြင်တိုင် ညစျေးဆိုတာ ပရိသတ်ကြီးတို့ တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ညစျေးဟာ တော်တော်လေးကြီးမားပြီးအရမ်းလည်း အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေ အပြင် စျေးဝယ်လို့လည်းအရမ်းတန်ပါတယ်။ စျေးဝယ်စရာ တွေလည်း အများကြီးရှိပါတယ်။ စျေးဝယ်ဖို့ ဆိုင်တွေလည်း အများကြီးရှိပါတယ်။

အစားအသောက်စုံချက်ကတော့ ပြောမနေပါနဲ့တော့နော်။ မုန့်ဟင်းခါးကအစ အချိူပွဲအဆုံး အကုန်ရှိပါတယ်။ ဘယ်ဆိုင်စားစား အရမ်းအရသာရှိနေတာကလည်း ငြင်းလို့ မရပါဘူး။ အခုပြောပြမဲ့ ဆိုင်လေးတွေကတော့ စျေးအတွင်း ဘက်မှာကော စျေးအပြင်ဘက်မှာကော ဆိုင်လေးတွေက ရှိကြပါတယ်။ ပထမပြောပြမဲ့ ဆိုင်လေးကတော့ စျေးနောက်ဘက်မှာရှိတဲ့ ပုဇွန်စာကြော်နဲ့ ခေါက်ဆွဲသုပ်ပါပဲ။ ကော်ပြန့်ကြော်သုပ်လေးကလည်း အကောင်းဆုံးပါပဲ။ ထမင်းချဉ်လေးနဲ့ သုပ်ထားတဲ့ ခေါက်ဆွဲသုပ်လေးရဲ့ အရသာလေးကတော့ အရမ်းကို နှစ်လိုဖွယ်ကောင်းလှပါတယ်။ ဟင်းခါးလေးကလည်း ကြာရိုးလေးနဲ့ အရမ်းကောင်းပါတယ်။ ငရုတ်ကောင်း နဲ့ ချက်ထားတဲ့ ဟင်းခါးလေးကလည်း ကျန်းမာရေးနဲ့ အရမ်းညီညွတ်ပါတယ်။ ချွေးလေးတွေထွက်ပြီး လူကုုိလန်းသွားစေတာပေါ့။ နောက်တစ်ခုကတော့ ရွှေရင််အေး၊ မုန့်လက်ဆောင်းလေးပဲ ဖြစ်ပါတယ်ရှုုင်။

စျေးအနောက်ဘက်နားမှာ ရှိပြီး အုန်းနို့ရဲ့ အရသာပြည့်ဝမှုက အရမ်းကို အီဆိမ့်နေစေမှာပါ။ နောက်ပြီး ကျောက်ကျောလေးရဲ့ အရသာရှိပုံက သူများနဲ့လုံးဝမတူဘူး။ နောက်ထပ် အကောင်းဆုံး တစ်ခုကတော့ စျေးအလယ်ထဲမှာရှိတဲ့ ဒူးရင်းမလိုင် လေးပဲဖြစ်ပါတယ်။ အရမ်းအီဆိမ့် နေပြီး ဒူးရင်းသီးကြိုက််တဲ့သူတွေ အတွက် အရမ်းစွဲသွားစေမှာဖြစ်ပါတယ်။

စျေးလေးရဲ့ အရှေ့ဘက်ကိုထွက်လိုက်ရင်တော့ အရမ်းအရသာရှိတဲ့ အအေးဆိုင်လေးကို တွေ့ရမှာပါ။ အအေးဆိုင်လေးက အရမ်းတန်ပြီးတော့ ဖျော်ရည်ကလည်း ပျစ်နှစ်ပြီး ချိူမြနေတာပါပဲ။ အထူးသဖြင့်ကတော့ ထောပတ်သီးဖျော်ရည်ပါပဲ။ ရေခဲဲကလည်း နည်းနည်းလေးမို့ လည်ချောင်းနာမှာ မပူရဘူးနော်။

စျေးရဲဲ့ အရှေ့ဘက်လေးက မုန့်လင်မယားလေးကလည်း တော်တော်လေး အဆာပြည့်ပါတယ်။ ပဲပြုတ်များများလေးနဲ့ ကြက်သွန်မိတ်လေးများများလေးနဲ့ အရမ်းစားကောင်းပါတယ်။ အဆာပြေလေးစားလို့ရပါတယ်။

နောက်ပြီးတော့ အဲ့ဒီ မုန့်လင်မယားဆိုင်လေးရဲ့မျက်စောင်းထိုးမှာရှိတဲ့ ဝက်သာတုတ်ထိုးဆိုင်လေးကတော့ လုံးဝလူကြိုက်များပါတယ်။ တော်တော်ကြီး လည်းအတုံးကြီး ပါတယ်။ စျေးကလည်းမကြီးပါဘူး။ နောက်ပြီး အချဉ်လေးကလည်း တော်တော်လေး ကောင်းပါတယ်။ စောစောတော့သွားနော်။ နောက်ကျသွားရင် အစုံမရှိတော့လို့်။ စောစောသွားရင်တော့ မျက်လုံးကအစ ရပါတယ်။ ဝက်ခြေထောက် စွပ်ပြုတ်လေးလည်းအရမ်း အရသာရှိပါတယ်။

ဒီလောက်ဆိုရင် အရမ်းကို အရသာရှိတဲ့ ဆိုင်လေးတွေကို ပြောပြပြီးပါပြီ ။ အရမ်း လည်းစုံလင်နေပါပြီ။ နောက်ဆုံးမှာချင်တာလေးကတော့ သွားရင် ပိုက်ဆံများများ ထည့်သွားနော်။ လျောက်သွားလျောက်စားရမှာမို့ပါ။

ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။

 

[Unicode]

ၾကည့္ျမင္တုိင္ ညေစ်းဆုိတာ ပရိသတ္ၾကီးတုိ႔ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္ထင္ပါတယ္။ ညေစ်းဟာ ေတာ္ေတာ္ေလးၾကီးမားျပီးအရမ္းလည္း အရသာရွိတဲ့ အစားအစာေတြ အမ်ားၾကီးရွိပါတယ္။ အဲ့ဒါေတြ အျပင္ ေစ်းဝယ္လုိ႕လည္းအရမ္းတန္ပါတယ္။ ေစ်းဝယ္စရာ ေတြလည္း အမ်ားၾကီးရွိပါတယ္။ ေစ်းဝယ္ဖုိ႔ ဆုိင္ေတြလည္း အမ်ားၾကီးရွိပါတယ္။

အစားအေသာက္စုံခ်က္ကေတာ့ ေျပာမေနပါနဲ႔ေတာ့ေနာ္။ မုန္႕ဟင္းခါးကအစ အခ်ိဴပြဲအဆုံး အကုန္ရွိပါတယ္။ ဘယ္ဆုိင္စားစား အရမ္းအရသာရွိေနတာကလည္း ျငင္းလုိ႔ မရပါဘူး။ အခုေျပာျပမဲ့ ဆိုင္ေလးေတြကေတာ့ ေစ်းအတြင္း ဘက္မွာေကာ ေစ်းအျပင္ဘက္မွာေကာ ဆုိင္ေလးေတြက ရွိၾကပါတယ္။ ပထမေျပာျပမဲ့ ဆုိင္ေလးကေတာ့ ေစ်းေနာက္ဘက္မွာရွိတဲ့ ပုဇြန္စာေၾကာ္နဲ႔ ေခါက္ဆြဲသုပ္ပါပဲ။ ေကာ္ျပန္႕ေၾကာ္သုပ္ေလးကလည္း အေကာင္းဆုံးပါပဲ။ ထမင္းခ်ဥ္ေလးနဲ႕ သုပ္ထားတဲ့ ေခါက္ဆြဲသုပ္ေလးရဲ႕ အရသာေလးကေတာ့ အရမ္းကုိ ႏွစ္လုိဖြယ္ေကာင္းလွပါတယ္။ ဟင္းခါးေလးကလည္း ၾကာရုိးေလးနဲ႕ အရမ္းေကာင္းပါတယ္။ ငရုတ္ေကာင္း နဲ႔ ခ်က္ထားတဲ့ ဟင္းခါးေလးကလည္း က်န္းမာေရးနဲ႔ အရမ္းညီညြတ္ပါတယ္။ ေခၽြးေလးေတြထြက္ျပီး လူကုုိလန္းသြားေစတာေပါ့။ ေနာက္တစ္ခုကေတာ့ ေရႊရင္္ေအး၊ မုန္႔လက္ေဆာင္းေလးပဲ ျဖစ္ပါတယ္ရွုုင္။

ေစ်းအေနာက္ဘက္နားမွာ ရွိျပီး အုန္းနုိ႔ရဲ႕ အရသာျပည့္ဝမႈက အရမ္းကုိ အီဆိမ့္ေနေစမွာပါ။ ေနာက္ျပီး ေက်ာက္ေက်ာေလးရဲ႕ အရသာရွိပုံက သူမ်ားနဲ႕လုံးဝမတူဘူး။ ေနာက္ထပ္ အေကာင္းဆုံး တစ္ခုကေတာ့ ေစ်းအလယ္ထဲမွာရွိတဲ့ ဒူးရင္းမလုိင္ ေလးပဲျဖစ္ပါတယ္။ အရမ္းအီဆိမ့္ ေနျပီး ဒူးရင္းသီးၾကဳိက္္တဲ့သူေတြ အတြက္ အရမ္းစြဲသြားေစမွာျဖစ္ပါတယ္။

ေစ်းေလးရဲ႕ အေရွ႕ဘက္ကိုထြက္လုိက္ရင္ေတာ့ အရမ္းအရသာရွိတဲ့ အေအးဆုိင္ေလးကုိ ေတြ႕ရမွာပါ။ အေအးဆုိင္ေလးက အရမ္းတန္ျပီးေတာ့ ေဖ်ာ္ရည္ကလည္း ပ်စ္ႏွစ္ျပီး ခ်ိဴျမေနတာပါပဲ။ အထူးသျဖင့္ကေတာ့ ေထာပတ္သီးေဖ်ာ္ရည္ပါပဲ။ ေရခဲဲကလည္း နည္းနည္းေလးမုိ႔ လည္ေခ်ာင္းနာမွာ မပူရဘူးေနာ္။

ေစ်းရဲဲ႕ အေရွ႕ဘက္ေလးက မုန္႕လင္မယားေလးကလည္း ေတာ္ေတာ္ေလး အဆာျပည့္ပါတယ္။ ပဲျပဳတ္မ်ားမ်ားေလးနဲ႔ ၾကက္သြန္မိတ္ေလးမ်ားမ်ားေလးနဲ႕ အရမ္းစားေကာင္းပါတယ္။ အဆာေျပေလးစားလုိ႔ရပါတယ္။

ေနာက္ျပီးေတာ့ အဲ့ဒီ မုန္႔လင္မယားဆုိင္ေလးရဲ႕မ်က္ေစာင္းထုိးမွာရွိတဲ့ ဝက္သာတုတ္ထုိးဆုိင္ေလးကေတာ့ လုံးဝလူၾကိဳက္မ်ားပါတယ္။ ေတာ္ေတာ္ၾကီး လည္းအတုံးၾကီး ပါတယ္။ ေစ်းကလည္းမၾကီးပါဘူး။ ေနာက္ျပီး အခ်ဥ္ေလးကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ေစာေစာေတာ့သြားေနာ္။ ေနာက္က်သြားရင္ အစုံမရွိေတာ့လုိ႔္။ ေစာေစာသြားရင္ေတာ့ မ်က္လုံးကအစ ရပါတယ္။ ဝက္ေျခေထာက္ စြပ္ျပဳတ္ေလးလည္းအရမ္း အရသာရွိပါတယ္။

ဒီေလာက္ဆုိရင္ အရမ္းကုိ အရသာရွိတဲ့ ဆုိင္ေလးေတြကုိ ေျပာျပျပီးပါျပီ ။ အရမ္း လည္းစုံလင္ေနပါျပီ။ ေနာက္ဆုံးမွာခ်င္တာေလးကေတာ့ သြားရင္ ပုိက္ဆံမ်ားမ်ား ထည့္သြားေနာ္။ ေလ်ာက္သြားေလ်ာက္စားရမွာမုိ႔ပါ။

ခုလို အရသာရွိတဲ့ ဆိုင္ေကာင္းေကာင္းေလးေတြက အစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့  Doemal Application ကေန မွာစားလို႕ရေနျပီဆိုတာေလးလဲ တစ္ခါထဲေျပာလိုက္ပါရေစေနာ္။ ဆိုင္သြားစားျပီးရင္လည္း ေကာင္းရင္ ျပန္လည္ေဝမွ်ေပးၾကပါဦး။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top