စားသောက်နေထိုင်နည်း

၅မိနစ်လောက် အချိန် ပေးပြီး မှန်လို ကြည်လင်တဲ့ အသားလေးရအောင် မီးဖိုးချောင်သုံး ပစ္စည်းလေး နဲ့ တွေလုပ်ကြမယ်

ဝိတ်ကျချင်တဲ့ lady လေးတို့ အတွက် ရေးပြီးပြီး ဆိုတော့
အခု အလှည့်ကျတာကတော့ မှန်လိုကြည်လင်နေတဲ့ အသားအရေလေး ရအောင် ဘယ်လို်နေထိုင်စားသောက်ကြမလဲဆိုတာပေါ့

ကဲ မိန်းကလေးတိုင်း အသားရေ ကြည်ကြည်လင်လင်လေး လိုချင်ကြတယ်မှတ်လား မှန်ကြည့်တိုင်း ကိုယ်မျက်နှာလေးပေါ်မှာ ဝက်ခြံလေးတွေ ပေါက်နေတာ မျက်နှာလေး မဲညစ်နေတာကို မြင်နေရရင် အနည်း နဲ့ အများ စိတ်မကြည်ကြတော့ဘူး ဟုတ်တယ် ဟုတ် ………… တစ်ခါတစ်လေ မိန်းကလေး ဓမ္မတာ ကိစ္စ နီးရင် မျက်နှာပေါ်ဝက်ခြံလေး ပေါက်လာတာ အတော်ဆိုးတယ် အပြင်သွားခါနီး concealer လေး လိမ်းပြီး လူမမြင်အောင် ဖုံး ဖိ ဝှက်ထားဖို့က မှန်တင်ခုံရှေ ့အချိန်ပေးရတာကလည်း အလုပ် တစ်လုပ်
အဲ့တော့ ဝက်ခြံလေးတွေလဲကင်းစင် မျက်နှာမဲကြီး ဒုက္ခက ကင်းဝေးဖို့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ တစ်နေ့ကို ၅မိနစ်လောက် အချိန်ပေးကြည့်ရုံနဲ့ တစ်ပတ်အတွင်း သိသာတယ်နော်

(၁) ကြက်သွန်ဖြူ – Garlic

အံ့သြသွားလား ကြက်သွန်ဖြူ က စားပြီးရင် ပါးစပ်နံ့တယ်လေ
သူလေးက စားရင်သာ ပါးစပ်ထဲမှာ နံ့နေပေမဲ့ သူမှာ ကောင်းကွက်လေးတွေ ရှိတယ်နော်
ကြက်သွန်ဖြူ လေးကို ထောင်း ပြီးရင် မျက်နှာကပ်တဲ့ Mask အပါးလေးပေါ်တင် ပြီး ငါးမိနစ်လောက်ထား ပြီးရင် မျက်နှာလေးကို ရေနဲ့ ပြန်ဆေး ပြီးရင် moisturizer လေး လိမ်းပြီး အိပ်မယ်ဆိုရင် အမဲစက်တွေ အမာရွက်တွေကို သိသိသားသား ပါးသွားစေတယ်နော်။ နေ့တိုင်း လုပ်လို့ရတယ်နော် ။

(၂) ဆန်ဆေးရေ Rice water

ဆန်ဆေးရေလေးကလည်း အသုံးဝင်တယ်နော် မသိကြသေးဘူး မှတ်လား ဆန်ဆေးပြီးရင် ဆန်ဆေးရေလေးကို ခွက်ကလေးတ စ်လုံးနဲ့ ထည့်ထား ပြီးရင် အဲ့ ဆန်ဆေးရေလေးနဲ့ မျက်နှာသစ်
မျက်နှာက်ို အနည်းငယ် နှိပ်နယ်ပေး ပြီးရင် ရေသန့်လေးနဲ့ မျက်နှာ ပြန်သစ်ကြမယ် ဆန်ဆေးရေက ဘာအတွက်ကောင်းလဲဆိုတော့ သူ့မှာ ပါတဲ့ ဗီတာမင် တွေ သတ္ထုဓါတ် တွေက lady လေးတို့ရဲ့ skin အပေါ်ယံလွှာက dead cell တွေကို ကွာကျ စေပြီး အသားအရည်ကို တစ်ဖန်ပြန်လည်နုပျိ ု လာစေပါလိမ့်မယ

(၃) ရှောက်သီး Lemon

ရှောက်သီးလေးကိုတော့ အရည်ရွှမ်းအောင် အရင်ဆုံး လက်နဲ့ လှိမ့်ပေးသင့်ပါတယ်နော် ပြီးရင် ရှောက်သီးကို အကွင်းလေးတွေ လှီးပြီး မျက်နှာပေါ်တွေမှာ ညင်ညင် သာသာလေး ပွတ်ပေးပြီးရင် 5 မိနစ်လောက် ခဏထား ပြီးရင် ရေနွေးရုံ အနေအထားရေလေးနဲ့ မျက်နှာကို ပြန်ဆေးပေးရမယ်နော် စ,စလုပ်ချင်တော့ ရက်ဆက်လုပ်လို့ရပေမဲ့ ကြာလာရင် နေ့တိုင်း မလုပ်တော့ပဲ ၂ပတ် ၁ခါလောက်တော့ လုပ်ပေးနော်

(၄) လက်ဖက်ခြောက် ရေနွေးအိတ်လေး Green tea ice cube bag

lady လေးတို့ ရေနွေးကြမ်းလေးကို ready made လက်ဖက်ခြောက် အိတ်လေးနဲ့ သောက်ကြတယ်ဟုတ်……… အဲ့ ရေနွေးကြမ်းလေး သောက်ပြီးရင် လက်ဖက်ခြောက်တွေပါတဲ့ အိတ်ကလေးကို လွှတ်မပစ်ကြနဲ့အုန်းနော် အဲ့ဒီ လက်ဖတ်ခြောက် အိတ်လေးတွေက အသုံးဝင်တယ်နော် အဲ့ဒီ လက်ဖက်ခြောက်အိတ်လေးကို ရေခဲသေတ္တာလေးထဲ ခဲသွားအောင် နာရီဝက်လောက် ထည့်ထားလိုက်နော် ပြီးရင် အဲ့အိတ်ကလေးကို lady တို့ရဲ့ မျက်နှာပေါ်မှာ ညင်ညင်သာသာလေး ပွတ်ပေးပါ ပြီးရင် ရေ နဲ့ မျက်နှာပြန်သစ်ပေးပေါ့ ဒါကတော့ နေ့တိုင်း လုပ်လို့ရတယ်လေ လွယ်လည်း လွယ် အဆင်လည်းပြေ ရက်ဆက်လုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ မျက်နှာပေါ်က အမာရွက်လေးတွေ ပါးလာမယ်နော် အရင်အပတ်ကလည်း လက်ဖက်ရည်လေး အကြောင်း blog မှာ ပြောထားပေးတယ်နော်

(၅) အုန်းဆီ Coconut oil

အုန်းဆီက ဆံပင် အတွက်ပဲလို့ မမှတ်လိုက်နဲ့နော် သူ့မှာ တခြား အားသားချက်လေးတွေ ရှိတယ်နော် အသားအရေတွေ မွဲခြောက်ခြောက် ဖြစ်သလို ခံစားနေရရင် ညဘက်အိပ်ခါနီးလေး ငါးမိနစ်လောက် အချိန်ပေးပြီး မျက်နှာကို အုန်းဆီလေး အနည်းငယ် လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင်် မျက်နှာလေးက အသားအရေစိုစိုပြေပြေလေး ဖြစ်လာမှာနော် မျက်နှာကလည်း ပြန်သစ်စရာမလိုပဲ အိပ်ရာဝင်လို့ရတော့ အပျင်းတစ်လေးအတွက်လည်း Okay တယ်နော် ။
ကဲ …… ဒီလောက်ဆို သိပ်လည်း မပင်ပန်း အချိန်လည်း သိပ်ပေးစရာမလိုတဲ့ အလှအပရေးရာဆိုင်တဲ့ အကြောင်းလေးတွေ ပြောပေးထားတယ်နော် ဒါေ့ကြာင့် Lady လေးတို့ အားလုံးလည်း လိုက်လုပ်ပြီး Blogger လေးလို့ လှပနိုင်ကြပါစေ။

Photo Credit – www.oliverthein.com

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top