ချက်ပြုတ်နည်းများ

၃၀၀၀ ကျပ် တည်းနဲ့ ဖက်ထုပ်အဝ လုပ်စားမယ်။

wonton soup

wonton soup
ဖက်ထုပ်ပြုတ်ဆိုတာ လူကြိုက်များတဲ့ တရုတ် အစားအစာတစ်မျိုးပါ။ လုပ်ရတာ လွယ်ကူသလို စားလို့လည်းတကယ်ကောင်းပါတယ်။ ဆိုင်မှာစားရင် စားလို့ကလည်း မဝသေး၊ ပိုက်ဆံ ကုန်မှာလည်း စိုးတဲ့ သူတွေအတွက် အိမ်မှာ ၃၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖက်ထုပ်ပြုတ်အဝ လုပ်စားကြည့်ရအောင်။

wonton soup

ပါဝင်ပစ္စည်း နှင့် ကုန်ကျစရိတ်

ဖက်ထုပ်ရွက် ၂ ထုပ်- ၈၀၀ ကျပ် (၄၀၀ကျပ် x ၂)
(တစ်ထုတ်မှာ အခု ၂၀ ခန့်ပါပြီး စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။)
ကြက်သား ၂၀၀ ဂရမ် – ၁၅၀၀ ကျပ်
ကြက်ဥတစ်လုံး – ၁၅၀ ကျပ်
ကုဆိုင် ၁ စည်း – ၃၀၀ ကျပ်
ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ – ၁၀၀၀ကျပ်
ရေ

ပြုလုပ်နည်း

wonton soup

ကြက်သားကို နှုတ်နှုတ်စင်းထားပြီး ကြက်သားမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် ၄ ဇွန်းခန့် နဲ့ ရောနယ်ပါ။ ပြီးရင်တော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကုဆိုင်ကို ရောနယ်ပါ။ ဖက်ထုပ်ရွက်လေးတွေပေါ်မှာ နယ်ထားတဲ့ အသားကို ထည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်ရွက်ကို တြိဂံ ပုံစံခေါက်ပြီး ဘေးနှစ်ဖက်က ဖက်ထုပ်ရွက်ကိုလိမ်ပြီး ခေါက်ထည့်လိုက်ပါ။ အိုးတစ်လုံးထဲသို့ ရေနဲ့ ကြက်သွန်ဖြူ ကို ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင်တော့ လိပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ၅ မိနစ်ခန့်ထည့်ပြုတ်ပါ။

ဖက်ထုပ်တွေ ကျက်ပြီဆိုရင်တော့ ပုဂံလုံးထဲ ထည့်ကာ ငရုတ်ကောင်းမှုန့်၊ ဟုဆိုင်အနည်းငယ် ခတ်ကာ သုံးဆောင်နိုင်ပါပြီ။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီး အနည်းငယ်ညှပ်၊ သံပုရာသီးလေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

ဖက်ထုပ်ပြုတ်အိမ်မှာလုပ်စားဖို့အဆင်မပြေတဲ့ သူတွေအတွက် ဖက်ထုပ်ဆိုင်ကောင်းကောင်းလေးတွေကို Doemal မိုဘိုင်းအက်ပလီကေးရှင်းမှာ ရှာဖွေနိုင်ပါတယ်နော်။

1 Comment

1 Comment

  1. Paige Brasington

    September 21, 2017 at 12:21 am

    I cant read this but the pictures look really yummy!

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top