စားသောက်နေထိုင်နည်း

၀မ္းခ်ဳပ္ျခင္းအတြက္ ဘာေတြေရွာင္ၿပီး ဘာေတြစားရမလဲ

၀မ္းခ်ဳပ္တယ္ဆိုတာက ကိုယ့္ရဲ႕အူေတြလႈပ္ရွားသင့္သေလာက္ မလႈပ္ရွားတာေၾကာင့္ ျဖစ္လာတဲ့အေျခအေနတစ္ခု ျဖစ္ပါတယ္။ ခဏခဏ၀မ္းခ်ဳပ္တတ္ၾကေပမယ့္ ဘာေတြစားလို႔ဘာေတြေရွာင္ရမလဲ မသိၾကသူေတြ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ဒိုးမယ္က Foodies တို႔ကို ၀မ္းတစ္လံုးမေကာင္းလို႔ ေခါင္းမခဲရေအာင္ ေဆာင္ရန္ေရွာင္ရန္ေတြကို ေျပာျပပါမယ္။

 

ဘာတွေကိုရှောင်ကြမလဲ???

နွားနို့

ႏြားႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြဆိုတာ အဆီဓာတ္ၾကြယ္၀တာမို႔ အစာအိမ္ကေန အစာေျခရတာ အေတာ္ေလးအခ်ိန္ယူရပါတယ္။ ဒါ့ေၾကာင့္ အစာေျခတဲ့လုပ္ငန္းစဥ္ႀကီးကို ေႏွးသြားေစႏိုင္တယ္။ တစ္ခ်ိဳ႕ႏို႔ေတြမွာဆို လက္တို႔စ္လို႔ေခၚတဲ့သၾကားဓာတ္ပါ၀င္တတ္ၿပီး ဒီသၾကားေၾကာင့္ ဗိုက္နာတာ ေလပြတာေတြျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ၀မ္းခ်ဳပ္လို႔ျဖစ္လာတဲ့လကၡဏာေတြကိုေတာင္ ပိုဆိုးသြားေစႏိုင္တယ္လို႔ ဆိုပါတယ္။

 

အနီရောင်အသားများ

အမွ်င္ဓာတ္နည္းၿပီး အဆီမ်ားတဲ့ အနီေရာင္အသားေတြကလည္း အစာေျခတဲ့လုပ္ငန္းစဥ္ကို ေႏွးေစႏိုင္ပါသတဲ့။ ဒီအသားေတြမွာ ပရိုတင္းအမွ်င္ေတြပါ၀င္တာမို႔ ဒီအမွ်င္ေတြက ခႏၶာကိုယ္အတြက္ အသံုးခ်ရန္ခက္ခဲေစပါတယ္။ အနီေရာင္အသားေတြဆိုတာ အမဲသား၊ ၀က္သား၊ ဆိတ္သား စတာေတြကိုေျပာတာပါ။

 

ချိစ်

၀မ္းခ်ဳပ္ေစတဲ့ ေနာက္ထပ္အေၾကာင္းတစ္ခုကေတာ့ ခ်ိစ္ျဖစ္ပါတယ္။ ခ်ိစ္မွာ ႏို႔ရည္လိုပဲအဆီဓာတ္ေတြမ်ားတဲ့အျပင္ ေလပြေစတဲ့ လက္တို႔စ္သၾကားပါ ပါပါေသးတယ္။ ၀မ္းပံုမွန္သြားေနတဲ့သူေတြဆိုရင္ေတာ့ ခ်ိစ္တစ္ျပားႏွစ္ျပားေလာက္က ကိစၥမရွိေပမယ့္ နဂိုက၀မ္းခ်ဳပ္အခံရွိသူေတြကေတာ့ ခ်ိစ္ကိုေရွာင္ဖို႔ အႀကံေပးခ်င္ပါတယ္ေနာ္။

 

နောက်ထပ်ပြောလိုတာကတော့ ထောပတ်တို့ ခရင်မ်တို့နဲ့လည်း ဝေးဝေးသာနေပါလို့။

 

ဒါဆို ဘာတွေစားရမလဲ???

ပဲအမျိုးမျိုး

ပဲေတြမွာ အမွ်င္ဓာတ္အျပည့္ပါတယ္။ ပဲႏို႔ဆီဗူးတစ္၀က္ေလာက္ဆိုရင္ကို အမွ်င္ဓာတ္ ၁၀ ဂရမ္ေလာက္ရေနပါၿပီ။ ဒီလိုပမာဏႏႈန္းက တျခားဘယ္အစားအစာထက္မဆို ပိုမ်ားပါတယ္။ ပဲေတြမွာ ေပ်ာ္၀င္ႏိုင္တဲ့အမွ်င္ေရာ မေပ်ာ္၀င္ႏိုင္တဲ့အမွ်င္ေရာပါတာမို႔လို႔ အူထဲမွာအစာေတြျဖတ္သန္းရလြယ္ကူေစတဲ့အျပင္ ၀မ္းခ်ဳပ္တာကို သက္သာေစမွာ။

 

ကီဝီသီး

ပံုမွန္ကီ၀ီသီးတစ္လံုးမွာအမွ်င္ ၂.၅ ဂရမ္အျပင္ ဗီတာမင္နဲ႔သတၱဳဓာတ္ေပါင္းမ်ားစြာ ပါ၀င္ပါတယ္။ အူက်န္းမာေရးအျပင္ တစ္ကိုယ္လံုးက်န္းမာေရးအတြက္ပါ ေကာင္းေစတဲ့အသီးျဖစ္ပါတယ္။ ကီ၀ီဆိုတာ ဘယ္ရီသီးျဖစ္တာေၾကာင့္ အေစ့ေတြကိုပါစားလို႔ရသလို အခြံေတြကိုလည္း စားလို႔ရပါတယ္။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ အတြင္းသားပဲစားၾကတယ္။

 

ကန်စွန်းဥ

ကန္စြန္းဥေတြမွာ ၀မ္းခ်ဳပ္တာကိုသက္သာေစၿပီး ထပ္မျဖစ္ေအာင္ကာကြယ္ေပးမယ့္ အမွ်င္ဓာတ္ေတြ ေပါေပါမ်ားမ်ား ပါပါတယ္။ ကန္စြန္းဥစားမယ္ဆို အခံြကိုခြာမပစ္ပါနဲ႔။ အခြံမွာ အမွ်င္ေတြအမ်ားဆံုးပါတာမို႔ပါ။

 

ခွံမာသီးနှင့် အစေ့အဆံများ

အဲလ္မြန္ေစ့နဲ႔ သစ္ၾကားသီးေစ့ေတြမွာ တျခားခံြမာသီးေတြထက္ အမွ်င္ဓာတ္ပိုၾကြယ္၀ပါတယ္။ အဲလ္မြန္ေစ့တစ္ေအာင္စမွာ အမွ်င္ ၃.၅ ဂရမ္ပါၿပီး သစ္ၾကားသီးေစ့တစ္ေအာင္စမွာ ၁.၉ ဂရမ္ပါတယ္လို႔ဆိုပါတယ္။ ေနာက္ စားလို႔ရတဲ့အေစ့ေတြဆိုတာကလည္း ၀မ္းခ်ဳပ္တာကိုသက္သာေစမယ့္ အမွ်င္ၾကြယ္အစားအစာေတြပါပဲ။ ဒါေၾကာင့္ အမွ်င္မ်ားေအာင္စီမံထားတဲ့ အသုပ္ပလုတ္ေတြမွာ အေစ့အဆန္ေတြကို ျဖဴးၿပီးသာ ကၽြတ္ကၽြတ္၀ါးလိုက္ပါေနာ္။

 

အဲ့ေတာ့ ၀မ္းခ်ဳပ္တာနဲ႔ပါတ္သတ္ရင္ ကိုယ္စားမယ့္အထဲမွာ အမွ်င္ဓာတ္မ်ားတာေတြထပ္ထည့္ဖို႔ပဲ အေရးႀကီးပါတယ္။ ဒါေပမယ့္လို႔ ဒီလိုမွန္မွန္ကန္ကန္စားေနတာေတာင္မွ ၀မ္းခ်ဳပ္တာသက္သာမလာဘူးဆိုရင္ေတာ့ ေရာဂါအတိအက်ရွာႏုိင္ဖို႔အတြက္ ဆရာ၀န္နဲ႔သာျပသေပးပါ။ ၀မ္းႏုတ္ေဆးေတြနဲ႔ ကိုယ့္ဟာကိုယ္ကုသတာမ်ိဳးမလုပ္ပါနဲ႔။ အသံုးမ်ားသြားရင္ ၀မ္းႏုတ္ေဆးဆိုတာ အက်ိဳးထက္ ဆိုးက်ိဳးမ်ားႏိုင္ပါတယ္ေနာ္။

 

Writer_El’MoH

 

[Unicode]

၀မ်းချုပ်တယ်ဆိုတာက ကိုယ့်ရဲ့အူတွေလှုပ်ရှားသင့်သလောက် မလှုပ်ရှားတာကြောင့် ဖြစ်လာတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ ခဏခဏဝမ်းချုပ်တတ်ကြပေမယ့် ဘာတွေစားလို့ဘာတွေရှောင်ရမလဲ မသိကြသူတွေ ပိုများပါတယ်။ ဒါကြောင့် ဒိုးမယ်က Foodies တို့ကို ဝမ်းတစ်လုံးမကောင်းလို့ ခေါင်းမခဲရအောင် ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပါမယ်။

 

ဘာတွေကိုရှောင်ကြမလဲ???

နွားနို့

နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေဆိုတာ အဆီဓာတ်ကြွယ်ဝတာမို့ အစာအိမ်ကနေ အစာခြေရတာ အတော်လေးအချိန်ယူရပါတယ်။ ဒါ့ကြောင့် အစာခြေတဲ့လုပ်ငန်းစဉ်ကြီးကို နှေးသွားစေနိုင်တယ်။ တစ်ချို့နို့တွေမှာဆို လက်တို့စ်လို့ခေါ်တဲ့သကြားဓာတ်ပါဝင်တတ်ပြီး ဒီသကြားကြောင့် ဗိုက်နာတာ လေပွတာတွေဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်လို့ဖြစ်လာတဲ့လက္ခဏာတွေကိုတောင် ပိုဆိုးသွားစေနိုင်တယ်လို့ ဆိုပါတယ်။

 

အနီရောင်အသားများ

အမျှင်ဓာတ်နည်းပြီး အဆီများတဲ့ အနီရောင်အသားတွေကလည်း အစာခြေတဲ့လုပ်ငန်းစဉ်ကို နှေးစေနိုင်ပါသတဲ့။ ဒီအသားတွေမှာ ပရိုတင်းအမျှင်တွေပါဝင်တာမို့ ဒီအမျှင်တွေက ခန္ဓာကိုယ်အတွက် အသုံးချရန်ခက်ခဲစေပါတယ်။ အနီရောင်အသားတွေဆိုတာ အမဲသား၊ ဝက်သား၊ ဆိတ်သား စတာတွေကိုပြောတာပါ။

 

ချိစ်

ဝမ်းချုပ်စေတဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ ချိစ်ဖြစ်ပါတယ်။ ချိစ်မှာ နို့ရည်လိုပဲအဆီဓာတ်တွေများတဲ့အပြင် လေပွစေတဲ့ လက်တို့စ်သကြားပါ ပါပါသေးတယ်။ ဝမ်းပုံမှန်သွားနေတဲ့သူတွေဆိုရင်တော့ ချိစ်တစ်ပြားနှစ်ပြားလောက်က ကိစ္စမရှိပေမယ့် နဂိုကဝမ်းချုပ်အခံရှိသူတွေကတော့ ချိစ်ကိုရှောင်ဖို့ အကြံပေးချင်ပါတယ်နော်။

နောက်ထပ်ပြောလိုတာကတော့ ထောပတ်တို့ ခရင်မ်တို့နဲ့လည်း ဝေးဝေးသာနေပါလို့။

 

ဒါဆို ဘာတွေစားရမလဲ???

ပဲအမျိုးမျိုး

ပဲတွေမှာ အမျှင်ဓာတ်အပြည့်ပါတယ်။ ပဲနို့ဆီဗူးတစ်ဝက်လောက်ဆိုရင်ကို အမျှင်ဓာတ် ၁၀ ဂရမ်လောက်ရနေပါပြီ။ ဒီလိုပမာဏနှုန်းက တခြားဘယ်အစားအစာထက်မဆို ပိုများပါတယ်။ ပဲတွေမှာ ပျော်ဝင်နိုင်တဲ့အမျှင်ရော မပျော်ဝင်နိုင်တဲ့အမျှင်ရောပါတာမို့လို့ အူထဲမှာအစာတွေဖြတ်သန်းရလွယ်ကူစေတဲ့အပြင် ဝမ်းချုပ်တာကို သက်သာစေမှာ။

 

ကီဝီသီး

ပုံမှန်ကီဝီသီးတစ်လုံးမှာအမျှင် ၂.၅ ဂရမ်အပြင် ဗီတာမင်နဲ့သတ္တုဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။ အူကျန်းမာရေးအပြင် တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါ ကောင်းစေတဲ့အသီးဖြစ်ပါတယ်။ ကီဝီဆိုတာ ဘယ်ရီသီးဖြစ်တာကြောင့် အစေ့တွေကိုပါစားလို့ရသလို အခွံတွေကိုလည်း စားလို့ရပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ အတွင်းသားပဲစားကြတယ်။

 

ကန်စွန်းဥ

ကန်စွန်းဥတွေမှာ ဝမ်းချုပ်တာကိုသက်သာစေပြီး ထပ်မဖြစ်အောင်ကာကွယ်ပေးမယ့် အမျှင်ဓာတ်တွေ ပေါပေါများများ ပါပါတယ်။ ကန်စွန်းဥစားမယ်ဆို အခွံကိုခွာမပစ်ပါနဲ့။ အခွံမှာ အမျှင်တွေအများဆုံးပါတာမို့ပါ။

 

ခွံမာသီးနှင့် အစေ့အဆံများ

အဲလ်မွန်စေ့နဲ့ သစ်ကြားသီးစေ့တွေမှာ တခြားခွံမာသီးတွေထက် အမျှင်ဓာတ်ပိုကြွယ်ဝပါတယ်။ အဲလ်မွန်စေ့တစ်အောင်စမှာ အမျှင် ၃.၅ ဂရမ်ပါပြီး သစ်ကြားသီးစေ့တစ်အောင်စမှာ ၁.၉ ဂရမ်ပါတယ်လို့ဆိုပါတယ်။ နောက် စားလို့ရတဲ့အစေ့တွေဆိုတာကလည်း ဝမ်းချုပ်တာကိုသက်သာစေမယ့် အမျှင်ကြွယ်အစားအစာတွေပါပဲ။ ဒါကြောင့် အမျှင်များအောင်စီမံထားတဲ့ အသုပ်ပလုတ်တွေမှာ အစေ့အဆန်တွေကို ဖြူးပြီးသာ ကျွတ်ကျွတ်ဝါးလိုက်ပါနော်။

 

အဲ့တော့ ဝမ်းချုပ်တာနဲ့ပါတ်သတ်ရင် ကိုယ်စားမယ့်အထဲမှာ အမျှင်ဓာတ်များတာတွေထပ်ထည့်ဖို့ပဲ အရေးကြီးပါတယ်။ ဒါပေမယ့်လို့ ဒီလိုမှန်မှန်ကန်ကန်စားနေတာတောင်မှ ဝမ်းချုပ်တာသက်သာမလာဘူးဆိုရင်တော့ ရောဂါအတိအကျရှာနိုင်ဖို့အတွက် ဆရာဝန်နဲ့သာပြသပေးပါ။ ဝမ်းနုတ်ဆေးတွေနဲ့ ကိုယ့်ဟာကိုယ်ကုသတာမျိုးမလုပ်ပါနဲ့။ အသုံးများသွားရင် ဝမ်းနုတ်ဆေးဆိုတာ အကျိုးထက် ဆိုးကျိုးများနိုင်ပါတယ်နော်။

Writer_El’MoH

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top