စားသောက်နေထိုင်နည်း

၀က္ျခံအတြက္ အံ့ၾသစရာအိမ္သံုးေဆးနည္း ၇ ခု

၀က္ျခံေတြထြက္လာရင္ နာလည္းနာသလို၊ စိတ္ရႈပ္စရာလည္းေကာင္း အလွလည္းပ်က္ပါတယ္။ ဒီလိုျဖစ္လာရင္ ပိုက္ဆံကုန္လည္းသက္သာ ျမန္ျမန္လည္းသက္သာေအာင္ ေအာက္ပါနည္းေတြကို စမ္းၾကည့္ုလိုက္ပါဦး။

လက်ဖက်စိမ်းရေနွေးကြမ်း

 

လက္ဖက္စိမ္းေရေႏြးၾကမ္းမွာ ၀က္ျခံကို ကူညီတုိက္ခိုက္ေပးမယ့္ ပိုးသတ္ႏိုင္တဲ့အာနိသင္၊ ဓာတ္တိုးဆန္႔က်င္တဲ့အာနိသင္ေတြ အျပည့္ရွိပါတယ္။ လက္ဖက္စိမ္းေရေႏြးၾကမ္းကို အေအးခံထားၿပီးေနာက္ မ်က္ႏွာသစ္ေပးတာမ်ိဳး၊ ျဖစ္တဲ့ေနရာမွာ လက္ဖက္သိမ္းအိတ္ကို ကပ္ထားတာမ်ိဳး လုပ္ႏိုင္ပါတယ္။

ပျားရည်

 

ပ်ားရည္ရဲ႕ ပဋိဇီ၀အာနိသင္က ၀က္ျခံေတြကို သက္သာေစပါတယ္။ ျဖစ္ေနတဲ့ေနရာေတြကို ပ်ားရည္တစ္ဇြန္းနဲ႔လိုက္ပြတ္ေပးပါ။ ဒါမွမဟုတ္ ပ်ားရယ္ ခြက္တစ္၀က္ရယ္၊ oatmeal တစ္ခြက္ရယ္ကိုေရာၿပီး မ်က္ႏွာဖံုးအျဖစ္လုပ္ကာ မိနစ္ ၃၀ ၾကာေအာင္ ကပ္ေပးထားႏိုင္ပါတယ္။

ပူစီနံနံ

 

ပူစီနံနံရြက္က ေခၽြးေပါက္ကိုပိတ္ေစတဲ့အဆီေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ၀က္ျခံအတြက္ကိုေတာ့ ပူစီနံနံလတ္လတ္ဆတ္ဆတ္ကို ႏုတ္ႏုတ္စင္းထားတာ ၂ ဇြန္း၊ ဒိန္ခ်ဥ္နဲ႔ oatmeal ၂ ဇြန္းဆီကိုေရာပါ။ (အမႈန္ျဖစ္သြားေအာင္ Blender ကို သံုးလို႔ရပါတယ္) ၿပီးရင္ ရလာတဲ့အေရာကို မ်က္ႏွာမွာလိမ္းၿပီး ၁၀ မိနစ္ၾကာေအာင္ထားရပါမယ္။ ၁၀ မိနစ္ျပည့္ရင္ ေရနဲ႕ေဆးခ်လိုက္ရံုပါပဲ။

အက်စ်ပရင်ဆေးပြား

 

အက္စ္ပရင္မွာပါတဲ့ Salicylic acid က ၀က္ျခံကုသတဲ့ေနရာမွာ အသံုးမ်ားတဲ့ေဆးျဖစ္ပါတယ္။ အက္စ္ပရင္က ၀က္ျခံေတြကိုေျခာက္ေစၿပီး ေရာင္ရမ္းမႈကို က်ေစပါတယ္။ အက္စ္ပရင္ကို ေရနည္းနည္းနဲ႔ေခ်ၿပီး အနာအံုေဆးလုပ္တာ ဒါမွမဟုတ္ ေဆးေလးျပားကို ေရ ၂ ဇြန္းမွာေဖ်ာ္လိမ္းတာမ်ိဳး လုပ္ႏုိင္ပါတယ္။

ရှားစောင်းလက်ပက်

 

ရွားေစာင္းလက္ပက္ကိုေတာ့ အပူေလာင္တာေတြကို သက္သာေစတဲ့အာနိသင္ေၾကာင့္ လူသိမ်ားၾကပါတယ္။ သူက အနာက်က္မႈကိုအားေပးၿပီး ေရာဂါပိုးေတြကို တိုက္ထုတ္တာ၊ အမာရြတ္အျဖစ္နည္းေစတာေတြပါ လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ရွားေစာင္းပင္ကေန ဂ်ယ္ေတြကို ဇြန္းနဲ႔ျခစ္ယူလိုက္ၿပီး ၀က္ျခံရွိရာကိုလိမ္းေပးပါ။ က်န္းမာေရးစတိုးေတြကေနလည္း ဘာမွမပါတဲ့ ရွားေစာင္းလက္ပက္ဂ်ယ္ေတြ၀ယ္လို႔ရေပမယ့္လို႔ အစစ္ဟုတ္ရဲ႕လားဆိုတာေတာ့ သတိထားပါ။

သံပုရိုသီး

 

သံပရိုသီးက အေရျပားကြာေဆး၊ အေရျပားအေရာင္တင္ေဆး၊ အမာရြတ္မျဖစ္ေအာင္၊ ၀က္ျခံျပန္မေပါက္ေအာင္ လုပ္ေပးႏုိင္မယ့္ ပိုးသတ္ေဆးအျဖစ္ ျပဳလုပ္ေပးႏိုင္ပါတယ္။ မ်က္ႏွာကိုသန္႔ၿပီးတဲ့ေနာက္ သံပုရိုသီးရည္စြတ္ထားတဲ့ ဂြမ္းလံုးေလးနဲ႔ ၀က္ျခံေတြကိုလိုက္တို႔ေပးပါ။ ၿပီးသြားရင္ ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္ေပးရပါမယ္။

ချဉ်သောအစားအသောက်များ

 

ခ်ဥ္တဲ့အရာေတြျဖစ္တဲ့ သံပုရာသံပရုိသီးေတြ၊ ရွာလကာရည္ေတြက ေခၽြးေပါက္ေတြကို သန္႔ေပးႏိုင္ပါတယ္။ ဂြမ္းလံုးေလးမွာ ဒီအရည္ေတြစြတ္ၿပီး ပြတ္ေပးျခင္းက ၀က္ျခံေတြကိုတုိက္ထုတ္ႏိုင္ပါတယ္။ ၀က္ျခံရွိတဲ့ေနရာေတြကို သာသာေလးပြတ္ေပးလိုက္ရံုပါပဲ။

တစ္ခုမွာခ်င္တာက ဒီလိုနည္းေတြကို ၀က္ျခံအနည္းငယ္အတြက္သာ သံုးသင့္ပါတယ္ဗ်။ အမ်ားအျပားေပါက္ေနတာ၊ တစ္ခုခုနဲ႔မတည့္တာကေန စလာတာမ်ိဳးေတြဆိုရင္ေတာ့ အေရျပားဆရာ၀န္နဲ႔ က်က်နနျပသဖို႔သာ အႀကံျပဳလိုပါတယ္။

Writer_El’MoH

[Unicode]

၀က်ခြံတွေထွက်လာရင် နာလည်းနာသလို၊ စိတ်ရှုပ်စရာလည်းကောင်း အလှလည်းပျက်ပါတယ်။ ဒီလိုဖြစ်လာရင် ပိုက်ဆံကုန်လည်းသက်သာ မြန်မြန်လည်းသက်သာအောင် အောက်ပါနည်းတွေကို စမ်းကြည့်ုလိုက်ပါဦး။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းမှာ ဝက်ခြံကို ကူညီတိုက်ခိုက်ပေးမယ့် ပိုးသတ်နိုင်တဲ့အာနိသင်၊ ဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်တွေ အပြည့်ရှိပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို အအေးခံထားပြီးနောက် မျက်နှာသစ်ပေးတာမျိုး၊ ဖြစ်တဲ့နေရာမှာ လက်ဖက်သိမ်းအိတ်ကို ကပ်ထားတာမျိုး လုပ်နိုင်ပါတယ်။

ပျားရည်

ပျားရည်ရဲ့ ပဋိဇီဝအာနိသင်က ဝက်ခြံတွေကို သက်သာစေပါတယ်။ ဖြစ်နေတဲ့နေရာတွေကို ပျားရည်တစ်ဇွန်းနဲ့လိုက်ပွတ်ပေးပါ။ ဒါမှမဟုတ် ပျားရယ် ခွက်တစ်ဝက်ရယ်၊ oatmeal တစ်ခွက်ရယ်ကိုရောပြီး မျက်နှာဖုံးအဖြစ်လုပ်ကာ မိနစ် ၃၀ ကြာအောင် ကပ်ပေးထားနိုင်ပါတယ်။

ပူစီနံနံ

ပူစီနံနံရွက်က ချွေးပေါက်ကိုပိတ်စေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံအတွက်ကိုတော့ ပူစီနံနံလတ်လတ်ဆတ်ဆတ်ကို နုတ်နုတ်စင်းထားတာ ၂ ဇွန်း၊ ဒိန်ချဉ်နဲ့ oatmeal ၂ ဇွန်းဆီကိုရောပါ။ (အမှုန်ဖြစ်သွားအောင် Blender ကို သုံးလို့ရပါတယ်) ပြီးရင် ရလာတဲ့အရောကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ကြာအောင်ထားရပါမယ်။ ၁၀ မိနစ်ပြည့်ရင် ရေနဲ့ဆေးချလိုက်ရုံပါပဲ။

အက်စ်ပရင်ဆေးပြား

အက်စ်ပရင်မှာပါတဲ့ Salicylic acid က ဝက်ခြံကုသတဲ့နေရာမှာ အသုံးများတဲ့ဆေးဖြစ်ပါတယ်။ အက်စ်ပရင်က ဝက်ခြံတွေကိုခြောက်စေပြီး ရောင်ရမ်းမှုကို ကျစေပါတယ်။ အက်စ်ပရင်ကို ရေနည်းနည်းနဲ့ချေပြီး အနာအုံဆေးလုပ်တာ ဒါမှမဟုတ် ဆေးလေးပြားကို ရေ ၂ ဇွန်းမှာဖျော်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကိုတော့ အပူလောင်တာတွေကို သက်သာစေတဲ့အာနိသင်ကြောင့် လူသိများကြပါတယ်။ သူက အနာကျက်မှုကိုအားပေးပြီး ရောဂါပိုးတွေကို တိုက်ထုတ်တာ၊ အမာရွတ်အဖြစ်နည်းစေတာတွေပါ လုပ်ဆောင်ပေးနိုင်ပါတယ်။ ရှားစောင်းပင်ကနေ ဂျယ်တွေကို ဇွန်းနဲ့ခြစ်ယူလိုက်ပြီး ဝက်ခြံရှိရာကိုလိမ်းပေးပါ။ ကျန်းမာရေးစတိုးတွေကနေလည်း ဘာမှမပါတဲ့ ရှားစောင်းလက်ပက်ဂျယ်တွေဝယ်လို့ရပေမယ့်လို့ အစစ်ဟုတ်ရဲ့လားဆိုတာတော့ သတိထားပါ။

သံပုရိုသီး

သံပရိုသီးက အရေပြားကွာဆေး၊ အရေပြားအရောင်တင်ဆေး၊ အမာရွတ်မဖြစ်အောင်၊ ဝက်ခြံပြန်မပေါက်အောင် လုပ်ပေးနိုင်မယ့် ပိုးသတ်ဆေးအဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ မျက်နှာကိုသန့်ပြီးတဲ့နောက် သံပုရိုသီးရည်စွတ်ထားတဲ့ ဂွမ်းလုံးလေးနဲ့ ဝက်ခြံတွေကိုလိုက်တို့ပေးပါ။ ပြီးသွားရင် ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးရပါမယ်။

ချဉ်သောအစားအသောက်များ

ချဉ်တဲ့အရာတွေဖြစ်တဲ့ သံပုရာသံပရိုသီးတွေ၊ ရှာလကာရည်တွေက ချွေးပေါက်တွေကို သန့်ပေးနိုင်ပါတယ်။ ဂွမ်းလုံးလေးမှာ ဒီအရည်တွေစွတ်ပြီး ပွတ်ပေးခြင်းက ဝက်ခြံတွေကိုတိုက်ထုတ်နိုင်ပါတယ်။ ဝက်ခြံရှိတဲ့နေရာတွေကို သာသာလေးပွတ်ပေးလိုက်ရုံပါပဲ။

တစ်ခုမှာချင်တာက ဒီလိုနည်းတွေကို ဝက်ခြံအနည်းငယ်အတွက်သာ သုံးသင့်ပါတယ်ဗျ။ အများအပြားပေါက်နေတာ၊ တစ်ခုခုနဲ့မတည့်တာကနေ စလာတာမျိုးတွေဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ကျကျနနပြသဖို့သာ အကြံပြုလိုပါတယ်။

Writer_El’MoH

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top