Lifestyle
မြန်မာ့ပထမဆုံး အစားအသောက်လမ်းညွှန် အပ်ပလီကေးရှင်း
[Unicode]
ဒီတစ်ခေါက်တော့ အစားအသောက်တွေကို မှာလို့ရတဲ့အပြင် point တွေစုပြီးပြန်သုံးလို့လည်းရ၊ အစားသောက် Review တွေ၊ လမ်းညွှန်တွေနဲ့ ဟင်းချက်နည်းတွေ ပါဖတ်လို့ ရနိုင်တဲ့ App လေးတစ်ခုကို ညွှန်းပေးချင်လို့ပါ။
ဒါကတော့ Doemal ဆိုတဲ့ App ကလေးပဲ ဖြစ်ပါတယ်။ နေ့လည်နေ့ခင်း ရုံးမှာဗိုက်ဆာတဲ့အခါ၊ ညဘက် ဗိုက်ဆာတဲ့အခါ အပြင်လည်းထွက်လို့အဆင်မပြေ ဗိုက်ကလည်းဆာနေပြီဆိုရင်တော့ Doemal APP ကနေ မှာလို့ရပါတယ်။ ဆိုင်တွေကို စိတ်ကြိုက်ရွေးပြီးမှာနိုင်တာမို့ အပြင်ထွက်စရာမလိုပဲ အေးဆေး စားလို့ရပြီပေ့ါ။
ဆိုင်တွေကအတော်လေးကိုများတဲ့အပြင် ဆိုင်တွေနဲ့ပတ်သတ်တဲ့ အညွှန်းတွေ၊ အကြံပြုချက်တွေကိုပါ သီးသန့် တောင်းလို့လည်းရပါသေးတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ တူရာဆိုင်လိပ်စာတွေကို စုထားပေးတဲ့ ပို့စ်တွေလည်းရှိတာမို့ ဆိုင်လိပ်စာတွေကို ပင်ပင်ပန်းပန်းရှာဖို့မလိုတော့ပါဘူးနော်။
ဒါ့အပြင် APPအသုံးပြုသူတွေထဲမှာ အစားအသောက်ကြိုက်တဲ့ Foodie လေးတွေလည်းရှိနေတာမို့ အတွေ့အကြုံတွေ၊ စားသောက်ဆိုင်တွေအကြောင်းကို ဝေမျှပေးလို့ရပါသေးတယ်။ နောက်ပြီး Doemal APP ထဲမှာတင်ထားတဲ့ Post လေးတွေကို Like , Share , Comment တွေပေးရင်းနဲ့ Doemal Dinga လေးတွေရယူပြီး Doemal ရဲ့ Patner ဆိုင်တွေမှာ ပြန်သုံးလို့ရပါသေးတယ်နော်။
ဒါ့အပြင် Doemal App ကလည်း Facebook မှာလို Check In တင်လို့ရတာမို့ ပျော်စရာလည်းကောင်းပါသေးတယ်။ ပထမဆုံးအနေနဲ ့ Doemal App ကို ဒေါင်းလိုက်ပြီဆိုရင် Login တောင်းပါလိမ့်မယ်၊ Login ကတော့ facebook အကောင့်ရှိတဲ့လူတိုင်း Continue လုပ်ပြီးဆက်သွားလိုက်ပါ။ အပေါင်းခလုပ်ကိုနှိပ်လိုက်ပြီဆိုတာနဲ ့ ကိုယ်နဲ ့အနီးစပ်ဆုံးဆိုင်တွေကိုပြပေးထားပါလိမ့်မယ်။ Check In လုပ်လို်က်ပြီဆိုတာနဲ ့ရပါပြီ။
Domal နဲ ့ချိတ်ဆက်ထားတဲ့ Rebate Redeem သုံးလို ့ရတဲ့ဆိုင်တွေမှာ သင့် ကျသင့်ငွေရဲ့ ရာခိုင်နှုန်းတစ်ချို ့ကို Check In တင်လို ့ရတဲ့ Point တွေ နဲ ့ရှင်းလို ့ရမှာဖြစ်ပါတယ်။ Check In တစ်ခါတင်ရင် Domal မှ point တစ်ချို ့ကို သင့်ရဲ့ Domal Account User Profile ထဲသို ့ point တွေထပ်တိုးပေးသွားမှာပါ။ အဲ့ဒီ point တွေကတော့ Donuts point တွေဖြစ်ပြီး Donuts ကနေမှ DM Dinga ကိုတိုက်ရိုက်အပြောင်းအလဲလုပ်လို ့ရမှာဖြစ်ပါတယ်။
App ကိုတော့ အောက်ကပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ဆွဲလို့ ရပါတယ်နော်။
Download Here : https://bit.ly/2XuRig6
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top