Lifestyle

ျမည္းစမ္းသင့္တဲ့ ေကာင္းနိုးရာရာ ထိုင္းအစားအစာမ်ား

သင်ဟာ ထိုင်းအစာအစာကို နှစ်သက်သူတစ်ယောက်ဆိုရင်တော့ မဖြစ်မနေ မြည်းစမ်းသင့်တဲ့ ထိုင်းအစားအစာတွေကို သိဖို့လိုတာပေါ့နော့။ ဒီတော့ ဘယ်လို ထိုင်းအစားအစာမျိုးက ထင်ရှားပြီး လူကြိုက်များလို့ စားသင့်တယ်ဆိုတာလေးကို ညွှန်းပေးလိုက်ပါရစေနော်။

တုံယမ်း (ပုစွန်ချဉ်စပ်)

ထိုင်းအစားအစာဆိုတာနဲ့ တုံယမ်းအရသာကို ပြေးသတိရကြမှာပေါ့။ ရှောက်ရွက်မွှေးမွှွေးလေးနဲ့ ငရုတ်သီး၊ သံပုရာရည်၊ ငံပြာရည်၊ စတဲ့ အမယ်စုံကို ရောစပ်ထားတဲ့ ထိုင်းရဲ့ ဂန္ဓဝင် ဟင်းချိုတစ်မျိုးလည်းဖြစ်ပါသေးတယ်နော်။ လတ်ဆပ်တဲ့ ပုစွန်၊ ကောက်ရိုးမှိုတွေပါ ထည့်ထားသေးတာမို့ ခန္ဓာကိုယ်အတွက် အားတိုးစေမှာလည်းအမှန်ပဲပေါ့။ ဒါကြောင့် ထိုင်းအစားစာကို မြည်းစမ်းချင်မိတယ်ဆိုရင်တော့ ဒီလိုထိုင်းနိုင်ငံရဲ့ လူသိများဟင်းလျာဖြစ်တဲ့ ပူစပ်စပ် တုံယမ်းဟင်းချိုလေးကို မှာစားဖို့ မမေ့ပါနဲ့ဦးလို့။

ဆွန်တန် (သဘောင်္သီးထောင်း)

ဒီအမယ်ကတော့ ထိုင်းမြောက်ပိုင်းမှာအစားများတဲ့ အစားအစာပါ။ တစ်လုပ်စားရုံနဲ့ သင့်ရဲ့လက်ကို မရပ်နိုင်တော့တဲ့အထိ စွမ်းပါတယ်လို့ ထိုင်းတွေ တင်စားရတဲ့ အမယ်ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပဲသီးတောင့်ရှည်၊ ခရမ်းချဉ်သီးအသေးလေးတွေနဲ့ ခြစ်ထားတဲ့သဘောင်္သီးစိမ်းတွေကို အစပ်ဟပ်တည့်တည့် ချိုချိုချဉ်ချဉ် စပ်စပ်လေးဖြစ်အောင်ထောင်းထားတဲ့ အရသာကို တစ်ခါစားရုံနဲ့ တစ်သက်မေ့နိုင်တော့မယ် မထင်ပါဘူးနော်။ ပုစွန်ခြောက်နဲ့ မြေပဲထောင်းတို့ ရောထားတဲ့အတွဲအစပ်ကလည်း သင့်ကို အံ့သြဖွယ်အရသာ

ထူးတွေ ပေးစမ်းနိုင်တာမို့ မြည်းစမ်းသင့်ပါတယ်လို့။

တုံခါခိုခ် (ကြက်သား အုန်းနို့ဟင်းရည်)

ယိုးဒယားတွေဟာ ဟင်းထဲမှာ အုန်းနို့်ထည့်သုံးလေ့ရှိပါတယ်။ ဒီ ဟင်းရည်ကလည်း တုံယမ်းဟင်းချိုလိုပါပဲ။ ငရုတ်သီး၊ သစ်ဂျပိုးခေါက်၊ ရှောက်ရွက်နဲ့ ကြက်သားတို့ပါတဲ့ ဟင်းရည်ကိုမှ အုန်းနို့နဲ့ နှပ်ပြီးချက်တာဖြစ်ပါတယ်။ နောက်ဆုံး သံပုရာသီးညှစ်ထည့်လိုက်တဲ့အခါ အုန်းနို့ရဲ့ ချိုချိုအီအီ အနံ့လေးနဲ့ ခပ်ပြစ်ပြစ်ဟင်းရည်ကို စားသုံးလို့ရပါပြီ။ ကဲ စမ်းမှာစားကြည့်ဖို့ မမေ့နဲ့ဦး။

ပတ်ထိုင်း (ထိုင်းခေါက်ဆွဲကြော်)

ဒီအစားအစာကတော့ ထိုင်းမှာရှိတဲ့ ကိတ်မြို့ကနေ ကာအိုစန် လမ်းတစ်လျှောက်ရောင်းတဲ့ အမယ်ကနေမှ နာမည်ကြော်လာတာပါ။ ခေါက်ဆွဲအလုံးကြီးကြီးကိုမှ ပဲပင်ပေါက်၊ ကြက်သွန်၊ ကြက်ဥတို့နဲ့ ရောကြော်ပြီး ထိုင်းအရသာဆန်ဆန် ချိုချဉ်စပ်လေး ချက်ထားတာပါ။ ငံပြာရည်၊ သကြား၊ ငရုတ်သီးမှုန့်တို့ပါဝင်ထားတဲ့ ပတ်ထိုင်းက သင့်တစ်နေ့တာကို နို်းကြားတက်ကြွနေစေမှာအမှန်ပါ။

ဖက်ကဖောင် ဝက်သား

ဒီဟင်းလျာကလည်း ထိုင်းအစားအသောက်တွေထဲမှာ နေလည်စာနဲ့ ညစာကောင်းအဖြစ် နာမည်ကြော်ပါတယ်။ ပင်စိမ်း၊ ဝက်သားကို အချိုးညီညီကြော်ထားတဲ့ ထိုင်းဟင်းလျာပါ။ ငရုတ်သီးဝက်သား၊ ပဲတောင့်၊ ပဲဆော့နဲ့ သကြားအနည်းငယ်ကို ခပ်စပ်စပ်လေး ရောကြော်ပြီး ထမင်းပေါ်တစ်ခါတည်း အုပ်ထားပေး တာမို့ တစ်ပန်းကန်တည်းနဲ့ ပြီးတဲ့ နေ့လည်စာလို့လည်း လူသိကြပါသေးတယ်။ ဝက်သားရဲ့ အဆီတွေနဲ့ ထမင်းရဲ့ အရသာပေါင်းလိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ ဟင်းတစ်ခွက်ဖြစ်ပါပြီ၊ ကြက်ဥကြော်ကိုအပေါ်က တင်လိုက်ရင်တော့ ထိုင်းနိုင်ငံသားတွေ အစားများတဲ့ ဖက်ကဖောင်ရပါပြီနော်။ ဖက်ကဖောင်ကို မြန်မာလိုဘာသာပြန်ရင်တော့ နည်းနည်းစပ်တယ်လို့ အဓိပ္ပာယ်ရပါတယ်တဲ့။

ခုလို အရသာရှိတဲ့ ထိုင်းအစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ထဲက ထိုင်းဆိုင်ကောင်းကောင်းလေးတွေကနေ Order မှာစားလို့ရေနေပြီဆိုတဲ့ အကြောင်းကိုလဲ တစ်ခါတည်းပြောလိုက်ပါရစေ။

[Unicode]

သင္ဟာ ထုိင္းအစာအစာကို ႏွစ္သက္သူတစ္ေယာက္ဆိုရင္ေတာ့ မျဖစ္မေန ျမည္းစမ္းသင့္တဲ့ ထိုင္းအစားအစာေတြကို သိဖို႔လိုတာေပါ့ေနာ့။ ဒီေတာ့ ဘယ္လို ထိုင္းအစားအစာမ်ိဳးက ထင္ရွားၿပီး လူႀကိဳက္မ်ားလို႔ စားသင့္တယ္ဆိုတာေလးကို ညႊန္းေပးလိုက္ပါရေစေနာ္။

တံုယမ္း (ပုစြန္ခ်ဥ္စပ္)

ထိုင္းအစားအစာဆိုတာနဲ႔ တံုယမ္းအရသာကို ေျပးသတိရၾကမွာေပါ့။ ေရွာက္ရြက္ေမႊးေမႊြးေလးနဲ႕ ငရုတ္သီး၊ သံပုရာရည္၊ ငံျပာရည္၊ စတဲ့ အမယ္စံုကို ေရာစပ္ထားတဲ့ ထိုင္းရဲ႕ ဂႏၶဝင္ ဟင္းခ်ိဳတစ္မ်ိဳးလည္းျဖစ္ပါေသးတယ္ေနာ္။ လတ္ဆပ္တဲ့ ပုစြန္၊ ေကာက္ရိုးမႈိေတြပါ ထည့္ထားေသးတာမို႔ ခႏၶာကိုယ္အတြက္ အားတိုးေစမွာလည္းအမွန္ပဲေပါ့။ ဒါေၾကာင့္ ထုိင္းအစားစာကို ျမည္းစမ္းခ်င္မိတယ္ဆိုရင္ေတာ့ ဒီလိုထိုင္းႏုိင္ငံရဲ႕ လူသိမ်ားဟင္းလ်ာျဖစ္တဲ့ ပူစပ္စပ္ တံုယမ္းဟင္းခ်ိဳေလးကို မွာစားဖို႔ မေမ့ပါနဲ႕ဦးလို႔။

ဆြန္တန္ (သေဘာၤသီးေထာင္း)

ဒီအမယ္ကေတာ့ ထိုင္းေျမာက္ပိုင္းမွာအစားမ်ားတဲ့ အစားအစာပါ။ တစ္လုပ္စားရံုနဲ႕ သင့္ရဲ႕လက္ကို မရပ္ႏုိင္ေတာ့တဲ့အထိ စြမ္းပါတယ္လို႔ ထုိင္းေတြ တင္စားရတဲ့ အမယ္ျဖစ္ပါတယ္။ ၾကက္သြန္ျဖဴ၊ ငရုတ္သီး၊ ပဲသီးေတာင့္ရွည္၊ ခရမ္းခ်ဥ္သီးအေသးေလးေတြနဲ႕ ျခစ္ထားတဲ့သေဘာၤသီးစိမ္းေတြကို အစပ္ဟပ္တည့္တည့္ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ စပ္စပ္ေလးျဖစ္ေအာင္ေထာင္းထားတဲ့ အရသာကို တစ္ခါစားရံုနဲ႕ တစ္သက္ေမ့ႏုိင္ေတာ့မယ္ မထင္ပါဘူးေနာ္။ ပုစြန္ေျခာက္နဲ႕ ေျမပဲေထာင္းတို႔ ေရာထားတဲ့အတြဲအစပ္ကလည္း သင့္ကို အံ့ၾသဖြယ္အရသာ ထူးေတြ ေပးစမ္းႏုိင္တာမို႔ ျမည္းစမ္းသင့္ပါတယ္လို႔။

တံုခါခိုခ္ (ၾကက္သား အုန္းႏို႔ဟင္းရည္)

ယိုးဒယားေတြဟာ ဟင္းထဲမွာ အုန္းႏုိ္႕ထည့္သံုးေလ့ရွိပါတယ္။ ဒီ ဟင္းရည္ကလည္း တံုယမ္းဟင္းခ်ိဳလိုပါပဲ။ ငရုတ္သီး၊ သစ္ဂ်ပိုးေခါက္၊ ေရွာက္ရြက္နဲ႕ ၾကက္သားတို႔ပါတဲ့ ဟင္းရည္ကိုမွ အုန္းႏို႔နဲ႕ ႏွပ္ၿပီးခ်က္တာျဖစ္ပါတယ္။ ေနာက္ဆံုး သံပုရာသီးညွစ္ထည့္လိုက္တဲ့အခါ အုန္းႏုိ႔ရဲ႕ ခ်ိဳခ်ိဳအီအီ အနံ႕ေလးနဲ႕ ခပ္ျပစ္ျပစ္ဟင္းရည္ကို စားသံုးလို႔ရပါၿပီ။ ကဲ စမ္းမွာစားၾကည့္ဖို႔ မေမ့နဲ႕ဦး။

ပတ္ထိုင္း (ထုိင္းေခါက္ဆြဲေၾကာ္)

ဒီအစားအစာကေတာ့ ထိုင္းမွာရွိတဲ့  ကိတ္ၿမိဳ႕ကေန ကာအိုစန္ လမ္းတစ္ေလွ်ာက္ေရာင္းတဲ့ အမယ္ကေနမွ နာမည္ေၾကာ္လာတာပါ။ ေခါက္ဆြဲအလံုးႀကီးႀကီးကိုမွ ပဲပင္ေပါက္၊ ၾကက္သြန္၊ ၾကက္ဥတို႔နဲ႕ ေရာေၾကာ္ၿပီး ထုိင္းအရသာဆန္ဆန္ ခ်ိဳခ်ဥ္စပ္ေလး ခ်က္ထားတာပါ။ ငံျပာရည္၊ သၾကား၊ ငရုတ္သီးမႈန္႕တို႔ပါဝင္ထားတဲ့ ပတ္ထိုင္းက သင့္တစ္ေန႕တာကို ႏုိ္းၾကားတက္ၾကြေနေစမွာအမွန္ပါ။

ဖက္ကေဖာင္ ဝက္သား

ဒီဟင္းလ်ာကလည္း ထုိင္းအစားအေသာက္ေတြထဲမွာ ေနလည္စာနဲ႕ ညစာေကာင္းအျဖစ္ နာမည္ေၾကာ္ပါတယ္။ ပင္စိမ္း၊ ဝက္သားကို အခ်ိဳးညီညီေၾကာ္ထားတဲ့ ထိုင္းဟင္းလ်ာပါ။ ငရုတ္သီးဝက္သား၊ ပဲေတာင့္၊ ပဲေဆာ့နဲ႕ သၾကားအနည္းငယ္ကို ခပ္စပ္စပ္ေလး ေရာေၾကာ္ၿပီး ထမင္းေပၚတစ္ခါတည္း အုပ္ထားေပး တာမို႔ တစ္ပန္းကန္တည္းနဲ႕ ၿပီးတဲ့ ေန႕လည္စာလို႔လည္း လူသိၾကပါေသးတယ္။ ဝက္သားရဲ႕ အဆီေတြနဲ႕ ထမင္းရဲ႕ အရသာေပါင္းလိုက္တဲ့အခါ ၿပီးျပည့္စံုတဲ့ ဟင္းတစ္ခြက္ျဖစ္ပါၿပီ၊ ၾကက္ဥေၾကာ္ကိုအေပၚက တင္လိုက္ရင္ေတာ့ ထုိင္းႏဳိင္ငံသားေတြ အစားမ်ားတဲ့ ဖက္ကေဖာင္ရပါၿပီေနာ္။ ဖက္ကေဖာင္ကို ျမန္မာလိုဘာသာျပန္ရင္ေတာ့ နည္းနည္းစပ္တယ္လို႔ အဓိပၸာယ္ရပါတယ္တဲ့။

ခုလို အရသာရွိတဲ့ ထိုင္းအစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application ထဲက ထိုင္းဆိုင္ေကာင္းေကာင္းေလးေတြကေန Order မွာစားလို႕ရေေနျပီဆိုတဲ့ အေၾကာင္းကိုလဲ တစ္ခါတည္းေျပာလိုက္ပါရေစ။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top