Uncategorized
နွေရာသီကျောင်းပိတ်ရက်မှာ ဘယ်ဆိုင်လေးတွေ ထိုင်ကြမလဲ?
နွေရာသီလည်းရောက်ပြီ ကျောင်းလည်းပိတ်ပြီ။ ရန်ကုန်မြို့ကလည်းအကျယ်ကြီးပဲနော်။
ဆယ်ကျော်သက်တွေ အနေနဲ့ ဖေဖေမေမေတို့ကညဘက်အပြင်ပေးမထွက်ဘူး။
သူငယ်ချင်းတွေနဲ့လည်း အပြင်ကိုနေ့ဘက် အပြင်ထွက်ချင်တယ်။
ဘယ်ကိုလည်းသွားရမှန်းမသိရင် ဒီဆောင်းပါးကိုသာဖတ်လိုက်ပါတော့နော်။
ရန်ကုန်ရဲ့ လည်လည်ထွက်ရင်း စားသောက်ဖို့ကောင်းတဲ့ ဆိုင်လေးတွေထဲမှာ စာရေးသူ အနေနဲ့ ရှေ့တန်းတင််ပြောရမယ်ဆိုရင် ကန်တော်ကြီး မျှော်စင်ကျွန်းထဲက စကောထမင်းဆိုင်ကနေစပြီးပြောပါမယ်။
မျှော်စင်ကျွန်းထဲမှ စကောထမင်းဆိုင်
ဒီနေရာကို ညွှန်းရတဲ့ ပထမဆုံးအချက်က အဖွဲ့လိုက် စုပြီး စားလို့ရလို့ပါပဲ။ အသားဟင်း ဆန်းဆန်းလေးတွေ အပြင် အမြဲပြောင်းလဲနေတဲ့ အရံဟင်းချိူအရသာတွေက ပရိသတ်ကြီးကို နေ့တိုင်းလာချင်အောင် စွဲဆောင်မှာပါ။ နောက်ပြီးကန်တော်ကြီးထဲမှာလည်ပတ်ရင်း နောက်တစ်ဆိုင်ကိုရွေ့လို့ရတယ်လေ။ နောက်တစ်ဆိုင်ကဘယ်ဆိုင်လည်းအောက်မှာဆက်ကြည့်လိုက်ရအောင်နော်။
Bus Café
နားအေးပါးအေးလေး ဘတ်စ်ကားပေါ်မှာထိုင်ပြီး ကော်ဖီသောက်ကြမယ်လေ။ အေးအေးဆေးဆေး ဟိုအကြောင်းဒီအကြောင်းပြော ရေပြင်ကြီးကိုကြည့်ရင်း သဘာဝအလှအပတွေကိုပါ ခံစားလို့ရတာပေါ့နော်။
အင်းဝ Book Café
စာအုပ်ဖတ်တတ်တဲ့ သူငယ်ချင်းတွေ အတွက်ကတော့ နိဗ္ဖာန်ဘုံပါပဲ။ မြန်မာပလာဇာ ဒုတိယထပ်မှာ တည်ရှိပြီးတော့ ဒီဆိုင်ကကော်ဖီလေးတွေကသောက်လို့ တော်တော်လေးကောင်းပါတယ်။ စာရေးသူကတော့ အမြဲ ရိုးရိုးကော်ဖီပဲ သောက်လေ့ရှိပါတယ်။
Junction City Food Court
Junction City မှာရှိတဲ့ Food Courtကလည်း သူငယ်ချင်းတွေ စုပြီးသွားထိုင်သင့်ပါတယ်။ အင်ဒိုနီးရှား အစားအစာဆိုင်နဲ့ အသီးဖျော်ရည်ဆိုင် တို့ကို မြည်းစမ်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ စားပြီးသောက်ပြီး စျေးပတ်ဝယ်လို့ ရသလို အောက်ဆုံးထပ်က ဗိုလ်ချူပ်စျေးသစ်ကိုလည်း လည်ပတ်လို့ရပါတယ်။
သန်လျင်က ပွင့် မြန်မာထမင်းဆိုင်
အိမ်လက်ရာအတိုင်း အထူးအဆန်း ဟင်းလေးတွေ စားချင်ရင်တော့ ဒီဆိုုင်ကိုသွားပါ။
သန်လျင််မြို့ ကမ်းနားလမ်းပေါ်မှာ တည်ရှိပြီး အသားဟင်း အထူးအဆန်းလေးတွေရပါတယ်။ ဥပမာ တောဝက်သားဟင်းတို့ ဆတ်သားဟင်းတို့ ရပါတယ်။ သူငယ်ချင််းအပေါင်းအသင်းတွေ ကားလေးစုငှား သန်လျင်ကိုလည်ပတ်ရင်း စားလို့သောက်လို့ရပါတယ်။
Dr.Kitchen
တောင််ဥက္ကလာ သစ္စာလမ်းမ စာတိုက်မှတ်တိုင်အနီးမှာရှိပြီး ဖွင့်ထားတာသိပ်မကြာသေးပါဖူး ။ ဒီဆိုင်ကို အကြံပြုရတာကတော့ စျေးသက်သာပြီး တန်တဲ့ အပြင် ဆီအရမ်းသန့်ပါတယ်။ ဆယ်ကျော်သက်လေးတို့ အတွက် ကျန်းမာစေတာပေါ့နော်။ သွားစားဖြစ်ရင် ဝက်ဂုတ်သားကြော်နဲ့ ထမင်းဆီစမ်းလေးကို မြည်းစမ်းကြည့်ဖို့ မှာလိုက်ပါရစေ။
ကဲ အခုလောက်ဆိုရင် သွားစရာနေရာလေးတွေ တော်တော်များနေပါပြီ။
နောက်ဆက်လက်ပြီး ဘယ်တွေသွားခိုင််းဦးမလဲဆိုတာတော့ နောက်တစ်ပတ်မှာ စောင့်ကြည့်ဖတ်ရှူကြပါဦးနော်လို့။
ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။
[Unicode]
ရန်ကုန်ရဲ့ လည်လည်ထွက်ရင်း စားသောက်ဖို့ကောင်းတဲ့ ဆိုင်လေးတွေထဲမှာ စာရေးသူ အနေနဲ့ ရှေ့တန်းတင်ပြောရမယ်ဆိုရင် ကန်တော်ကြီး မျှော်စင်ကျွန်းထဲက စကောထမင်းဆိုင်ကနေစပြီးပြောပါမယ်။
Bus Café
အင်းဝ Book Café
အိမ်လက်ရာအတိုင်း အထူးအဆန်း ဟင်းလေးတွေ စားချင်ရင်တော့ ဒီဆိုင်ကိုသွားပါ။
Dr.Kitchen
နောက်ဆက်လက်ပြီး ဘယ်တွေသွားခိုင်းဦးမလဲဆိုတာတော့ နောက်တစ်ပတ်မှာ စောင့်ကြည့်ဖတ်ရှူကြပါဦးနော်လို့။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top