Lifestyle

ေျခေထာက္ဝဲစားတာကို မီးဖိုေခ်ာင္သံုးပစၥည္းေတြနဲ႕ဘယ္လို ကုသၾကမလဲ

ဆရာဝန်တွေက ဝဲစားတယ်လို့ ခေါ်တဲ့ ယားယံနေတဲ့အသားအရည်ဟာ သင့်တစ်နေ့တာရဲ့ သက်တောင့်သက်သာရှိမှုကို ဖျက်ဆီးတတ်ပါတယ်။ ကံကောင်းစွာနဲ့ ပဲ အိမ်တွင်းကုထုံးတွေနဲ့ ဝဲစားတာကို ကုသလို့ရတဲ့ သဘာဝနည်းတွေရှိနေတာမို့ ဖော်ပြပေးလိုက်ပါတယ်။

 

မန်သော်အဆီကို အသုံးပြုခြင်း

မန်သော်ဆီဆိုတာကတော့ ပူစီနံရွက်ကနေ တစ်ဆင့် ထုတ်ထားတဲ့ အေးမြတဲ့ ဓါတ်ပေါင်းတစ်ခုပါ။ မန်သော်ဟာ ယားယံတာနဲ့ နာကျင်တာကိုသက်သာစေတာကြောင့် ဝဲစားနေတဲ့အပေါ်ကိုသုတ်လိမ်းပေးလိုက် တာနဲ့ သက်သာသွားစေမှာပါ။ ၂၀၁၂ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုအရ မန်သော်အဆီဟာ ဝဲစားနေတဲ့အသားအရည်တွေကိုကုသတဲ့နေရာမှာ အထိရောက်ဆုံးနဲ့အသက်သာဆုံးလို့သိရပါတယ်။

အေးအောင်ထားပြီးကုသခြင်း

အမေရိကန်ဆေးပညာအကယ်ဒမီအဖွဲ့ရဲ့ အကြံပြုချက်အရ ယားယံနေတဲ့အသားအရည်ကို ရေခဲ၊ အဝတ်စိုနဲ့ ရေခဲကြပ်ထုတ် ၁ဝမိနစ်ခန့်ထိုးပေးသင့်တယ်လို့သိရပါတယ်။ အေးမြခြင်းဟာ ယားယံနေတဲ့အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။ ရေခဲနဲ့ကြပ်ထုတ်မထိုးချင်ရင် ရေဓါတ်ပါတဲ့ ခရင်လ်တစ်ခုခုကို ရေခဲသေတ္တာထဲထည့်ထားပြီးလိုးရှင်းလိုသုံးလို့လည်းရပါတယ်။ အေးမြခြင်းရဲ့ အကျိုးသက်ရောက်မှုကတော့ အရည်ပြားပေါ်က ယားနာတွေကို မြန်မြန်လျော့ကျစေမှာပါပဲ။

အဝတ်စိုကိုကြပ်ထုတ်ထိုးကုသခြင်း

WWTလို့ခေါ်တဲ့ အဝတ်စိုကုထုံးကတော့ ရေထဲစိမ်ထားတဲ့ ရေစုပ်အားကောင်းတဲ့အဝတ်ကို ခွဲစိတ်ခန်းဝင်သလို ယားနာအပေါ်မှာ ဖြန့်ပြီး ထားပေးရမှာပဲဖြစ်ပါတယ်။ ဒီကုထုံးက အသားအရည်ကို ရုပ်ပိုင်းဆိုင်ရာအရ ပြန်လည်စိုပြေစေသလို ယားယံခြင်းကိုလည်းမြန်မြန်လျော့ကျစေတာမို့ ကလေးတွေအတွက်လည်း အသုံးဝင်ပါတယ်။

အဟာရ အုတ်ဂျုံအဖတ်များအုံပေးခြင်း

အဟာရအတွက်နို့နဲ့တွဲစားလေ့ရှိတဲ့ အုတ်ဂျုံအဖတ်တွေဟာ ယားယံခြင်းကိုသက်သာစေပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ အနာတွေကို ကုသပေးနိုင်ပါတယ်။ အုတ်အဖတ်တွေကို ရေနဲ့စွတ်ပြီး ဝဲဖြစ်နေတဲ့ အရည်ပြားပေါ်မှာ အုံပြီးကပ်ပေးလိုက်ရုံပါပဲ။ အနာမှာရှိတဲ့ စိုစွတ်နေတဲ့ အရည်တွေကို အုတ်အဖတ်တွေက စုတ်ယူပေးပြီး ယားယံတာတွေကိုလည်း ချက်ခြင်းယူပစ်လိုက်သလို ကုစားပေးမှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာ အက်တစ်အက်ဆစ်ပါဝင်ပြီး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပန်းသီးရှာလကာရည်ကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ပန်းသီးရှာလကာရည်ဟာ မီးလောင်နာ တွေ၊ ကုတ်ခြင်းကြောင့်ဖြစ်တဲ့ ယားယံတာတွေကိုသက်သာစေပါတယ်။ သွေးထွက်နေတဲ့အရည်ပြားပေါ်ကို တော့ ပန်းသီးရှာလကာရည်မလိမ်းမိအောင်သတိထားပါမယ်။

မုန့်ဖုတ်ဆိုဒါ

သုတေသနပြုချက်တွေအရ မုန့်ဖုတ်ဆိုဒါဟာလည်း မှိုကြောင့်ဖြစ်တဲ့ ယားယံနေတဲ့ အရည်ပြားနာတွေကိုကုစား ပေးနိုင်တယ်လို့ သိရပါတယ်။ မုန့်ဖုတ်ဆိုဒါခွက်သုံးပုံတစ်ပုံကို ရေနွေးနွေးလေးရောပြီး ယားနာပေါ်လို သွားတိုက်ဆေးလူးသလို လူးပေးရမှာပဲဖြစ်ပါတယ်။

ဆရာဝန္ေတြက ဝဲစားတယ္လို႔ ေခၚတဲ့ ယားယံေနတဲ့အသားအရည္ဟာ သင့္တစ္ေန႕တာရဲ႕ သက္ေတာင့္သက္သာရွိမႈကို ဖ်က္ဆီးတတ္ပါတယ္။ ကံေကာင္းစြာနဲ႕ ပဲ အိမ္တြင္းကုထံုးေတြနဲ႕ ဝဲစားတာကို ကုသလို႔ရတဲ့ သဘာဝနည္းေတြရွိေနတာမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

မန္ေသာ္အဆီကို အသံုးျပဳျခင္း

မန္ေသာ္ဆီဆိုတာကေတာ့ ပူစီနံရြက္ကေန တစ္ဆင့္ ထုတ္ထားတဲ့ ေအးျမတဲ့ ဓါတ္ေပါင္းတစ္ခုပါ။ မန္ေသာ္ဟာ ယားယံတာနဲ႕ နာက်င္တာကိုသက္သာေစတာေၾကာင့္ ဝဲစားေနတဲ့အေပၚကိုသုတ္လိမ္းေပးလိုက္ တာနဲ႕ သက္သာသြားေစမွာပါ။ ၂၀၁၂ခုႏွစ္မွာျပဳလုပ္ခဲ့တဲ့ ေလ့လာဆန္းစစ္မႈတစ္ခုအရ မန္ေသာ္အဆီဟာ ဝဲစားေနတဲ့အသားအရည္ေတြကိုကုသတဲ့ေနရာမွာ အထိေရာက္ဆံုးနဲ႕အသက္သာဆံုးလို႔သိရပါတယ္။

ေအးေအာင္ထားၿပီးကုသျခင္း

အေမရိကန္ေဆးပညာအကယ္ဒမီအဖြဲ႕ရဲ႕ အႀကံျပဳခ်က္အရ ယားယံေနတဲ့အသားအရည္ကို ေရခဲ၊ အဝတ္စိုနဲ႕ ေရခဲၾကပ္ထုတ္ ၁၀မိနစ္ခန္႔ထိုးေပးသင့္တယ္လို႔သိရပါတယ္။ ေအးျမျခင္းဟာ ယားယံေနတဲ့အေရျပားေပၚက ဆဲလ္ေသေတြကိုဖယ္ရွားေပးပါတယ္။ ေရခဲနဲ႕ၾကပ္ထုတ္မထိုးခ်င္ရင္ ေရဓါတ္ပါတဲ့ ခရင္လ္တစ္ခုခုကို ေရခဲေသတၱာထဲထည့္ထားၿပီးလိုးရွင္းလိုသံုးလို႔လည္းရပါတယ္။ ေအးျမျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈကေတာ့ အရည္ျပားေပၚက ယားနာေတြကို ျမန္ျမန္ေလ်ာ့က်ေစမွာပါပဲ။

အဝတ္စိုကိုၾကပ္ထုတ္ထိုးကုသျခင္း

WWTလို႔ေခၚတဲ့ အဝတ္စိုကုထံုးကေတာ့ ေရထဲစိမ္ထားတဲ့ ေရစုပ္အားေကာင္းတဲ့အဝတ္ကို ခြဲစိတ္ခန္းဝင္သလို ယားနာအေပၚမွာ ျဖန္႔ၿပီး ထားေပးရမွာပဲျဖစ္ပါတယ္။ ဒီကုထံုးက အသားအရည္ကို ရုပ္ပိုင္းဆိုင္ရာအရ ျပန္လည္စိုေျပေစသလို ယားယံျခင္းကိုလည္းျမန္ျမန္ေလ်ာ့က်ေစတာမို႔ ကေလးေတြအတြက္လည္း အသံုးဝင္ပါတယ္။

အဟာရ အုတ္ဂ်ံဳအဖတ္မ်ားအံုေပးျခင္း

အဟာရအတြက္ႏုိ႔နဲ႕တြဲစားေလ့ရွိတဲ့ အုတ္ဂ်ံဳအဖတ္ေတြဟာ ယားယံျခင္းကိုသက္သာေစၿပီး ေျခာက္ေျခာက္ေသြ႕ေသြ႕နဲ႕ အနာေတြကို ကုသေပးႏုိင္ပါတယ္။ အုတ္အဖတ္ေတြကို ေရနဲ႕စြတ္ၿပီး ဝဲျဖစ္ေနတဲ့ အရည္ျပားေပၚမွာ အံုၿပီးကပ္ေပးလိုက္ရံုပါပဲ။ အနာမွာရွိတဲ့ စိုစြတ္ေနတဲ့ အရည္ေတြကို အုတ္အဖတ္ေတြက စုတ္ယူေပးၿပီး ယားယံတာေတြကိုလည္း ခ်က္ျခင္းယူပစ္လိုက္သလို ကုစားေပးမွာပါ။

ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္မွာ အက္တစ္အက္ဆစ္ပါဝင္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက ပန္းသီးရွာလကာရည္ကို ပိုးသတ္ေဆးအေနနဲ႕ အသံုးျပဳခဲ့ၾကပါတယ္။ ပန္းသီးရွာလကာရည္ဟာ မီးေလာင္နာ ေတြ၊ ကုတ္ျခင္းေၾကာင့္ျဖစ္တဲ့ ယားယံတာေတြကိုသက္သာေစပါတယ္။ ေသြးထြက္ေနတဲ့အရည္ျပားေပၚကို ေတာ့ ပန္းသီးရွာလကာရည္မလိမ္းမိေအာင္သတိထားပါမယ္။

မုန္႔ဖုတ္ဆိုဒါ

သုေတသနျပဳခ်က္ေတြအရ မုန္႔ဖုတ္ဆိုဒါဟာလည္း မိႈေၾကာင့္ျဖစ္တဲ့ ယားယံေနတဲ့ အရည္ျပားနာေတြကိုကုစား ေပးႏုိင္တယ္လို႔ သိရပါတယ္။ မုန္႔ဖုတ္ဆိုဒါခြက္သံုးပံုတစ္ပံုကုိ ေရေႏြးေႏြးေလးေရာၿပီး ယားနာေပၚလို သြားတုိက္ေဆးလူးသလို လူးေပးရမွာပဲျဖစ္ပါတယ္။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top